အိမ်ပြန်လမ်း

ကျော်မိုး (စကားဝါမြေ)
ဇွန် ၂၂၊ ၂၀၁၂

အာဂဟဲ့ ငါလိုလူ
မာနတံခွန်ထူလို့
တဏှာပို လူ့ငဖျင်း
မသိနဲ့ ငါကြီးပြင်း …။ကိလေသာ ပိုက်ကွန်တွင်း
ပျော်မိခြင်း တို့လူ့ရွာ
သေမှာ မသိရှာတဲ့
ကန်ရေနည်း ငါးပမာ …။

စိတ်ကြီးဝင် လူနှမ်းကို
မိန့်ခြွေအစဉ် “ဗုဒ္ဓ”
လူဆိုတာ သိကြစမ်း
“အရူး” နဲ့ “အကန်း” တဲ့။

ကိုယ့်ဘဝင် အမှန်လုပ်
ထုပ်ခဲ့ကြ ပိုင်ဥစ္စာ
အိမ်ပြန်ရန် ပြင်ပုံများ
ပေါလှ “ပ ပဉ္စ” တရား။

ကိုယ်ခင်းတဲ့ “ပ ပဉ္စ” လမ်း
ဘယ်စခန်းရောက်မယ်မှန်း
သတ္တဝါမြဲနေ “အိမ်”
“ငရဲပြည်” သာရှိရဲ့။

တွေးမိတိုင်း ငါ့စိတ်စဉ်
“တင်မိုး” ကဗျာပင်ရွတ်မိ
“ဆေးလိပ်လဲတို၊ နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါလေ”

(ပ ပဉ္စတရား = တဏှာ၊ မာန၊ ဒိဌိ)
ပ ပဉ္စတရား ပယ်နိုင်ပြီး သမာဒိဌိနှင့် ပြည့်စုံကြပါစေ ….
ကဗျာဆရာဦးတင်မိုးအား ဂုဏ်ပြုရေးသားပါသည်။