ရသဆောင်းပါးစုံ

ကျွန်တော်မောင်သီဟ

ဝတ်မှုန် (စင်ကာပူ)
ဇွန် ၂၁၊ ၂၀၁၂
ဟိုး..မလေးရှားနိုင်ငံ၊ ငှက်သိုက်များထုတ်လုပ်တဲ့ ကျွန်းတခုမှာ ကျွန်တော့်အလုပ်ရှင်သူဌေးကို လိုက်ပို့ပေးခဲ့ပါတယ်။ အဲဒီကျွန်းကို သူဌေး ပိုင်ဆိုင်ပြီး ငှက်သိုက်များ ထုတ်လုပ်ရောင်းချသူဖြစ်ပါတယ်။ မလေးရှားမှာအလုပ်လုပ်ခဲ့စဉ် မြန်မာလူငယ်လေး များစွာဟာ အဲဒီငှက်သိုက်က ငှက်ငယ်ကလေးများလို ပျံကြဲ၊ လွှင့်မျောနေတဲ့ ကြယ်ပွင့်ကလေးများလိုပါပဲ။ ထိမ်းသိမ်းမဲ့သူဟာ သူတို့အလုပ်ရှင် သူဌေးများသာ ဖြစ်ပါတယ်။ ငွေရရှိဖို့အတွက် ကျွန်တော်မောင်သီဟ မလေးရှားနိုင်ငံမှာ အလုပ်လာလုပ်ခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံမှာလည်း အလုပ်လုပ်စဉ်မှာ ရန်ပွဲတခုအကျိုးဆက်ကြောင့် သေရာပါ ဒဏ်ရာကြီးတခု ရရှိခဲ့ပါတယ်။ ဆေးရုံတက်ပြီး သေမင်း ရဲ့လက်က လွတ်မြောက်ခဲ့ပါတယ်။ အသက်တချောင်းဟာ ဘာမှတန်ဖိုးမရှိဘူး ကိုယ်တွေ့ဖြစ်ခဲ့ပါတယ်။ ဆေးကုသမှုခံဖို့ မြန်မာပြည်ပြန် အနားယူခဲ့ရပါတယ်။ စားဝတ်နေရေးအတွက် ထိုင်းသူဌေးတယောက် အလုပ်ကိုလုပ်ပေးစဉ်၊ အပျော်အပါး၊ ဘားကလပ်တွေမှာ လူမိုက်များ ရန်ပွဲတွေထဲ ၀င်ပါမိခဲ့လို့ အသက်သေလုဆဲ ဒဏ်ရာရခဲ့တာ မမေ့နိုင်ပါ။

နောက်ပိုင်းတော့ စင်ကာပူကိုရောက်ခဲ့ပါတယ်။

ချစ်တဲ့အမေကလည်း ကျေးဇူးကြီးပါတယ်။ အမေဟာ ကျွန်တော်မောင်သီဟကို ပညာသင်၊ အလုပ်ကောင်းကောင်းလုပ်ပြီး၊ ညွန်ကြားရေး မှူးဖြစ်တဲ့ ဖခင်အတွက် အထောက်အကူဖြစ်စေလိုပါတယ်။ အဖေရဲ့စည်းကမ်းကြီးမှုကို ကျွန်တော်မခံနိုင်ပါဘူး။ အဖေဟာ ..အဖေကို့ အထူးချက်ပြုတ်ကျွေးမွေးပြီး ကျွန်တော်တို့ မောင်နှမကိုလည်း ချစ်ခင်၊ လုပ်ကိုင် ချက်ပြုတ်ကျွေးမွေးပါတယ်။ မိဘကျေးဇူးကို မောင်သီဟ မမေ့ပါဘူး။ မိဘဆီမှာ ပြန်လာပြီး၊ မိဘပြောစကားကို နားထောင်၊ မိဘပေးစားမဲ့ မိန်းကလေးကိုယူပြီး အတည်တကျနေရင်ကောင်းမလား စဉ်းစားပါတယ်။ ညီမဖြစ်သူ သူ့ရီးစားနဲ့ အိမ်ထောင်ကျသွားပြီလားမသိ။ ကျွန်တော် မောင်သီဟာ လွင့်မျောနေသော ကြယ်ပွင့်တခု။ စင်ကာ ပူမှာသောင်တင်နေတာ မြန်မာပြည်ပြန်လို အဆင်ပြေပါ့မလား။ မိဘအိမ်ပဲ ပြန်သွားနေရမလား…။

စင်ကာပူမှာ အလွန်ပူလောင်လှတဲ့ ဘွိုင်လာတွေကို သင်္ဘောကြီးပေါ်မှာ ထုရိုက်၊ ပြင်ဆင်၊ ဂဟေဆော် ပျော်စရာကောင်းပါတယ်။ သင်္ဘော တစင်းပြီးသွားရင် ကျွန်တော်တို့ကုမ္ပဏီက ကျွေးမွေးတဲ့ ညစာစားပွဲတွေမှာ၊ မူးအောင်သောက်စား ပျော်ပါးကြတယ်။ မြန်မာလူငယ်တွေ အများကြီးပဲ။ အင်္ဂလိပ်ကုမ္ပဏီဆိုတော့ အင်္ဂလိပ်တွေက မြန်မာတွေကို သံယောဇဉ်ရှိပါတယ်။ လစာလည်းပေးတယ်၊ အလုပ်လည်း ကြမ်း တမ်းစွာလုပ်ရတယ်။ မြန်မာတွေကလည်း တုံးတိုက်၊ ကျားကိုက်၊ ဘွိုင်လာအိုးကြီး သင်္ဘောပေါ်က ဖြုတ်ထုတ်၊ ဆေးကြော၊ အသစ်လဲ၊ စက်ချေးတွေနဲ့ မဲတူးနေအောင် အကြမ်းခံလုပ်နိုင်တဲ့ မြန်မာအလုပ်သမားများမှာ ကျွန်တော် မောင်သီဟ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးပါပြီ။

အခု ..ပြန်ပါတော့မယ်။ အပြီးပဲ ပြန်ချင်ပါတယ်။ ပြန်လာလုပ်ဖို့ ပညာ၊ ဘွဲ့လက်မှတ်ရှိမှ အဆင်ပြေတဲ့ စင်ကာပူကို ပြန်လာအလုပ်လုပ်လည်း မောင်သီဟ စင်ကာပူလူမျိုး မိန်မကို ရမှအဆင်ပြေမှာ။ မောင်သီဟလို အလုပ်သမားလေးကို စင်ကာပူ စီတီဇင်၊ ပီအာ ဖြစ်နေတဲ့ ဘယ်မြန်မာ မိန်းကလေးက ကြိုက်နှစ်သက်၊ အိမ်ထောင်ပြုရဲမယ် မထင်ပါဘူး။ ရွာပဲပြန်မှ ဖြစ်မယ်။ ရွာမှာ မောင်သီဟ ဘ၀တက်လမ်းတွေ အများကြီးရှိ မှာပါ။

ကျွန်တော်တို့မြန်မာတွေ အရမ်းကြောက်ရတဲ့ မန်နေဂျာ၊ အလုပ်သမားထိန်းတဲ့ မလေးတရုပ်မကြီး ဒေါ်လာဗင်ဒီယား ကိုလည်း တသက်မမေ့ ပါဘူး။ နှုတ်ကြမ်း၊ လျှာကြမ်းလှတဲ့ အပျိုကြီးမမ ကျွန်တော်တို့ကို ကုမဏီကလာ ငှားပေးထားတဲ့ HDB တိုက်ခန်းလေးထဲ စနေနေ့ညတွေကို လာပြီး စစ်ဆေးတတ်တယ်။ ဗမာအလုပ်သမားတွေကို မသောက်မစား၊ ကောင်းကောင်းမွန်မွန်နေချင်တာလား၊ အာဏာပြချင်တာလားတော့ မသိ ..စနေတညမှာ သူလာကြည့်တဲ့အချိန် ကျွန်တော်တို့ကလည်း တခါတလေ၊ လွတ်လပ်ရေး ဘီယာသောက်၊ ဖဲစုရိုက်နေတုန်း ရောက်လာ တဲ့ အပျိုကြီးမမကို ၀ိုင်းရစ်ပစ်လိုက်တာ၊ အပျိုကြီးလည်း အခြေအနေမဟန်ဘူး၊ ငါ့ကို၊ ပြန်မပြောရဲ၊ အမြဲကြောက်ကြတဲ့ မြန်မာကောင်လေး တွေ အရက်မူးပြီး ရစ်နေပြီဆိုပြီး၊ ထွက်ပြေးသွားတာ ရယ်စရာကောင်းလိုက်တာ။ ဒို့နေရာထိ Checking လာလုပ်တဲ့ မန်နေဂျာအပျိုကြီးမမကို ၀ိုင်းဟားလိုက်ကြတာ။ ထုံးစံအတိုင်း၊ နောက် တနင်္ဂလာနေ့ ရုံးပြန်တက်တော့ သူ့ကို နောက်ပြောင်တဲ့လူအုပ်စုကို အလုပ်ထဲမှာ အသေပြန်နှိပ် ကွပ်ခဲ့ရတော့လဲ ကျွန်တော်မောင်သီဟ ကုတ်ပြီး၊ ခေါင်းငုံ့၊ ခံရတာပေါ့။

အခုတော့ လာမဲ့ဒီဇင်ဘာ ၂၀၁၂ မှာ မြန်မာပြည်ကိုပြန်တော့မယ်။

အမေအဖေဆီကိုပြန်လို့တော့ မဖြစ်ဘူးထင်ပါတယ်။ စင်ကာပူမှာ ၁၀ နှစ်လောက်နေတာလဲ ယူမဲ့မိန်းမလည်း မရသေး၊ ကြိုက်တဲ့ မိန်းက လေး၊ မိန်းမလတ်တွေတော့ အများကြီးရှိပေမဲ့ အိမ်ခြေအတည်မရှိတဲ့ မောင်သီဟလက်ထပ်ယူဖို့ မိန်းကလေး ဘယ်ရှာရဲပါ့မလဲ။ ငွေလည်း မစုဆောင်းမိ။ ပျော်ပါး၊ သုံးစွဲတတ်သူ၊ ဘယ်လိုငွေစုမိမှာလဲ။

ထိုင်း၊ မလေးရှား၊ စင်ကာပူတွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့အတွက် အတွေ့အကြုံများစွာရှိပါတယ်။ သို့သော် ပညာမရှိ (ကျောင်းဆက် မတတ်ဖြစ်)၊ ငွေလည်းမစုဆောင်းမိ .. ဘာဆက်လုပ်ရမှာလဲ? မြန်မာပြည်ကြီးလည်း စစ်အစိုးရ၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအဖြစ် သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အသစ်အဆန်း၊တိုးတက်လာတော့ ကျွန်တော်မောင်သီဟာ တနှစ်ကို အခွံငွေ ဒေါ်လာ ၅၀၀ လောက် ပေးနေကျပိုက်ဆံ၊ အခုပေးစရာမလိုတော့ပါ၊ မစုမိပဲ ပိုသုံးမိသွားပါတယ်။

သားပြန်လာမယ် အမေ၊ အဖေတို့ရယ်။
သားမှာ အဖိုးတန်ပြီး၊ သူဌေးခိုင်းတာ အကောင်းဆုံးလုပ်နိုင်ခဲ့သလို.. ပြန်လာပြီး အမေ၊ အဖေ ခိုင်းတဲ့အလုပ်ကို ၂ နှစ် ပြန်လုပ်ပြီး၊ ဘ၀သစ် ထူထောင်မယ်ပြီး မိဘ ၂ ပါးကို ကျေးဇူးဆပ်လိုပါတယ်။ ပျော်ပါးသောက်စား၊ နမော်နမဲ့ နေထိုင်ခဲ့မှုများ ..အထူးသဖြင့် အလုပ်တခုကို လက် ကျောတင်းအောင်မလုပ်လိုတဲ့ ပေါ့ပေါ့နေထိုင်၊ စားသောက်မှုတွေကနေ မိဘစကားကို ၂ နှစ်လောက်ပြန်နားထောင်မယ်ဆိုရင် ဘ၀သစ်ဖြစ် လာနိုင်မလား။

အိုး… နတ်ကောင်းနတ်မြတ်တို့၊ ဘုရားရှင်ထံကို ဆုတောင်းပါတယ်။ မြန်မာပြည်နေအိမ်ကနေ ပျောက်ဆုံးသွားတဲ့ ပျောက်သောသား မောင်သီဟပါ။ မြန်မာပြည်ပြန်ချင်ပါတယ်။ မိဘကတော့ ဆင်စီး၊ မြင်းရံတာမြင်ချင်ပေမဲ့ နိုင်ငံခြားရောက် သားမောင်သီဟက ဆင်လဲမရှိ၊ မြင်းလဲမရှိ၊ ရွာပြန်ရင်လည်း ငွေမပါ…. သြော် မေမေ၊ ဖေဖေကတော့ နောင်တရပြီးပြန်လာတဲ့သား၊ စရိုက်ဆိုးတွေ (ဇွတ်လုပ်၊ ဂျီတိုက်၊ စကားနာထိုး၊ လေပဲပေါတတ်တဲ့ ရွှေဗမာစရိုက်တွေ) ဘုရားဆီ အပ်နှံလိုက်တဲ့သား .. ဒီလိုဆိုရင်၊ မေမေတို့ အမြဲကြိုဆိုလက်ကမ်းနေမှာ သေချာပါတယ် ..နော်။

၂၀၁၂ ဖခင်များနေ့အမှတ်တရ၊ မောင်သီဟ Harris Pye (Singapore) နှင့် ပြည်ပရောက်မြန်မာလူငယ်များစွာအတွက်ရေးသားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကျွန်တော်မောင်သီဟ
  1. Thi Ha, bravo, you are very rare young man,who admits,your true false,which are no good for yourself,and for your parents,including all the Burmese people’s characters,in Abroad.If you have this kind of courage,you will be gain anything for your future,don’t worry. Sure, you will get a good wife,in the very near future.

    1. Thiha Htoon Kyaw, has been working in Singapore is only 4 years,the article is correct 60%.

Comments are closed.