မျက်မှောက်ရေးရာ သတင်းပဒေသာ

စင်္ကာပူဝန်ကြီး ဂိုချုပ်တောင် မြန်မာပြည် လာမယ်

(asiaone သတင်းကို မိုးမခက ဘာသာပြန်တယ်)
ဇွန် ၁၀၊ ၂၀၁၂

(photo by AP)

စင်္ကာပူဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့် အဖွဲ့သည် ဇွန် ၁၁ မှ ၁၄ အထိ မြန်မာပြည်သို့ သွားရောက်မည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ကုန်သွယ်ရေးနှင့်စက်မှုဌာန ၀န်ကြီး၊ အရှေ့မြောက်ဒေသမြို့တော်ဝန်တို့အပြင် ၀န်ကြီးဌာနပေါင်းစုံမှ အကြီးတန်းအရာရှိများလည်း လိုက်ပါမည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်၏ ၂၀၁၂ ဇန်န၀ါရီ ချစ်ကြည်ရေးခရီးနောက်ပိုင်း အပြန်အလှန် လည်ပတ်ခြင်းဖြစ်သည်။

စင်္ကာပူဝါရင့်ဝန်ကြီး ဂိုချုပ်တောင်သည် နေပြည်တော်တွင် သမ္မတဦးသိန်းစိန် နှင့် ၀န်ကြီးများကို တွေ့ဆုံမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ သမ္မတ၏ စီးပွားရေး ကဏ္ဍ အကြံပေးအရာရှိ ဦးမြင့် နှင့် ဦးဝင်စတင်ဆက်အောင်တို့နှင့်လည်း တွေ့မည်ဟု ဆိုသည်။

ရန်ကုန်တွင် ရန်ကုန်ဒေသဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများကို သိရှိရန် တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ မြို့တော်ဝန်ဦးလှမြင့်တို့နှင့်တွေ့မည်ဖြစ်သည်။

(၀န်ကြီးချုပ်ဟောင်း) ဂိုချုပ်တောင်သည် ၂၀၀၉ ဇွန်လကလည်း မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည် (အပေါ်ပုံ)။

မူရင်း – http://news.asiaone.com/News/Latest%2BNews/Singapore/Story/A1Story20120610-351699.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

5 thoughts on “စင်္ကာပူဝန်ကြီး ဂိုချုပ်တောင် မြန်မာပြည် လာမယ်
  1. ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စ အစောတလျင် အကောင်အထည်မဖေါ်ရန် (ထုံးစံအတိုင်း) တိုက်တွန်း အကြံပြုမည်။ စင်္ကာပူဘဏ်များမှာ စိတ်ချလက်ချ အားပါးတရ ငွေအပ်နှံနိုင်ကြောင်း တိုက်တွန်းမည်။ မြို့တော်ဟောင်း ရန်ကုန်ကို စင်္ကာပူအလား လှပသန့်ရှင်းအောင် (စင်္ကာပူမှပစ္စည်းများရောင်းချကာ) ကူညီပေးမည်။

    1. အိမ်ဖော်တွေပို့ပေးရန် ပြောဦးမည်၊

  2. ထားဝယ်ကိစ္စ တွန်းမည်ထင်၊ မဖျက်လျှင်ကံကေင်းသည်။
    ထားဝယ်ဆိပ်ကမ်း ရည်မှန်းသည့်အတိုင်းဖြစ်လာ၍ အိန္ဒိယ သမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ် တိုးလျှိုပေါက် ဖြစ်သွားပါ စင်္ကာပူ၏ ဒေသတွင်း အချက်အခြကျမှုကို များစွာ ထိပါးမည်။

    ၂၀၀၀ ခုနှစ်များဆီက ကော့သောင်း အောက်ဘက် ထိုင်းပိုင်နက်ကို ဖြတ်၍ တူးမြောင်းဖေါက်ရန် ထိုင်းအစိုးရမှ လူသိရှင်ကြား ကြေငြာခြင်း၊ တိုင်းတာလေ့လာရေး များ ဆောင်ရွက်ရင်း စုတ်စမြုတ်စ ပေါ်မလာဖြစ်ခဲရာ နောက်ကွယ်၌ စင်္ကာပူသိမ်းသွင်းမှု ရှိခဲ့ကြောင်း သတင်းများပေါ်ပေါက် ခဲ့ဘူးသည်။

  3. ပထမအကြိမ်တုန်းက မလုပ်ဖြစ်အောင် ပုဂုံဆိုက်ဘာတက်ကို အလကားငွေမယူဘဲ ဆောက်ပေးခဲ့သည် ခုလဲကြည့်နေပါ ဘာလုပ်ဦးမလဲ ဆိုတာ

Comments are closed.