သတင်းပဒေသာ

Let’s Help Rakhine – ဆန်ဖရန်ဘေးဧရိယာမှသည် ရခိုင်ပြည်သို့ ဈေးရောင်းအလှူပွဲ ဆိုင်ပေါင်း ၂၀ ကျော်ပြီ

ဆန်ဖရန်ဘေးဧရိယာမှသည် ရခိုင်ပြည်သို့ ဈေးရောင်းအလှူပွဲ ဆိုင်ပေါင်း ၂၀ ကျော်ပြီ

မိုးမခရွာဆော်ကြီး၊ ဇွန် ၂၈၊ ၂၀၁၂

လာမယ့် ဇူလိုင် ၈ ဆန်းဒေး၊ နယူးအခ် ရိပ်သာရင်ပြင်မှာ မြန်မာနဲ့ အာရှရိုးရာ စားသောက်ဖွယ်ဈေးရောင်း အလှူပွဲတော် ကျင်းပပြီး မြန်မာပြည်၊ ရခိုင်ဒေသက ဒုက္ခသည်မြန်မာပြည်သူတွေအတွက် လှူဒါန်းမယ့် အလှူရှင်ဈေးဆိုင်ပေါင်း ၂၀ ကျော် သွားပြီ ဖြစ်ပါတယ်။

ဘေးဧရိယာက မြန်မာ့အရေး အလှူလက်မနှေးသူ မြန်မာမိသားစုများ၊ စေတနာရှင်အလှူ ဈေးခင်းမည့်သူများ၊ လုပ်အားပေးစေတနာရှင်များ အားလုံး တယောက်တလက် ၀ိုင်းဝန်းကြမှာဖြစ်တဲ့အတွက် အောက်ပါ လုပ်အားပေးတာဝန်ခံများကို ဆက်သွယ်နိုင်ကြပါတယ်။

ပွဲတော်ဖြစ်မြောက်ရေး  – ဦးညွန့်သန်း၊ ဒေါ်နွေဦး၊ ဦးရှောန်၊ ဦးဂျေစင် နဲ့ ဦးကျော်သူရ 

အလှူရှင်များ ၊ စေတနာရှင်များ ဆက်သွယ်ရေး – ဦးစိန်ထွန်း၊ ဦးညွန့်သန်း၊ ဦးကျော်သူရ၊ ဒေါက်တာမောင်မောင်သော်၊ ဦးဂျေစင်နဲ့ ဒေါ်ခင်ထွေး

ဘဏ္ဍာရေးရာ – ဦးရှောန်၊ ဒေါ်နွေဦး နဲ့ ဒေါ်ခင်ထွေး

ပြန်ကြားရေးဆိုင်ရာ ဦးမောင်ရစ် တို့က ဆောင်ရွက်နေကြကြောင်း သိရပါတယ်။

အများပြည်သူ ဧည့်သည်တော်များ စိတ်ဝင်စားမယ့် စားသောက်ဖွယ်များ အားပေးလှူဒါန်းနိုင်ကြဖို့ စားဖွယ်ရာစာရင်းကို ဖော်ပြလိုက်ပါတယ်။

အစားအသောက်အလှူရှင်များ
မြန်မာနဲ့ အာရှရိုးရာ စားဖွယ်ရာများ
အလှူရှင်များ
  • 1.    ပုဇွန်ခွက်ကြော်
  • 2.    နန်းကြီးသုပ်
  • 3.    အချိုရည်၊ ရေသန့်ဘူး
  • 4.    ကြက်ဆီထမင်း
  • 5.    မုန့်လက်ကောက်ကြော်
  • 6.    ပဲပလာတာ
  • 7.    စမူဆာသုပ်
  • 8.    ရခိုင်မုန့်တီ
  • 9.    ကျောက်ကျောဖျော်ရည်
  • 10.ကြာဇံသုပ်
  • 11.ကြေးအိုးဆီချက်
  • 12.ဒံပေါက်
  • 13.ရှမ်းခေါက်ဆွဲ၊ မြီးရှည်
  • 14.ရွှေရင်အေး
  • 15.လဘက်ရည်၊ တို့ဟူးသုပ်
  • 16.ကြက်သားဆာတေး
  • 17.မုန့်ဟင်ခါး
  • 18.ကြက်သားပလာတာ
  • 19.ဖွာလူဒါ
  • 20.ပုဇွန်ချဉ်
  • 21.၀က်သားဒုတ်ထိုး
  • 22.ကြာဇံချက်
  • 23.ယိုးဒယားရိုးရာဝက်အူချောင်းကင်
  • 24.မန္တလေးပဲကြော်
  • 25.၀က်ခေါင်းသုပ်၊ သရက်ချဉ်သုပ်
  • 26.အုန်းနို့ခေါက်ဆွဲ
  • 27.သောက်ရေသန့်
  • 28.ကောက်ညင်းပေါင်း၊ မုန့်ဆီကြော်၊ ဆီထမင်း၊ ပဲပြုတ်
  • 29.မုန့်လုံးရေပေါ်
·       ကချင်ကွန်မြူနီတီ (ဆန်ဖရန်ဗေးဧရိယာ)
·       ကိုအောင်သူ၊ မ၀ါ မိသားစု
·       နွေဦး ဒိုးပတ်အဖွဲ့
·       မမေသန်းဋ္ဌေး၊ မထွေးထွေးဝင်း
·       ကိုအစန်း၊ မနယ်လီ မိသားစု
·       ဗေးဧရိယာ မြန်မာကွန်မြူနီတီစင်တာ ဖြစ်မြောက်ရေး
·       မအိပ၊ မအေးအေးအောင်
·       မီးမီးမ မိသားစု
·       ဦးကျော်လင်း၊ ဒေါ်နန်းခမ်းရွှေ
·       ရခိုင်အသင်း
·       ကိုမိန်းမိန်း
·       ကို Harry မနန်း မိသားစု
·       ဦးကျော်ရှိန်၊ ဒေါ်ကြင်ကြင်စိန် မိသားစု
·       ဦးဋ္ဌေးကျော်၊ ဒေါ်ခင်လှ မိသားစု
·       ဒေါ်ကြင်လှိုင်၊ မ Mary
·       Burmese American Catholic  Fellowship (BACF)
·       ဒေါ်မေကြည် မိသားစု
·       ဒေါ်ကြည်ကြည်ချစ် မိသားစု
·       မနီနီသော်၊ မခင်ထွေး
·       အန်တီသင်း မိသားစု
·       ကိုထွန်းနိုင် မိသားစု
·       ကိုဘိုဘို၊ မယု သူငယ်ချင်းတစု
·       မနွေဦး၊ နီလာမြင့်
·       ဦးထွန်းရွှေ၊ ဒေါ်မြင့်မြင့်ရီ၊ သမီးဟန်စုယဉ်
·       အန်တီ မေဘယ်၊ မမေမျိုးမြတ်၊ မခင်လှယဉ်၊ မစန္ဒာ
·       ဒေါ်ခင်အေးမြင့်မိသားစု
·       ကိုကျော်အုံး
·       ဒေါ်အေးသီ၊ ဒေါ်လှလှ၊ Denise နဲ့ သူငယ်ချင်းများ
·       ကိုချားလ်စ်၊ မိသားစုနဲ့ သူငယ်ချင်းများ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts