ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

ဒေါ်အောင်ဆန်းစုကြည် Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ဆု လက်ခံ

ဓာတ်ပုံသတင်း
ဇွန် ၂၀၊ ၂၀၁၂


(photos – Getty Images)

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ပေးအပ်သည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ယနေ့ လက်ခံရယူသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဘက်တွင် ရှိသူ ၂ ဦးမှာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ MI 5 တွင် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ အမျိုးသမီး Eliza Manningham-Buller နှင့် ထောက်လှမ်းရေးဝတ္ထုများ ရေးသားသူ စာရေးဆရာ David Cornwell ခေါ် John le Carre ဖြစ်သည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “ဒေါ်အောင်ဆန်းစုကြည် Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ဆု လက်ခံ
  1. Excellence!!!

    Should also thank to Generel Than Shwe and Ne Win .

    Because , without these Burma historic villains , hard to reach this stage .

    Their contribution is also so great …

    Than Shwe should be proud for that…

  2. နိုဘယ်ဆုရ၊ ကျောင်းသူတဦး၊ ဂုဏ်ထူးဆောင်ပါရဂူအပ်နှင်းဘွဲ့ချီးမြှင့်ပွဲမှာ၊ ၁၅မိနစ်စကားပြောတာကို၊ မိခင် Oxford University က ဂုဏ်ပြုလက်ခုပ်ရှည်နဲ့မတ်တပ်ရပ်ဂုဏ်ပြုခံရတာ မြန်မာလူငယ်များအတွက် ..မိဘ၊နေရပ်၊လူမျိုးနဲ့မိမိကျောင်း၊တက္ကသိုလ်ကို မမေ့ပဲ၊ အခွင့်ရတိုင်း Promote လုပ်တဲ့ ဥပမာပါ။ Re-posted @ http://murann.com/dassk.htm

    သူမရဲ့ မြန်မာနိုင်ငံရဲ့ ကျောင်းသားများဟာ ဆယ်စုနှစ်ပေါင်းများစွာ အမှောင်ကျခဲ့ပါတယ်။ လွတ်လပ်မှုများဆုံးရှုံးခဲ့ပေမဲ့ အခုနိုင်ငံသစ်ဆောက်ဖို့ ခရီးလမ်းအစဖြစ်ပါတယ်။ မလွယ်ပါဘူး။ လူငယ်များကို သိစေချင်ပါတယ်။ ကျမ Oxford မှာကျောင်းတက်တုံး Burmese Student ဆိုလို့၊ သူတယောက်ထဲရှိပေမဲ့ အခြားနိုင်ငံသားများစွာနဲ့ တန်းတူ၊ အတူပဲလို့ ခံစားရပါတယ်။ အခု Oxford ပြန်ရောက်ခဲ့တာ အဆောက်အဦအသစ်များရှိပေမဲ့ ..တက္ကသိုလ်ရိပ်အရာများကို အမှတ်ပြန်ရပါတယ်။

    ပထမဆုံး၊ နိုင်ငံခြားထွက်ချိန် ထိုင်းနိုင်ငံရောက်ခဲ့ပါတယ်။ ရှန်ဂရီလာဟော်တယ်မှာ တည်းခိုခဲ့တာ အောက်စဖို့အသေးစားလေးမှာ နေရသလို ခံစားရပါတယ် (ရယ်သံများ)၊ မြန်မာပြည်ကို လူအများက ကြီးစွာမျှော်လင့်နေကြတယ်။ ပြုပြင်ရေးခရီးလမ်းဟာ မလွယ်ပါဘူး၊ ခက်ခဲလှပါတယ်။ Please, help us .. for investment ရင်းနှီးမြုတ်နှံမှု၊ လူသားဆိုင်ရာအကူညီ၊ ငွေကြေးထောက်ပံ့မှုများ အကူညီပေးကြပါ။

    အားလုံးကိုကျေးဇူးတင်ပါတယ်… (လက်ခုပ်ရှည်တီပေးရင်း၊ အားလုံးမတ်တပ်ရပ်၊ ဂုဏ်ပြုကြပါတယ်)

  3. ရန်ကုန်ကို ပြန်ရောက်ရင် ဂုဏ်ထူးဆောင်နဲ့ ထိုက်တန်တဲ့ ကြိုဆိုမှုမျိုးတွေနဲ့ စွမ်းနိုင်သူများက ပြုလုပ်ကြိုဆိုပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
    ပြုပြင်ပြောင်းလည်းရေးအတွက် အပြုသဘော ဆောင်တဲ့ လုပ်ငန်းဖြစ်လို့ နိုင်ငံတော် အစီအစဉ်နဲ့ကြိုဆိုနိုင်ဖို့အတွက်လည်း သက်ဆိုင်သူတွေက အားပေး တိုက်တွန်း အကြံပြုပေးကြပါ(သမိုင်းမှာ လက်ရှိအစိုးရအတွက် သဘောထားကြီးမားမှုကို ပြသဖို့ အခွင့်အရေးတစ်ခုလို့ သဘောထားစေချင်ပါတယ်၊ အချိန်မှီတုံးပေါ့) နောက်ထပ်ဒါမျိုးပြန်ရဖို့က မလွယ်ဘူးလေ။

Comments are closed.