သူတို့အာဘော်

နိုင်ငံတော်သတင်းစာပါ ဆောင်းပါးတပုဒ်က ဘာသာပြန်အကောက်အယူ အမှားတစ်ခု

မေစာ (အာရ်အက်ဖ်အေ ကောက်နုတ်ချက်)
ဇွန် ၁၇၊ ၂၀၁၂
သတင်းစာ ဂျာနယ်မဂ္ဂဇင်း စတဲ့စာစောင်တွေမှာ အယ်ဒီတာ စာတည်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်များရဲ့ ပဓာနကျလှတဲ့တာဝန်က အများပြည် သူဖတ်ရှုရမယ့် စာတွေ အရေးအသားတွေကို ရွေးချယ်ပြီး ပြင်ဆင်တန်တာ ပြင်ဆင်၊ တည်းဖြတ်တန်တာ တည်းဖြတ်ပြီး ကိုယ့်စာစောင်ကို အများပြည်သူရှေ့မှောက် တင်ဆက်ရတဲ့ တာဝန်ပါ။ မြန်မာလို စာတည်းဆိုတဲ့အသုံးအနှုန်းဟာ စာတည်းတဦးရဲ့တာဝန်ကို အတိအကျ ဖော်ပြထားပါတယ်။ ပညာရည်အဆင့် အမျိုးမျိုးနဲ့ စာရေးသူတွေဆီက ရောက်လာတဲ့စာတွေကို တည်းရတယ်ဆိုတဲ့ တာဝန်က ဧရာမတာဝန်ကြီးဆိုတော့ ရှေးရှေးမြန်မာစာနယ်ဇင်းတွေမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ လယ်တီပဏ္ဍိတဦးမောင်ကြီးတို့လို ထိပ်တန်း ပညာရှင်တွေကိုယ်တိုင် တာဝန်ယူခဲ့ကြ၊ စာဖတ်ပရိတ်သတ်တွေကိုလည်း တရိုတသေ တလေးတစား ဖတ်ကြမှတ်ကြ သိမ်းကြပါသတဲ့။

အခုခေတ် စာနယ်ဇင်အယ်ဒီတာအများစု ကိုယ့်စာနယ်ဇင်းပါစာမူတွေ သန့်စင်ရေး ဘယ်ရွေ့ဘယ်မျှအထိ တာဝန်ကျေနေကြတယ်ဆိုတာ စနစ်တကျ သုတေသနလုပ်ဆောင်ခွင့်မရလို့ အတိအကျမပြောနိုင်ပေမယ့် ၂၀၁၂ ဇွန်လ ၆ ရက်ထုတ် နိုင်ငံတော်ပိုင် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈ မှာပါလာတဲ့ ဆောင်းပါးတစောင်ကို ဖတ်ရတဲ့အခါမှာတော့ စာပေ ဘာသာစကားနဲ့ပတ်သက်ပြီး အယ်ဒီတာရဲ့ တာဝန်ကျေမှု ဟာ စဉ်းစားစရာဖြစ်နေပါတယ်။

ဆောင်းပါးရေးသူက စောမြ၀တီပါ။ ဆောင်းပါးအမည်က “တက်ညီ လက်ညီ ဘက်ညီ မျှတ ကြိုးပမ်းကြစေချင်သည်” တဲ့။ ဆောင်းပါးရှင်ရဲ့ ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ဆောင်းပါးရေးသူရဲ့ စေတနာကို လေးစားမိပါသည်။ ၀ိုင်းဝန်းစုပေါင်းလုပ်ဆောင်ပြီး တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်ဖို့ ဆော်သြထားမယ့်စာဆိုတာ မြင်လိုက်ရုံနဲ့ သိသာပါတယ်။ ဖတ်ကြည့်တောလည်း စေတနာကောင်းတွေ ရှေ့ထားပြီး စာရေးသူက ကိုယ့်အမြင်ကိုယ် ရိုးရိုးသားသား တင်ပြတာပေပဲလို့ ယူဆစရာအကြောင်းတွေ ရှိပါတယ်။ အခု အစီအစဉ်ဟာ နိုင်ငံရေးသဘော ထားနဲ့ ပတ်သက်တဲ့အတွက် ဆောင်းပါးရှင်ရဲ့အာဘော်နဲ့ ပတ်သက်ပြီး ဒီမှာ အကျယ်ဆို မနေချင်ပါဘူးရှင်။

ဒါပေမယ့် အဲဒီဆာင်းပါးထဲက ဘာသာစကားနဲ့ပတ်သက်တဲ့ အချက်ကိုတော့ ၀ိုင်းဖွဲ့လိုက်ချင်ပါတယ်။ စာက ဘန်ကောက်မြို့က အရှေ့အာ ရှ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းကို သုံးသပ်ထားတဲ့အချက် ပါပါတယ်။ သတိပြုနားဆင်ကြည့်စေချင်ပါ တယ်။ ဆောင်းပါးရှင်ရေးထားတဲ့အတိုင်း ဖတ်ပြပါမယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် အဆင်ခြင်မဲ့ဝါဒ အကောင်းမြင် ၀ါဒ “Reckless Optimism” တွေ များလွန်းနေတယ်။ တကယ်တော့ ဒီအချိန်မှာ ခိုင်ခိုင်မာမာ အဆိုးမြင်ဝါဒ “ံHealthy Scepticism” ထားဖို့ လိုသေးတယ်ဆိုတာမျိုး ပြောသွားတာမှာ နားထောင်နေကြတဲ့ လုပ်ငန်းရှင်ကြီးတွေသာ အကောက်အယူ အားနည်းမယ်ဆိုရင် အခုချိန်မှာ မြန်မာနိုင်ငံကို မလာကြနဲ့ဦး။ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြနဲ့ဦးလို့ သွယ်ဝိုက်ပြီး ပြောလိုက်တယ်လို့များ နားလည်မှုလွဲသွားမလား စိုးရိမ်မိပါတယ်တဲ့။ မှန်ပါတယ်။ စိုးရိမ်စရာပါပဲ။ သတင်းစာမှာ ဆောင်းပါးရေးသူကိုယ်တိုင်က အဓိပ္ပါယ် အကောက်အယူ လွဲမှားနေတာ တွေ့ရပါတယ်။

“Reckless Optimism” ဆိုတာကို အဆင်ခြင်မဲ့ အကောင်းမြင်မှုလို့ စာရေးသူအဓိပ္ပါယ်ကောက်ယူသွားတာကို ဝေဖန်စရာမလိုပါ။ လက်ခံနိုင်တဲ့ အဓိပ္ပါယ်ကောက်ယူပုံ၊ လက်ခံနိုင်တဲ့ ဘာသာပြန်လို့ဆိုချင်ပါတယ်။ တနည်းအားဖြင့် အရမ်းကာရော အကောင်းမြင်မှု၊ မစဉ်းမစား အကောင်းမြင်မှုလို့လဲ ဘာသာပြန်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် “Healthy Scepticism” ဆိုတာကို ခိုင်ခိုင်မာမာ အဆိုးမြင်ဝါဒလို့ အဓိပ္ပါယ်ကောက်ယူပြထားတဲ့နေရာမှာ စာရေးသူ တက်တက်စင် ချွတ်ချော်သွားပါတယ်။ နံပါတ် (၁) က Scepticism ဆိုတာ အဆိုးမြင်ဝါဒမဟုတ်ပါဘူး။ ဘယ်လိုက ဘယ်လို အဆိုးမြင်ဝါဒလို့ ကောက်ယူတယ်ဆိုတာ နားမလည်နိုင်ပါ။ မြန်မာစာအဖွဲ့ကထုတ်ဝေတဲ့ အင်္ဂလိပ် – မြန်မာအဘိဓာန်မှာလည်း ဒီလို ဖွင့်ဆိုချက်မျိုး မပေးပါဘူး။ အင်္ဂလိပ်ဘာသာအဘိဓာတ်မှာ ပြေားတိုင်းမယုံဘဲ သံသယရှိခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုပဲ ဖော်ပြပါတယ်။ ရိုးရိုးတန်းတန်းပြောရရင် သံသယထားတာ၊ သံသယရှိတာကိုပဲ ဆိုလိုပါတယ်။ သံသယဆိုတဲ့စကားမှာ မကောင်းတာရှိသလို ကောင်းတာတွေရှိပါတယ်။ တဦးကို တဦး လုံးဝဥဿုံ အယုံအကြည်ကင်းမဲ့ပြီး သံသယတွေဝင်နေတာ မကောင်းပေမယ့် ဘယ်သူပြောတာကိုမဆို သံသယအရင်းခံပြီး စိစစ်တာ၊ ဝေဖန်တာကျတော့ ကောင်းပါတယ်။ စာပေဆိုင်ရာအဆိုအမိန့်တွေနဲ့ပတ်သက်ပြီး သံသယကို အရင်းခံပြီး စိစစ်ဖို့လိုအပ်တဲ့အကြောင်း မြန်မာစာပေပညာရှင် ဆရာကြီးတဦး ရေးဖူးပါတယ်။ နောက်ပြီး Healthy ဆိုတဲ့အသုံး။ ဆောင်းပါးရှင် စောမြ၀တီက ခိုင်ခိုင်မာမာလို့ မြန်မာမှုပြုထားပါတယ်။ ဒီစကားလုံးကတော့ အင်္ဂလိပ်စာတတ် မြန်မာအများနဲ့ ရင်းနှီးပြီးသားပါ။ ကျန်းမာသောလို့ အများအားဖြင့် ဘာသာပြန်လေ့ရှိပါတယ်။ ဒါပေမယ့် ဘာသပြန်တဲ့အခါ စကားစပ်အနက်က အရေးကြီးတာ အများသိကြမှာပါ။ အခု Healthy Scepticism ဆိုရာမှကျ ကျန်းမာသော သံသယလို့ အဓိပ္ပါယ်ကောက်လို့ မသင့်လျော်တော့ပါဘူး။ ပြောဆိုထားတဲ့ စကားအဆက်အစပ်ကို ကြည့်ပြီး ဘာသာပြန်ရပါတော့မယ်။ တစ်ခု အဆင်ပြေတာက ဒီအသုံးအနှုန်းကို အင်္ဂလိပ်ဘာသာမှာ သုံးလေ့ သုံးထရှိတဲ့အချက်ပါပဲ။ ဒါကြောင့် အဘိဓာန်များမှာလဲ သုံးနှုန်းပြတတ်ပါတယ်။ ဝေးဝေးရှာနေစရာမလိုပါဘူး။ မြန်မာစာအဖွဲ့ကထုတ်ထားတဲ့ အင်္ဂလိပ် – မြန်မာ အဘိဓာတ် စာမျက်နှာ ၁၂၂၇ မှာကြည့်ပါ။ Healthy Scepticism အသုံးပါတဲ့ အင်္ဂလိပ်ဝါကျတခုပေးထားပြီး ဘာသာပြန်ပြထားတာက “ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှိသင့်သော သံသယစိတ်ရှိခြင်း” လို့ ဖွင့်ဆိုပြထားပါတယ်။ ဒီစကားမှာ Healthy ဆိုတာကို ရှိသင့်ရှိထိုက် လို့ မြန်မာစာအဖွဲ့က ဘာသာပြန်ပေးထားလိုက်ပါတယ်။

လိုရင်းတိုရှင်းပဲ ဆိုပါရစေရှင်။ အခုပြသွားတဲ့အချက်တွေကိုကြည့်ရင် မိန့်ခွန်းပါစကားကို ဆောင်းပါးရှင် အဓိပ္ပါယ်အကောက်အယူလွဲတာနဲ့ တပြိုင်နက် အဲဒီအချက်ကို ထောက်ပြဝေဖန်သုံးသပ်တာတွေဟာ မမှန်မကန်နိုင်တော့ပါဘူး။ မမှန်မကန်နိုင်ရုံသာမက အင်္ဂလိပ်ဘာသာစကားနဲ့ မရင်းနှီး မကျွမ်းဝင်ကြတဲ့ စာဖတ်သူတွေအနေနဲ့ အထင်အမြင်လွဲမှားစရာတွေ ဖြစ်လာနိုင်ပါတယ်။ အစီအရင်ခံနေသူကိုယ်တိုင် အင်္ဂလိပ်စာစကား တတ်လွန်းလှလို့ အခုလိုအစီရင်ခံနေတာ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်တော့ ဒီလို မပြောတန်ရာလိုပ ထားသင့်ထားထိုက်တဲ့ သံသယကို အခြေခံပြီး စူးစမ်းရာက တွေ့သိလာရတာဖြစ်ကြောင်းပါ။

ဆောင်းပါးရှင်က မသိမှုကြောင့် မှားစေဦးတော့။ ဒီစာကို ဖော်ပြပေးတဲ့ သတင်းစာအယ်ဒီတာမှာ ပြင်ဆင်ပေးဖို့ တာဝန်ရှိတယ်လို့ ယူဆကြောင်းပါရှင်။

စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “နိုင်ငံတော်သတင်းစာပါ ဆောင်းပါးတပုဒ်က ဘာသာပြန်အကောက်အယူ အမှားတစ်ခု
  1. အ၇မ်းကောင်းတဲ့ရှင်းလင်းချက်လေးပဲ ဗဟုသုတအများကြီးရပါတယ်၊

  2. That’s why I feel so bad every time I see this kind of mistranslation. The writer of the article herself must not have comprehended the meaning of “skepticism” and “healthy”. It would be like looking down on your own people, but our people must start learning good English and especially when you try to attack someone like Daw Aung San Suu Kyi for her choice of words, they should make doubly sure they know what she means exactly when she’s speaking in English, which may be beyond most Burmese. I don’t blame the people for their poor grasp of colloquial English; I blame the lousy system, practised for generations, which really made a mess of our once high educational standard. This inability to really understand certain English words and phrases don’t pertain only to the general public, but also to the ruling class whose English must be mediocre at best, and thus these officials can also fall prey to the hazards of misunderstanding what the highly intelligent and incredibly articulate DSSK is trying to say.

  3. Those lousy newspaper in Burma intentionally downgrade the speech of DASSK. The editor may know very well in English language, but their father Dwarf Shameless Kyaw San wants them to do like this for DASSK. They want to get favour from their minister. They are no journalists but they are military slaves. Later people of Burma must learn english very hard to know their skyful of lies ( as their papers mention with lousy English).

  4. They also shamlessly not metion on the nobel speech of Daw Aung San Suu Kyi in their waste papers of Burma.
    The world knows Burma very well now because of Daw Aung San Suu Kyi. Dwarf Kyaw San envy her popularity all over the world. Pity on Burmese people stay in country under this kind of shameless, useless, worthless and cilled brain persons.

  5. The author of the Newspaper article Saw Mya Waddi should come forward and do the honorable thing by admitting the translation mistake. The Newspaper should also make a ‘Regret’ statement to maintain its Integrity as a National Newspaper with International coverage.

  6. တို့ကတော့ ဆောင်းပါးရှင်ကို ဝေဖန်တဲ့သူနဲ့ ဘလော့တင်သူတွေရဲ့ စိတ်အတွင်းမှာ အဆိုးမြင်ဝါဒီတွေ မနာလိုစိတ်တွေ များနေတယ်လို့မြင်မိတယ်။ နည်းနည်းပါးပါးအမှားကို တို့လို စာဖတ်ပရိသတ်က အမှန်ပြင်ဖတ်လေ့ရှိတဲ့ အကျင့် တော်တော်များများ ၇ှိကြတယ်။ အမှားကို လျှောက်ဝေဘန်ကြေးဆိုရင် …အဘိဓာန်ကို …ဘာဖြစ်လို့ အဘိဓာတ်လို့ရေးထားတာလဲ။။

Comments are closed.