ဓာတ်ပုံသတင်း သတင်းပဒေသာ

တန်ဆောင်မုန်းလပြည့် စုပေါင်းမဟာဘုံကထိန်သင်ကန်း ကပ်လှူပူဇော်ပွဲများ မြင်ကွင်း

တန်ဆောင်မုန်းလပြည့် စုပေါင်းမဟာဘုံကထိန်သင်ကန်း ကပ်လှူပူဇော်ပွဲများ မြင်ကွင်း

မိုးမခအထောက်တော် (ကမာရွတ်)၊ နိုဝင်ဘာ ၁၆၊ ၂၀၁၃

          မြန်မာရိုးရာ ဗုဒ္ဓဘာသာဝင်တို့၏ နှစ်စဉ်ထုံးတမ်းအစဉ်အလာဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်၊ စုပေါင်းဘုံကထိန်သင်ကန်း ကပ်လှူပွဲနဲ့ ပဒေသာပင်ပွဲတော်ကို ရပ်ကွက်အလိုက်၊ ဘုန်းကြီးကျောင်းအလိုက်အပြင် စုပေါင်းအိမ်ယာများ၊ တိုက်ခန်းစုများ၊ ၀န်ထမ်းအစုအဝေးအလိုက် ပြင်ဆင်ကျင်းပကြတာကို မြင်တွေ့ရပါတယ်။

 ရပ်ကွက်အတွင်း၊ ဘုန်းကြီးကျောင်းများတွင်သာမက အနှေးယာဉ်လုပ်သားများကလည်း အများစုပေါင်းကောင်းမှုများ စုစည်းပြီး ကထိန်သင်ကန်းများ ပဒေသာပင်များ စိုက်ထူ လှူဒါန်းဖို့ ပြင်ဆင်ကြပါတယ်။ အဖွဲ့အစည်းများကတော့ ကားများပေါ် ပဒေသာပင်များ တင်ပြီး လှည့်လည်ကြတာကိုလည်း မြင်ရပါတယ်။

 

        (ဓာတ်ပုံများ – ရန်ကုန်မြို့ ရပ်ကွက်အချို့က စုပေါင်းမဟာဘုံကထိန် သင်ကန်းနဲ့ ပဒေသာပင်များ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts