ရသဆောင်းပါးစုံ

ကချင်စာကို ချစ်ပါ၊ ကချင်စာပေကို မြတ်နိုးပါ

ဒီးဒိုး
ဇွန် ၂၂၊ ၂၀၁၂
ဖေ့ဘွတ်မှာ ဖတ်လိုက်ရတဲ့ သတင်းစာအပိုင်းစလေးမှာ တိုင်းရင်းသား ဘာသာစာပေကို အစိုးရကျောင်းမှာ ကျောင်းချိန်ပြင်ပ သင်ကြားပေး တော့မယ်။ ဒါပေမယ့် အဲဒီအထဲမှာ ကချင်ဘာသာ မပါဘူး။ ဒီသတင်းပေါ်မှာ တချို့တွေက အံကြိတ်ကြ။ တချို့က ဆဲကြ။ တချို့က ကြိတ်မ နိုင်ခဲမရ။ တချို့ကလည်း ရန်ငါ စည်းပြတ်ကြပေါ့။ ကျွန်တော့်အတွက်တော့ ၀မ်းသာစရာပေါ့..။ ဘာလို့ဝမ်းသာစရာလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးမှာ ၀န်ကြီးတွေရဲ့ သဘောထားအမှန်ကို သိလို့ဘဲလို့ ဖြေရမလို။

အမှန်တော့ တိုင်းရင်းသားတွေအပေါ် လက်တဆုပ်စာ ဗမာဗိုလ်ချုပ်တွေ ဘယ်လိုသဘောထားတယ်ဆိုတာ အထွေအထူး ပြောနေဖို့ လိုနေမယ် မထင်ဘူး။ သိပြီးသား။ နောက်ဆုံး ကုန်ကုန်ပြောရရင် ကချင်ဟာ စာသင်ကျောင်းမှာသာမက မြန်မာနိုင်ငံမှာ ပြည်နယ်တခု အ နေနဲ့တောင်မပါတော့ဘူးဆိုရင်လည်း ကျွန်တော်ကတော့ လက်ခံမှာပါဘဲ။ ၀မ်းသာနေဦးမှာဘဲ။

ဒါဆိုရင် ကျွန်တော့်ကို အပြစ်တင်ကြဦးမယ်။ ခွဲထွက်ရေးသမား၊ ဖြိုခွဲရေးသမားလို့ ဆဲဆိုကြအုန်းမလား။ အမှန်တော့ မဟုတ်ပါဘူး။ ကျွန် တော်ကတော့ မြန်မာပြည်ကြီးထဲမှာ ကချင်တယောက်အနေနဲ့ ပါချင်တယ်။ မြန်မာနိုင်ငံကြီးအတွက် ကချင်တယောက်အနေနဲ့ အုတ်တချပ် သဲတပွင့်အဖြစ် ပါချင်တယ်။

ဒါပေမယ့် အတ္တကြီးကြီး၊ အာဏာဖီးဖီးနဲ့ တို့လုပ်လိုက်ရင် ဘာတတ်နိုင်မလဲလို့ ထင်ရာစိုင်းသူတွေက ပထုတ်နေမှတော့ ကျွန်တော်က လက် ခံလိုက်ယုံပါဘဲ။ ကျွန်တော်က ဘာကောင်မှမဟုတ်တာလေ။

ဘယ်လိုဘဲဖြစ်ဖြစ်၊ အစိုးရရဲ့ စေတနာဟာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လက်ခံရမှာပါဘဲ။ ဘာလို့လက်ခံရမှာလဲဆိုတော့ ဘယ်လို စကားတလုံး၊ ဘယ်လိုစာတကြောင်းဟာ ဘယ်သူ့ကို ရည်ညွှန်းဖွဲ့ဆိုသည်ဖြစ်စေ အဲဒီသူက လက်ခံမှဖြစ်တယ်။ အဲဒီသူက လက်မခံရင် ဘာအကျိုးမှ မသက်ရောက်ဘူး။ ဒါက ကျွန်တော် လက်ခံထားတဲ့အချက်ပါဘဲ။

ဒီတော့ ကချင်စာပေကိုဖြစ်စေ၊ လူမျိုးကိုဖြစ်စေ၊ ပြည်နယ်ကိုဖြစ်စေ မြန်မာနိုင်ငံမှာ ပါတယ် မပါဘူးဆိုတဲ့ ဆုံးဖြတ်ခွင့်ဟာ ကချင်အမျိုးသား တွေ လက်ထဲမှာဘဲရှိလို့ပါဘဲ။

ဘယ်သူ တစ်ဦးတစ်ယောက် အဖွဲ့အစည်းကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကချင်လူမျိုးတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ပြည်နယ်ဟာ ကချင်လူမျိုးတွေ ရဲ့လက်ထဲမှာဘဲ ရှိတယ်။ ဒါကြောင့် အစိုးရစာသင်ကျောင်းမှာ ကချင်စာမသင်ပေးလည်း ဘာမှမဖြစ်ဘူး။ စာသင်ကျောင်းရှိမှ စာသင်လို့ ရတာလဲ မဟုတ်ဘူး။ တို့တတွေမှာ အမျိုးဆိုတာရှိတယ်။ မိဘတွေ ရှိတယ်။ ညီအကို တွေရှိတယ်။ လက်တွေကို ခိုင်ခိုင်မြဲမြဲ တွဲထားကြမယ်။ တယောက်တတ်တာကို တယောက် လက်ဆင့်ကမ်းခဲ့ကြမယ်။ တို့တတွေရဲ့ ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဘာသာစကားတွေကို အစိုးရ စာ သင်ကျောင်းတွေမှာ မသင်ဘူး။ တို့တတွေရှိတဲ့နေရာမှာ တို့တတွေ သင်ယူကြမယ် လေ့လာကြမယ်။ လက်ဆင့်ကမ်းခဲ့ကြမယ်။ တို့တွေရဲ့ စာပေ ဘာသာစကားကို ရောက်တဲ့နေရာမှာ ကဗျည်းထိုးခဲ့ကြမယ်။ တို့တတွေရဲ့ အားတွေကို တင်းထားကြမယ်။ ကဲ ဘယ်လောက် ပျော်စ ရာကောင်းလဲ….။

အမှန်တကယ်ပြောရရင် အစိုးရကျောင်းကို အမှန်တကယ်ကို မတက်ချင်တာ။ ကျွန်စိတ်ကိုရိုက်သွင်းတဲ့ အစိုးရကျောင်း။ ကောင်း/ဆိုး ကြောင်း/ကျိုးကို ဆင်ခြင်စိတ်မရှိ၊ အမိန့်နာခံမှုစိတ်ဓာတ်ကို ရိုက်သွင်းပေးတဲ့ကျောင်းပေါ့။

ဒါဆို မင်းက ဘာလို့ကျောင်းပြီးအောင် တက်ခဲ့သလဲကွလို့ မေးချင်နေစမ်းမယ်။မှန်တယ် ကျွန်တော် အစိုးရကျောင်းကို တက်ခဲ့တယ်။ ဘွဲ့ရ အောင်ကိုတက်ခဲ့တာ။ အဖြေကတော့ ရှင်းတယ်။ အစိုးရကို ကောင်းဆိုး/ကြောင်းကျိုးတွေ ရေးပြနိုင်ဖို့ ကျောင်းတက်ခဲ့တာ။ အစိုးရ သင် ပေးတဲ့ ကျောင်းတက်ပြီး အစိုးရကို ကျေးဇူးကန်းတယ်လို့ ပြောဦးမှာလား။ ထင်ချင်သလို ထင်နိုင်ပါတယ်။ ဒီအတွက်အဖြေကတော့ ကျွန် တော့်ရှေ့က နောင်တော်ကြီးတွေရှိပါတယ်လို့ဘဲ ဖြေပါရစေ။

နောက်ပြီး ဗမာစာကိုလည်း တတ်ကို မတတ်ချင်တာ။ ဒါပေမယ့် တတ်အောင်ကို လေ့လာရမယ်။ မှတ်သားရမယ်ဆိုတဲ့အသိကို ဗိုလ်ချုပ် အောင်ဆန်းကပေးခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားတခွန်း တသက်လုံးမမေ့ဘူ။ အင်္ဂလိပ်ကိုတိုက်ဖို့အတွက် အင်္ဂလိပ်စာနဲ့ စကားကို တတ်ကို တတ်ရမယ်။ အနည်းဆုံး သူတို့ကလာဆဲရင် ဗိုလ်လိုပြန်ဆဲနိုင်တာပေါ့။ သိပ်မှန်တဲ့ စကားပါ။

ဒီနေရာမှာ အင်္ဂလိပ်အားလုံးကို မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကို အင်္ဂလိပ်လိုလာဆဲ၊ လာဖြဲ၊ လာခြောက်ပြတဲ့သူတွေကိုသာ ဆိုလိုရင်း ဖြစ်တယ်။ ကချင်တွေအားလုံး ဗမာစာ၊ စကားကို လေ့ကိုလေ့လာရမယ်။ တတ်ကို တတ်ရမယ်။ ဒါမှ ကိုယ့်ရန်သူကို ဘယ်လိုရင်ဆိုင်ရမယ်ဆို တာ သိနိုင်၊ တတ်နိုင်မယ်။ ကိုယ်ရင်ထဲ စိတ်ထဲ ခံစားချက်မှန်သမျှကို ဗမာလို ရေးပြ ချပြနိုင်အောင် လုပ်ရမယ်။ ဒါမှ သူတို့တွေနားလည်မယ်၊ ဒီထက်ပိုလာရင်တော့ အင်္ဂလိပ်လို ရေးနိုင်ပြနိုင်ရင် ပိုကောင်းမယ်။ ဒါမှ နိုင်ငံတကာမှ ကချင်လူမျိုးတွေက ဒီလိုလူမျိုးတွေကွဆိုပြီး လက် ခမောင်းခတ်နိုင်မယ်။

ဒီလို ဗမာစာကိုလေ့လာတာဟာ ကိုယ့်ဘာသာစကားကို မကြိုက်လို့ မဟုတ်ဘူးဆိုတာနားလည်ရမယ်။ ကိုယ်ဘာကြောင့် ဒီလိုလုပ်တယ်ဆို တာကို ကိုယ့်ကို သိထားရမယ်။ ငါတို့ရဲ့ စာ၊ စကားကို ဘယ်လိုပိတ်ပင်တားဆီးပါစေ။ တို့တတွေ လက်ခံမှဖြစ်တယ်။ လက်မခံရင် သူတို့တွေ ရဲ့ရည်ရွယ်ချက်ဟာ မအောင်မမြင်ဖြစ်မှာဘဲ။ ဒီတော့ တို့တတွေ စိတ်တိုစရာလဲမလိုဘူး။ ပြန်ဆဲစရာလဲ မလိုဘူး။ ကြိတ်မနိုင်ခဲမရ ဖြစ်စရာ အကြောင်းမရှိဘူး။ အချိန်ကုန်မယ်။ လေကုန်တယ်။

တို့တတွေရဲ့ စာပေနဲ့စာတွေကို ရေးကြမယ်။ ကဗျာတွေကို ဖွဲ့ကြမယ်။ ကလောင်ကိုင်လို့ရတဲ့ လက်မှန်သမျှ၊ ကချင်စာပေကို ချစ်မြတ်နိုး တဲ့သူမှန်သမျှ ရေးကြ၊ ဖွဲ့ကြမယ်။ ရှေ့တန်းမှာ အသက်ပေးလို့ကာကွယ်နေတဲ့သူတွေကို လေးစားတဲ့အတိုင်းပေါ့။ နောက်တန်းက ကလောင် ကိုင်လို့ရတဲ့သူမှန်သမျှ ကလောင်ကို ကိုင်ကြစေချင်တယ်။

စာအုပ်တအုပ်မှာဖတ်ဖူးတာက ခုဆိုရင် ရုရှားကျောင်းတွေမှာ ရုရှားဘာသာစကားအပြင်၊ အင်္ဂလိပ်စာနောက် မိမိကြိုက်တဲ့ ဘာသာစကားကို မဖြစ်မနေ ရွေးချယ်ပြီးသင်ရတယ်တဲ့။ ဒီတော့ ရှရှား ကလေးတယောက်ဟာ ကြီးပြင်းလာတာနဲ့ ဘာသာစကား သုံးမျိုးကို တတ်နေမှာဖြစ် တယ်။ ဒီတော့ တို့တတွေအနေနဲ့ ကချင်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားအပြင် မဖြစ်မနေလေ့လာဆည်းပူးနေရမယ်။

ဗမာစာနဲ့အိမ်နီးချင်း တရုတ်စာကိုလေ့လာနိုင်မှ သူတို့တတွေနဲ့ ယှဉ်နိုင်မယ်။ ကချင်စာကိုကျတော့ ကမ္ဘာမှာ ကချင်လူမျိုးတွေ ရှိခဲ့တယ်။ စာ ပေပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လေ့လာ လိုက်စားရမယ်။

အင်္ဂလိပ်စာကိုကျတော့ နိုင်ငံတကာမှာ ကချင်တွေဟာ စစ်ဘဲတိုက်တဲ့လူမျိုးမဟုတ်ဘူး။ နိုင်ငံတကာစာပေကို အကျွမ်းတ၀င်ရှိကြောင်း ပြ သနိုင်ဖို့တတ်ကို တတ်မှဖြစ်မယ်။

ဗမာစာကိုကျတော့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့အတိုင်းပေါ့။ တရုတ်စာကိုကျတော့ တရုတ်တွေ လူလည်မကျနိုင်အောင် တရုတ်စာကို တတ်မှကိုဖြစ်မှာ။

ဒီတော့ သူငယ်ချင်းတို့ရေ ဘာမှ မခံမရပ်နိုင်မဖြစ်နဲ့။ ကြိတ်မနိုင်ခဲမရလဲ မဖြစ်နဲ့။ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ဖို့ဘဲရှိတယ်။ တို့တ တွေဟာ အခွင့်အရေးရှိမှ လုပ်နိုင်ကိုင်နိုင်တာ မဟုတ်ဘူးဆိုတာကိုပြသဖို့ အချိန်ဘဲ။ တို့တတွေမှာ ဘာအခွင့်အရေးမှမရှိဘူး။ ဒီထက်ပိုပြီး တော့ လုပ်သမျှကို တားဆီးခံနေရတယ်ဆိုတဲ့ကြားက တို့တတွေရဲ့ဘာသာစကားကို ဒီကမ္ဘာကြီးမှာ ချန်ထားခဲ့ကြရအောင်။ တို့လူမျိုးတွေကို နှိပ်ကွပ်တယ်။ တို့တွေ သာမဟုတ်ပါဘူး တခြားတိုင်းရင်သားတွေလည်း ရှိပါသေးတယ်။ လူမျိုးတမျိုး ကမ္ဘာ့မြေပေါ်က ပျောက်ကွယ်သွားဖို့ ဆိုတာ လူတွေနဲ့မဆိုင်ဘူး။ ဘုရားသခင်နဲ့ဘဲ ဆိုင်တယ်။ ဒါကို ခရစ်ယာန်တွေအားလုံး သိမှာပါ။ ဒါပေမယ့် လူမျိုးတမျိုး ကမ္ဘာပေါ်မှာ ရှိခဲ့တယ်ဆိုတာကို နောက်လူတွေသိဖို့ က အဲဒီလူမျိုးနဲ့ဘဲ ဆိုင်တယ်။ ဘုရားသခင် အလိုတော်ရှိရင် ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်က ပျောက်ကွယ်မှာပါ။

ဒီတော့ တို့ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်မှာရှိခဲ့တယ်ဆိုတာကို သက်သေပြဖို့ တို့ကချင်လူမျိုး တယောက်စီတိုင်းမှာ တာဝန်ရှိတယ်။ အောင်မြင်မှုဆိုတာ အခက်ခဲ၊ တာဆီးပိတ်ပင်မှုတွေကို ကျော်လွှားပြီးမှ ရယူရတာမျိုးပါ။ အခွင့်အရေးရှိလို့လုပ်နိုင်တယ်ဆိုတာတော့ လူ တိုင်း လုပ်နိုင်တယ်။ ဒါပေမယ့် တို့ကချင်တွေက တားဆီးပိတ်ပင်နေတဲ့ကြားက လုပ်နိုင်တယ်ဆိုတာကို ပြကြမယ်။

အာဏာရှင်မှန်သမျှကို ဆန့်ကျင့်ဖို့ တို့ရဲ့ကလောင်ဓါးကို သွေးကြ၊ သွေးကြမယ်။ ကြောက်ရွံ့မှုကင်းတဲ့ လွတ်လပ်တဲ့ စိတ်ထားတွေနဲ့ရေးကြ မယ်။ ကချင်စာပေကို ချစ်မြတ်နိုးလို့ တို့ကချင်လူမျိုးတွေရှိတဲ့နေရာတိုင်းမှာ ကချင်စာကို ရေးသားခဲ့ကြရအောင်လား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

9 thoughts on “ကချင်စာကို ချစ်ပါ၊ ကချင်စာပေကို မြတ်နိုးပါ
  1. ကျွန်မက ကရင်လူမျိုးပါ။သိပ်မှန်တဲ့စကားတွေပါဘဲကျွန်မလည်းထောက်ခံပါတယ်။ စစ်အစိုးရရဲ့လက်
    ကျန်ခွေးရူးတွေကလူမျိုးရေး၊ဘာသာရေးသွေးကွဲအောင်တော်တော်လုပ်နေကြပါတယ်သတိရှိပြီး။ ဒီမိုကရေ
    စီဘက်တော်သားများဖြစ်ကြတဲ့ကချင်။ဗမာ၊ကရင်၊ရခိုင်၊မွန်၊ဝ၊ရှမ်းစသောတိုင်းရင်းသားများအားလုံး
    စည်းစည်းလုံးလုံးနဲ့လက်ကိုခိုင်ခိုင်တွဲထားကြပါ။သူတို့ကျဆုံးခန်းအလွန်နီးနေပါပြီ။ သတိရှိကြပါ။ ဒီface
    book ကအကြောင်းအရာတစ်ကယ်မှန်ရင်ဖော်ပြသောသတင်းစာကိုအပြင်းအထန်ရှုံချပါသည်။

  2. ဟုတ်ပါတယ် ငါတိုကချင်လူမျိုး တွေကချင်စာကို လေးစားရမယ် .

    သိမ်မှန်အကြောင်းစကားတွေပါ..ဆောင်းပါရှင် ကိုအရမ်းလေးစားပါတယ်….ကျေးဇူးလည်းတင်ပါတယ်

  3. Woww..!! Grai hkak ai laika nga rai nga ai le..!! grai myit sharawt ai ga ni she rai nga ai.! Hkrak sai.! Anhte myu sha ni yawng, myit n daw` mat ai sha shakut shaja ga! Myit n den shaja let n-gun da ting nga ga!!

  4. I always think that we are always together. Nobody can sprate us, because we are the one .

  5. ကျနော်တို့ ခေတ် မကန အခုအမှတ်(၁) (SPP) ကျောင်းမှာ နေတုန်းက ကချင်လူမျိုး သူငယ်ချင်းအားလုံး ကချင်စာ ရေးတတ်ဖတ်တတ်တာ တွေ့တယ် ။ a ကို အာ့ လို့ အသံထွက်တတ်အောင် ကိုယ့်ကိုသင်ပေးဖူးတယ် ။ ယနေ့ခေတ်တော့ ဘယ်လိုနေလဲ မသိဖူး ။
    စာပေတိုးတက်စေခြင်ရင် ရေးတတ် ဖတ်တတ် အသုံးချတတ်ရုံ မလုံလောက်ဖူး ။ KIO မှာဆိုရင် ရုံးသုံးစာ စနစ် တကျရေးနေကြပြီပဲ ။ စာပေ အတွက်ဆိုရင် ဒါနဲ့လဲ မလုံလောက်ဖူးထင်တယ် ။ ရသ စာပေမှာလဲ တိုးတက်ဖို့ လိုမယ် ။ တရုတ်နယ်စပ်မှာ ဂျင်းဖေါ စာ (တရုတ်ပြည်က ထွင်တဲ့စာ -တရုတ် ဖြင်ရင်း)နဲ့ရေးတဲ့ ၀တ္တုတွေ ပုံပြင်စာအုပ်တွေ တွေ့ဖူးတယ် ။ ဒီလို ရသ စာပေတွေ ဒီဘက်က ကချင်စာ နဲ့ ထွန်းကားဖို့ လိုမယ် ။ ကြိုးစားစေခြင်ပါတယ် ။

  6. please try not to fight each other because we are come from one family. The time is we need to united as one family. Please try to develope as soon as you can. I and other Myanmar(burmese) also will help our brothers (Kachin). I am sure that all Myanmar (burmese) think same way as me expect a few junta. I also believe if we united the junta will going to give up gradually.. try hard our brothers..

  7. ခင်ဗျားတို့ အခြေအနေကောင်းပါတယ်။ ကချင်ကလေးအတော်များများ ကချင်စကားပြောတတ်၊ ရေးတတ်ကြပါတယ်။ တိုင်းရင်းသားစာပေတွေကို ဖိနှိပ်ထားခဲ့တော့ ဗမာစာပါ ထိခိုက်သွားပါပြီ။ စကားနဲ့ စာပေဟာလည်း လူလိုပါပဲ။ တယောက်တည်း နေလို့မရဘူး။ အားနည်းသွားတတ်တယ်။ အမြင်ကျဉ်းမြောင်းတဲ့ လူမျိုးကြီးစိတ်ထားဟာ အားလုံးကို ဆွဲချခဲ့တာပါ။ အရေးထဲ ဘာမှနားမလည်တဲ့လူတွေက ပညာရေးကို ကိုင်တွယ်ခဲ့ကြတော့ အခု ဗမာကလေးတွေတောင် ဗမာစာကောင်းကောင်းမတတ်တော့ဘူး။ `သူများမကောင်းကြံ၊ ကိုယ်သာခံ´ ဆိုတဲ့စကားလိုပေါ့။ ရခိုင်အရေးအကြောင်း Face-Book မှာ ၀င်ရေးကြတာတွေ တွေ့ရတယ်။ `မြန်မာပြည်သား´ နာမည်နဲ့ ရေးတဲ့သူက မြန်မာစာကို စာလုံးပေါင်း မမှန်ဘူး။ မျိုးချစ်မြန်မာ အမည်နဲ့ ရေးတဲ့သူက `မြန်မာသဒ္ဒါ´ မမှန်ဘူး။ သွားပြီပေါ့။ ကျွန်တော်တို့လည်း မျိုးချစ်စိတ်တခုတည်းနဲ့ မရဘူးနော်။ တခြားစိတ်သဘောထားကောင်းတွေလည်း ရှိဖို့လိုတယ်။ ကျယ်ပြောတဲ့စိတ်ထား၊ တိုးတက်ချင်တဲ့အတွေးတွေလည်း ရှိရမယ်။ ကချင်ဘာသာစကားရဲ့ သဘာဝ၊ ထူးခြားမှုတွေကို လေ့လာဆန်းစစ်ကြဖို့ လိုပါတယ်။ အဲဒါ ကိုယ့်ဘာသာကိုယ် လုပ်ရမှာပါ။ –
    `အစိုးရ၊ အစိုးရ ` လို့ ပြော၊ ပြော မနေပါနဲ့။ ဘာမှမတတ်တဲ့သူကို `ဆရာ၊ ဆရာ´ လို့ခေါ်၊ ခေါ်နေရင် ကြားရတဲ့သူတွေ နားလည်လွဲနေမယ်။ ကျွန်တော်က `ခန်း´ ပါ။

Comments are closed.