ဓာတ်ပုံသတင်း

Kentucky – ကင်တာကီပြည်နယ်၊ ဘိုလင်းဂရင်း၊ ဝေဠုမြိုင်ကျောင်း တတိယအကြိမ် သင်္ကြန်ပွဲတော်

မိုးမခအထောက်တော် ဘိုလင်းဂရင်း၊ ဇွန် ၁၂၊ ၂၀၁၂

ပြီးခဲ့တဲ့ ဇွန် ၉  စနေနေ့၊ အမေရိကန်ပြည်ရဲ့ နွေဦး၊ နေထိန်ထိန်သာတဲ့ အချိန်မှာ ကင်တာကီပြည်နယ်က မြန်မာအများစုနေထိုင်ရာ ဘိုလင်းဂရင်းမြို့က ဝေဠုမြိုင် မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ မြန်မာသင်္ကြန်ပွဲတော်၊ သက်ကြီးပူဇော်ပွဲတော်နဲ့ ကျောင်းရန်ပုံငွေပွဲတော်ကို ကျင်းပပါတယ်။

ဖျော်ဖြေရေးအစီအစဉ်အဖြစ် ဝေဠုမြိုင်မောင်မယ်တေးဂီတအဖွဲ့က ဖျော်ဖြေကြတာကို တွေ့ရပါတယ်။ အသက် ၆၅ နှစ်အထက် မြန်မာဘိုးဘွား ၁၆ ဦးကို မြန်မာထုံးတမ်းနှင့်အညီ ကန်တော့ပူဇော်ပါတယ်။

ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသာ၊ ကမ္ဘေားဒီးယမ်းဘုန်းတော်ကြီး Phra Spohal Phroung က ဘာသာရေးအဆုံးအမများ မိန့်ကြားပါတယ်။ Ms Marty Deputy နဲ့ နာယကကြီး ဦးခင်မောင်ညွန့်တို့ကလည်း လူငယ်များကို ဆုံးမစကားများ ပြောကြားကြပါတယ်။

ဝေဠုမြိုင်ဒိုးဗတ်မောင်အဖွဲ့ကလည်း အဆိုအတီးအကများနဲ့ ပရိသတ်ကို ဖျော်ဖြေတာကို တွေ့ရပါတယ်။ အလှူရှင်များက မြန်မာရိုးရာစားသောက်ဖွယ်ရာများ တည်ခင်းပြီးတော့ ကျောင်းရန်ပုံငွေအတွက် အရင်းအမြတ် ၂စုစလုံး ထည့်ဝင်ကြပါတယ်။

အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အသင်း ၈ သင်းအနက် အိုဝင်ဘိုရိုနဲ့ လူဝင်ဘိုရို အသင်းတို့က ပထမ၊ ဒုတိယအသီးသီး ရရှိသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts