မျက်မှောက်ရေးရာ သတင်းပဒေသာ

မြန်မာဘာသာဖြင့် ရေးထားသည့် အခြေခံဥပဒေတွင် Myanmar ဟု သုံးရန် ပြဋ္ဌာန်းထားခြင်း မရှိ



မိုးမခအထောက်တော် အမှတ် ၀၀၇
ဇွန် ၂၉၊ ၂၀၁၂

LONDON, ENGLAND - JUNE 21:  Myanmar opposition leader Aung San Suu Kyi addresses both Houses of Parliament inside Westminster Hall on June 21, 2012 in London, England. The Burmese opposition leader is on a four-day visit to the UK.
ဇွန်လ ၂၁ ရက်နေ့က ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Getty Images)

မိုးမခတွင် ယနေ့ ဖော်ပြခဲ့သည့် “တရားဥပဒေ စိုးမိုးရေး” အတွက် Burma ဟု သုံးနှုန်းခြင်း မပြုရန် ဒေါ်စုကို အာဏာပိုင်တို့ ပြောပြီ ဟူသော သတင်းနှင့် ပတ်သက်ပြီး မိုးမခ စာဖတ်သူတစ်ဦးက Facebook တွင် အောက်ပါအတိုင်းေ ထာက်ပြထားသည်။

ဖွဲ.စည်းပုံ အခြေခံဥပဒေ၁၉၄၇။၁၉၇၄။၂၀၀၈ တို့မှာ-အဓိပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။- ဟုရေးသားထားပါတယ်။

(ဒေါ်)အောင်ဆန်းစုကြည်ကမြန်မာလို မပြောခဲ့သလို သူရည်ညွန်း ပြောဆိုတာကလည်း မြန်မာနိုင်ငံဖြစ်ပါတယ်။…

BURMA လို့ရေးသားထားတဲ့ ငွေစကူမှားဟာလည်း လက်ရှိအချိန်တွင် တရားဝင်သုံးစွဲခွင့်ရှိပါတယ်။
ဂျပန်ဆိုရင်သူတို့နိုင်ငံကို နိပွန်NIPPON လို့သာခေါ်ဆိုပြီးဂျာမနီ ဆိုရင်လည်းဒွိုက်ချလန်လို့သာခေါ်ဆိုပါတယ်။

သံခင်းတမန်ခင်း လုပ်တဲ့အခါမှာProtocol အစီစဉ်အလိုက် အလည့်ကျ လုပ်ဆောင်ရတာဖြစ်ပြီး သူ့ထက်ငါ ဦးအောင် ကြိုးစားလေ့ရှိကြပါတယ်။

B ဟာ Mထက်ပိုရှေ့ကျလို့ Burma လို့ပြောင်းလဲ သုံးစွဲရင် ပိုမို သင်.လျော်မှာဖြစ်ပါကြောင်း။

မိုးမခ စာဖတ်သူ ထောက်ပြထားသည့်အတိုင်း အခြေခံဥပဒေတွင် ယင်းသို့ ဖော်ပြထားသည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “မြန်မာဘာသာဖြင့် ရေးထားသည့် အခြေခံဥပဒေတွင် Myanmar ဟု သုံးရန် ပြဋ္ဌာန်းထားခြင်း မရှိ
  1. အာဖရိကတိုက်နိုင်ငံကြီးတခု ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အာဏာရှင်မိုဘူတို အုပ်စိုးပြီး ဇိုင်ယာနိုင်ငံလို့ ပြောင်းလိုက်တယ်။ အနှစ်၃၀လောက် အုပ်စိုးပြီး အာဏာရှင်ထွက်ပြေး၊ သေဆုံးသွားတယ်။ နိုင်ငံကို ဒီမိုကရေစီသမားတွေ ဆက်အုပ်ချုပ်ပြီ အများသဘောတူညီချက်၊ လွှတ်တော်မှ ဆုံးဖြက်မှုနဲ့ မူလအမည် ဒီမိုကရက်တစ်ကွန်ဂိုလို့ ပြန်ပြောင်းလိုက်ပါတယ်။

    ကျွန်တော်တို့မြန်မာနိုင်ငံလည်း ဒီမိုကရေစီနည်းနဲ့ ရွေးကောက်အစိုးရ မတက်ခင်တော့၊ ညစ်ပတ်ချင်ရင် အသေးမွှားလေးတွေနဲ့ အနိုင်ယူချင်လည်း စိတ်ဓါတ်သိရတာပေါ့လေ..။

  2. သိပ်မှန်တယ်၊Burma ဆိုရင်အရှေ့တောင်အာရှမှာ Malaysia ထက်တောင်အပေါ်ရောက်ဦးမှာ။
    ဒေါ်အောင်ဆန်းစုကြည်ဗမာလိုမိန့်ခွန်းပြောတဲ့အချိန်မှာ ‘ဗမာ’ နိုင်ငံလို့သုံးမသွားပါဘူး၊မြန်မာနိုင်ငံလို့ဘဲ သုံးပေးရှာပါတယ်။ အင်္ဂလိပ်လိုကျတော့၊အနောက်နိုင်ငံကအတော်များများသိနေတဲ့ ‘Burma’ ကိုသုံးတာ အနောက်နိုင်ငံကလူတွေပိုသဘောပေါက်လွယ်ပါတယ်။

  3. ဘာဘဲဖြစ်ဖြစ် အာဏာရှင်တွေက သူတို့ ခေါ်ခြင်သလို ခေါ်ခိုင်းပြီး၊ ဥပဒေ တဲ့လား ? ၊ တကယ်သတ္တိရှိရင် လူထုဆီမှာ တင်ပြပြီး မဲခွဲကြည့်ပါလား။ လူထုက Myanmar ဆိုတာကိုမဲအနိုင်ပေးပြီး ကျနော်က Burma လို့ ခေါ်မိရင် ကျနော့ပါးလာရိုက်လှဲ့ ပါ၊ ပြုံးပြုံးလေးခံပြပါမယ်။ အကယ်၍ လူထုက Burma ဆိုတာကို အနိုင်ပေး ပြီးရင် အခုစာထုပ်ပြီး ချိန်းခြောက်တဲ့ အစိုးရ အရာရှိတွေ ပါးရိုက်ခံရဲ ပါသလား ? ? ? ၊ စိန်လိုက်လေ – လုပ်ရဲရင် ခံရဲတာက အရိုင်း စ ပယ်ရာလေးပါ။

  4. ရွေးကောက်ပွဲကော်မရှင်နဲ့ဌေးဦးကိုစိန်ခေါ်ချင်တာက
    ဖွဲ့စည်းပုံနဲ့ကိုင်ပြောရလောက်အောင်မင်းတို့က ဘယ်လိုပုံစံနဲ့တက်လာလည်းဆိုတာ ကိုယ်တိုင်သိမှာပါ။
    မင်းတို့သတ္တိရှိရင် စစ်မှန်တဲ့လူထုဆန္ဒခံယူပွဲ လုပ်ပြီးဆုံးဖြတ်လိုက်ပါ။ လူထုသဘောအတိုင်းအဆင်သင့်ပဲ။

  5. when khmer rouge ruled the country they changed Cambodia to Campuchar, now become Cambodia.

  6. Nobody knows the name BURMA in the world? Every body known our country as BURMA not as Myanmar.
    If you use Myanmar what is the profit you will get, nothing will be effected to you, This is very very small thing only peanut. Everywhere you go in the world almost everybody knows BURMA not Myanmar.USDPs are trying to squeeze DASSK according to their policy as usual. This is really S H I T,

  7. မြန်မာတွေဗမာတွေက အရေးမကြီးပါဘူးအရေးကြီးတာက လူတွေရဲ့စိတ်ဓါတ်တွေ၊အကျင့်တွေ၊နောက်ပြီး မူဝါဒတွေ၊စနစ်တွေပြောင်းဘို့အရေးကြီးတယ်လို့ယူဆပါတယ်၊အားလုံးကိုလေးစားပါတယ်၊ကျေးဇူတင်ပါတယ်။

Comments are closed.