စာအုပ်စင်

ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ

ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ

မိုးမခစာအုပ်စင်၊ ဇူလိုင် ၁၊ ၂၀၁၂

အင်တာနက်နှင့် အီးမေးများကတဆင့် လက်ခံရရှိတဲ့ “ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံဘယ်သူလဲ” အမည်နဲ့ ဆောင်းပါးကို “ဘိုးသိန်း” က ရေးသားပြီး ဖြန့်ချိလိုက်တာကို တွေ့ရပါတယ်။ ၁၉ ၆၂ ဇူလိုင်လ ၇ ရက်၊ ကျောင်းသားအရေးအခင်း နှစ် ၅၀ မြောက် ရွှေရတုအထိမ်းအမှတ် ဆောင်းပါးဖြစ်တယ်လို့ ရေးသားထားပါတယ်။

            စာမျက်နှာ ၄၅ မျက်နှာရှိတဲ့ စာတမ်းမှာ စာရေးသူဟာ အဲသည်တုန်းက အသက် အစိတ်အရွယ် ဆေးသိပ္ဗံတန်း ကျောင်းသား၊ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ယခုအချိန်မှာတော့ အသက် ၇၅ နှစ်အရွယ် ရှိတဲ့ ဆရာဝန်ကြီး တဦးဖြစ်နေပြီလို့ ရေးသားထားပါတယ်။ အာဏာရှင်ခေတ်အဆက်ဆက် ကျောင်းသားအရေးအခင်းများရဲ့ သမိုင်း၊ ကျောင်းသားသမိုင်းအတွက် အထောက်အကူဖြစ်အောင် ရေးတယ်လို့ ဆိုပါတယ်။

            သည်နေရာတွေမှာ ကူးယူ ဖတ်ရှု ဖြန့်ချိနိုင်ပါတယ်။

7th July 1962 – Student Uprising by Bo Thein


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ
  1. သမဂ္ဂ အဆောက်ဦး အပျက် ကိုသာမြင်ခဲ့ဖူးသော ၆၅ နှစ်ရွယ် ကျောင်းသားဟောင်း တယောက်အနေဖြင့် သမိုင်းမှတ်တမ်း စာတမ်းရှင်အား အထူး ကျေးဇူးတင်ပါသည် ။

  2. သမိုင်းမှတ်တမ်း စာတမ်း၇ှင်အား အထူးလေးစား ကျေးဇူးတင်၇ှိပါသည်

  3. Thank you very much, Sayar for bringing up this issue and the abstract writing behind the whole thing and the Social Environment of Rangoon University which has been vanished for 50 years.
    I would suggest all those concerned should witness and make a good history record of the Student Unions Affair of 7 July for all to know and I am sure that it will be a great help for the future generation and policy makers.
    It is a lesson learnt that all high ranking official, civil or military, should be someone who is psychologically healthy and educationally strong. It is a lesson learnt for the country.

  4. Respectfully thanks for historic and authentic events.
    a good lesson and literature for all of us.

Comments are closed.