အင်တာဗျူး

Suu – နော်ဝေ၊ သြစလိုဖိုရမ်၊ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက် ကောက်နုတ်

၁၈။ ဇွန် ။ ၂၀၁၂။ OSLO Forum

အော်စလိုဖိုရမ်တွင် သတင်းထောက်များ၏ မေးမြန်းချက်ကိုဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်မှ (ဘီဘီစီ – အွန်လိုင်း)  နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ၊   U2  အဆိုတော် ဘိုနို တို့က Penal အဖြစ်ဆောင်ရွက်သည်။  စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတက်ရောက်သည်။

(ဘီဘီစီ ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက် – အသံဖိုင် ဘီဘီစီမြန်မာဘာသာ- အွန်လိုင်း ၁၈ ဇွန် ၂၀၁၂)

“ကျမနဲ့သမ္မတကြီးဦးသိန်းစိန်တွေ့တာကတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီးတော့ ဆွေးနွေးတိုင်ပင်တာပေါ့နော်၊ ဒါပေမယ့် ဒီဟာ ဟာ တကယ့်နိုင်ငံရေးဆွေးနွေးပွဲလို့ ကျမကတော့ မမြင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတာ ဒါဟာနှစ်ယောက်ကြားမှာ ဆွေးနွေးပဲမှုဖြစ်ပါတယ်။ တကယ့်နိုင်ငံရေးဆွေးနွေးမှုဆိုတာဟာ ဒါထက်ပိုပြီးကျယ်ပြန့်ဖို့လိုပါတယ်။

တကယ့်နိုင်ငံရေးဆွေးနွေးမှု ဆိုတာ ဟာ အားလုံးစားပွဲဝိုင်းမှာထိုင်ပြီးတော့ သက်ဆိုင်တဲ့သူတွေ အထူးသဖြင့် တိုင်းရင်းသား တွေလည်းပါရမယ်၊ ကျမတို့ အစိုးရဘက် ကလူတွေလည်းပါရမယ်။ အတိုက်အခံဘက်ကလူတွေလည်းပါရမယ်။ ကျမတို့တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေလည်းပါရမယ်၊

 ဒါကိုမှ ကျမတို့က တကယ့်နိုင်ငံရေးဆွေးနွေးပွဲလို့ခေါ်နိုင်မှာပါ၊ ကျမတို့နှစ်ဦးချင်းကြား မှာပြောတာဆိုတာဆွေးနွေးတာ လောက်နဲ့ ဒါနိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်တယ်လို့ မဆိုနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ကျမပြောတာဖြစ်ပါတယ်”

Myanmar and Burma ကိစ္စ

(မေး)    ဒေါ်အောင်ဆန်းစုကြည်က ဘာလို့ Burma ဆက်သုံးနေတာလဲ

(ဖြေ)    စကားလုံး အသုံးအနှုန်းကို မကြိုက်လို့မဟုတ်ဘဲနဲ့ ပြောင်းလဲလိုက်တဲ့ပုံစံ လူထုကိုမတိုင်ပင် အသိမပေးဘဲ တစ်ဘက်သတ် ပြောင်းလဲလိုက်တဲ့ပုံစံမျိုးကိုသူ့အနေနဲ့လက်ခံဖို့အခက်အခဲရှိနေသေးလို့ ဒီအတိုင်းဆက်ခေါ်တာပါလို့ပြောပါတယ် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts