ဓာတ်ပုံသတင်း

Rakhine – ပြည်တွင်း အဖွဲ့အစည်းစုံက လက်ရှိရခိုင်ပြည်အရေးအခင်းအပေါ် သဘောထားများ ထုတ်ပြန်

မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၁၀၊ ၂၀၁၂
ယခင်တပတ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်စပ်ဒေသ အစွန်းရောက်အကြမ်းဖက်မှုများအပေါ် မြန်မာပြည်တွင်းရှိ အဖွဲ့အစည်းများက သဘောထားထုတ်ပြန်ခဲ့တာကို စုစည်းတင်ပြလိုက်ပါတယ်။
အင်န်အယ်ဒီပါတီ၊ ၈၈ မျိုးဆက်ကျောင်သားများ မူစလင်ဘာသာရေးအဖွဲ့အစည်းများ မှ စာများ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “Rakhine – ပြည်တွင်း အဖွဲ့အစည်းစုံက လက်ရှိရခိုင်ပြည်အရေးအခင်းအပေါ် သဘောထားများ ထုတ်ပြန်
  1. BBC, RFA, VOA, DVB ဆိုတာ အရှေ့အလည်ပိုင်းက ဒေါ်လာတွေ နဲ့ ချမ်းသာနေတဲ့မီဒီယာတွေပါ။ ဒေါ်လာမျက်နှာနဲ့ ကုလားကိုပွဲထုတ်ပေးနေတဲ့ အမျိုးယုတ်တွေပါ၊
    ဗမါပြည်ကိုဝင်ရဲရင် ၀င်လာကြည့်ပါ၊ ပြည်သူတွေက သူတို့ကိုတော်တော်စိတ်နာနေကြပါပြီ။

  2. Ye Htut
    မနေ့ညက နိုင်ငံခြားသတင်းထောက်တစ်ယောက်က ဆက်သွယ်လာပါတယ်။ သူက ရခိုင်ပြည်နုယ်မှာ တပ်မတော်က မူဆလင်ဘာသာဝင်တွေကို ထိုးစစ်ဆင်နေတယ်ဆိုတဲ့ သတင်း မှန် မမှန်မေးပါတယ်။ ဒါ့ကြောင့် အခုလိုဖြေကြားခဲ့ပါတယ်။

    ၁။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊မောင်တော ဒေသမှာရှိတဲ့ တိုင်းရင်းသား ရခိုင်လူမျိုးများရဲ့ အသက်အန္တရာယ်နဲ့ နေအိမ်များကို ကာကွယ်နိုင်ဖို့အတွက် လုံခြုံမှုစစ်ဆင်ရေး Security Operation ကိုသာဆောင်ရွက်နေတာဖြစ်တယ်။

    ၂။ မောင်တောဒေသမှာ ဘင်္ဂါလီလူမျိုးများက တောင်ကုတ်ဖြစ်စဉ်ကို အကြောင်းပြုပြီး အကြမ်းဖက် မှုတွေကျူးလွန်နေတာဖြစ်တယ်။ ဒီဖြစ်စဉ်ဟာ ရိုဟင်ဂျာခွဲထွက်ရေးလှုပ်ရှားမှုသမားတွေ၊ အစွန်း ရောက်သမားတွေက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတဲ့ကိစ္စဖြစ်တယ်။ ဒါကို သာမန် ဘာသာရေး ပဋိပက္ခ သက်သက်လို့ မြင်လို့မရဘူး။

    ၃။ မြန်မာနိုင်ငံအတွင်းက ကျန်တဲ့ဒေသတွေမှာ ဘာသာရေးအဓိကရုဏ်းတွေမဖြစ်ဖို့၊ အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် နေတယ်။

    ၄။ ဘူသီးတောင်၊မောင်တောဒေသမှာ ၁၉၅၀ ပြည့်နှစ်များတ၀ိုက်မှာ မူဂျာဟစ်ဒင် ခွဲထွက်ရေး သူပုန်တွေက ရခိုင်လူမျိုးများကို အစုအလိုက်သတ်ဖြတ်၊ မောင်းထုတ်၊ ရွာမီးရှို့တောတွေလုပ် ခဲ့ တယ်။ ဒါ့ကြောင့် တပ်မတော်က မြန်မာ-အရှေ့ပါကစ္စတန် ( ဘင်္ဂလားဒေ့ရှ်) နယ်စပ်က မူဂျာ ဟစ်ဒင်သူပုန်တွေကို စစ်ဆင်ရေးလုပ်ပြီး နှိမ်နင်းခဲ့ရတယ်။

    ၅။ အခုလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂါလီများက အဲဒီပုံစံအကြမ်းဖက်မှုတွေပြန်လုပ်လာလို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကာကွယ်ပေးနေရတာဖြစ်တယ်။ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး။ သူတို့ဟာ ထိုင်းတောင်ပိုင်းက ခွဲထွက်ရေးလှုပ်ရှားမှုလိုမျိုး အစွန်းရောက် အကြမ်းဖက် ၀ါဒကို ဆောင်ရွက်နေသူများသာဖြစ်တယ်။

    ၆။ တောင်ကုတ်ဖြစ်စဉ်ဟာ ဒီအကြမ်းဖက်မှုတွေကို လုပ်ဖို့တွက် အကြောင်းပြချက်သက်သက်သာ ဖြစ်တယ်။ ဒီနောက်ကွယ်မှာ ရည်ရွယ်ချက်ကြီးမားတဲ့ ခွဲထွက် ရေးလှုပ်ရှားမှုရှိနေတယ်။ နိုင်ငံတကာက ဒီအခြေအနေကိုနားလည်ဖို့ လိုတယ်။

    ဒါပေမယ့် ခါတိုင်း ကျွန်တော်ဖြေကြားချက်များကို အသုံးပြုလေ့ရှိတဲ့ အဲဒီသတင်းထောက်ဟာ အခု သူရေးတဲ့သတင်းမှာ ဒီဖြေကြားချက်ကို မသုံးဘဲ ချန်လှပ်ထားခဲ့ပါတယ်။ အစိုးရက ရိုဟင်ဂျာ လူနည်းစုတွေကို နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံဖြစ်အောင် သွယ်ဝိုက်ရေးသွားပါတယ်။

    ဒါ့ကြောင့် နိုင်ငံတကာမီဒီယာများအနေနဲ့ အတိုင်းအတာတစ်ခုထိ ဘက်လိုက်လိုတဲ့ သဘော များ ရှိလာနိုင်တယ်လို့ ထင်ပါတယ်။ ဒါကိုကျော်လွှားနိုင်ဖို့အတွက် ပြည်တွင်းမီဒီယာများ၊ လူမှုကွန်ယက် ပေါ်က ပြည်သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုမပါဘဲ ရိုဟင်ဂျာ ခွဲထွက်ရေးလှုပ်ရှားမှု၊ ဟိုတုံးက ကုလားဆိုးသူပုန်တွေ ရဲ့ လှုပ်ရှားမှုများကို နိုင်ငံတကာက သိအောင် ပြောကြဖို့တိုက်တွန်းလိုပါတယ်။

    တစ်ဖက်ကလည်း ပြည်တွင်းက ကျန်ဒေသများမှာ ဘာသာဝင်အားလုံးအတွင်း ချစ်ချစ်ခင်ခင်နေနိုင်အောင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အစိုးရ ဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများရဲ့ အကြမ်းဖက်မှုများကို ဥပဒေနဲ့အညီ ကာကွယ်တားဆီးနေ ခြင်း သာဖြစ်တယ်၊ အစ္စလမ်ဘာသာဝင်များအားလုံးကို ဦးတည်တိုက်ခိုက် နေတာမဟုတ်ဘူးဆိုတာ နိုင်ငံတကာကို သက်သေပြကြပါလို့ တိုက်တွန်းလို ပါတယ်။

  3. မြန်မာပြည်ရဲ့လက်တွေ့ ပကတိက ဘယ်လိုအပြောင်းအလဲ ဖြစ်ဖြစ် ပြဿနာ သောင်းခြောက်ထောင်ကို ရင်ဆိုင်ရမှာပါ။ တစ်ချို့ပြဿနာတွေနဲ့ ပတ်သက်လာယင်တော့ နိုင်ငံတကာမှာ လူကြိုတ်များတဲ့လေသံမျိုးပစ်လို့ရပေမယ့် အမျိုးသားလုံခြုံရေး အမျိုးသား အကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ လူကြားမကောင်းပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ခေါင်းဆောင်တွေ လိုပါလိမ့်မယ်။ စစ်ဆန့်ကျင်ရေး လေသံပစ်ပြီးမဲဆွယ်ခဲ့တယ် နိုဘယ်ဆုကြီးရခဲ့တယ် ဆိုတဲ့ သမ္မတ အိုဘားမားလက်ထက်မှာ ပါကစ်စတန်မှာ ခိုနေတဲ့ အကြမ်းဘက်သမားတွေကို သမ္မတ ဘုတ်ရှ်ထက်တောင် ပိုသုတ်သင်ခဲ့ပါတယ်။ နိုင်ငံတကာဥပဒေတွေနဲ့ မညီတာကိုသိပေမယ့် အိုစမာဘင်လာဒင်ကို လက်နက်ပါမပါအကြောင်းမဟုတ် အသေပစ် ရှင်းခိုင်းပြီး အလောင်းတောင် ပင်လယ်ထဲကန်ချခိုင်းခဲ့တာ အိုဘာမားပါ။ ဂွန်တာနာမိုအကျဉ်းစခန်းကို ပိတ်မယ်ဆိုပြီး မဲဆွယ်ချိန်မှာ အသံကောင်းဟစ်ခဲ့ပေမယ့် လက်တွေ့မှာ လုံခြုံရေးလိုအပ်ချက်တွေ အရဆက်ထား ခိုင်းခဲ့တာ ကလည်း အိုဘားမားပါ။ စစ်ဆိုတာဘယ်စစ်မှမကောင်းပါ။ ဒါပေမယ့် အမျိုးသားလုံခြုံရေး အမျိုးသား အကျိုးစီးပွား အတွက် လိုအပ်လာတဲ့အခါမှာ နားဝင်မချိုတဲ့ လူကြားမကောင်းတဲ့ ပရိဒေဝများတဲ့ စစ်ဆိုတာကို ရဲရဲပြောပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချနိုင်တဲ့ ခေါင်းဆောင်မှုမျိုး ကျွှန်တော်တို့နိုင်ငံရဲ့ အကူးအပြောင်းမှာ လိုပါလိမ့်မယ်။

  4. ရန်ကုန်မီဒီယာဂရု(ပ်)၏ သဘောထားရပ်တည်ချက်။

    ၁။ ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် နေရာအချို့တွင်ဖြစ်ပွားခဲ့သည့် ကျူးကျော်ရန်စသူများ၏ တိုက်ခိုက်မှုကြောင့် အသက်အိုးအိမ်စည်း စိမ်ဆုံးရှုံးခဲရရသည့် ကျွနုပ်တို့မြန်မာနိုင်ငံသားများအတွက် အထူးဝမ်းနည်းပါသည်။

    ၂။ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း ပြောဆိုသက်သေထူခဲ့ကြသူများ၏ မှန်ကန်မှုဘက်မှရပ်တည်ပါသည်။ နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာအနေဖြင့် နိုင်ငံ့အကျိုးစီးပွားဘက်မှရပ်တည်ရမည့်အားလျော်စွာ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ဘဲ အခြားတိုင်းတစ်ပါးသားများသာဖြစ်ကြောင်း အလေးအနက်ယုံကြည်ပါသည်။

    ၃။ အတိတ်ကာလတစ်လျှောက်လုံး ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားဖြစ်သည်ဟု မျက်စေ့စုံမှိတ်ထောက်ခံပြောဆိုနေခဲ့ကြသူများ အားလုံးကိုလည်း ရခိုင်အရေးအခင်းက သက်သေထူနေပြီဖြစ်ရာ မိမိတို့၏ရပ်တည်ချက်များကို ပြောင်းလဲသင့်ပြီဖြစ်ကြောင်း တိုက်တွန်းပါသည်။အကျင့်ပျက်ခြစားမှုများသည် မည်မျှ အန္တရာယ်ကြီးနိုင်ကြောင်းကို အထူးသဖြင့် နယ်စပ်တစ်လျောက်တာဝန်ယူနေကြသည့် အာဏာပိုင်များက သတိမူကြရန်နှင့် ယခုအရေးအခင်းက သင်ခန်းစာကို ယူကြရန်အချိန်တန်ပြီလည်းဖြစ်ပါသည်။

    ၄။ အခြေအနေတည်ငြိမ်သွားသည့်တိုင် ရိုဟင်ဂျာပြသနာသည် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်သည့် ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏကို ခြိမ်းခြောက်နေဦးမည်ဖြစ်ရာ ထိုပြသနာကို တိုင်းပြည်ချစ်စိတ်၊တိုင်းရင်းသားများစည်းလုံးညီညွတ်စိတ်ဖြင့် ၀ိုင်းဝန်းဖြေရှင်းကြရမည်ဖြစ်ပါသည်။

    ၅။ နိုင်ငံတော်အစိုးရ၊နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားလုံးသည် တိုင်းပြည်၏ကျုးကျော်ရန်ကို တပ်မတော်နှင့်အတူ လက်တွဲပြီး နှိမ်နှင်းဖြေရှင်းနိုင်ကြ လိမ့်မည်ဟု မျှော်လင့်ပါသည်။

    ၆။ အထူးသဖြင့် နိုင်ငံတကာနှင့် မြန်မာလူထုအပေါ်သြဇာညောင်းသော နိုင်ငံရေးခေါင်းဆောင်များသည် ယခုရိုဟင်ဂျာအရေးအခင်း၌ ပြတ်သားစွာရပ်တည်လမ်းညွှန်ဦးဆောင်ပေးကြပါရန် ကျွန်ုပ်တို့က မေတ္တာရပ်ခံ ပန်ကြားပါသည်။

    ရန်ကုန်မီဒီယာဂရု(ပ်)

    ၉-၆-၂၀၁၂

  5. ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် Eleven Media Group ၏ သဘောထားကြေညာချက်

    (၁) Eleven Media Group သည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကြောင့် သေဆုံးခဲ့သူများ၊ ဒါဏ်ရာရသူများ၊ အသက်အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာခဲ့သူများ အားလုံးအတွက် ၀မ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။

    (၂) Eleven Media Group သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှတစ်ဆင့် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများ၊ အဓိကရုဏ်းများ မဖြစ်ပေါ်သွားစေရန် သက်ဆိုင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ပြည်သူများအနေဖြင့် ၀ိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါသည်။ ၎င်းဖြစ်ရပ်များမှတစ်ဆင့် မတည်မငြိမ်ဖြစ်မှုများနှင့် လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲများအား နောက်ပြန်သွားစေနိုင်ကြောင်း အသိပေးအပ်ပါသည်။

    (၃) Eleven Media Group သည် နိုင်ငံနှင့်လူမျိုး၊ ပြည်သူများအတွက် သတင်းအမှန်များအား နိုင်ငံ့အကျိုးစီးပွား၊ လူထုအကျိုးစီးပွားအတွက် ရှေ့ရှု၍ ဆက်လက်ဖော်ပြသွားပါမည်။ BBC, AFP အပါအ၀င် နိုင်ငံတကာ သတင်း မီဒီယာများအနေဖြင့်လည်း ဘင်ဂါလီ ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်သားများတွင် ပါဝင်ခြင်းမရှိသည်ကို တိကျစွာဖော်ပြရန် လိုမည်ဖြစ်ပြီး မြန်မာတိုင်းရင်းသား အရေးကိစ္စများကို ဖော်ပြရာတွင် မလိုလားအပ်သော လူမျိုးရေး အဓိကရုဏ်းများ မဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်အမှန်များကို တိတိကျကျ ဖော်ပြရန် လိုမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

    (၄) ယခု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၏ အခြေခံဖြစ်သော ဘင်ဂါလီ ရိုဟင်ဂျာများကိစ္စအား နိုင်ငံတော်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် နိုင်ငံတကာအား ရှင်းလင်းပြတ်သားစွာ ပြောကြားရန် အချိန်ကျရောက်ပြီဟု ယူဆပါသည်။ ဘင်ဂါလီ ရိုဟင်ဂျာများအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၌ ပါဝင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်း၌ နေထိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဥပဒေများအား တိကျစွာလိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းရန် လိုအပ်ပါမည်။ ဥပဒေမဲ့ ကျူးလွန်သူ ရာပေါင်းများစွာကိုလည်း ဥပဒေအရ ပြတ်သားစွာ အရေးယူရန် တိုက်တွန်းအပ်ပါသည်။

  6. ထိုင်း၊မလေးရှားမှာ အလုပ်သွားလုပ်တဲ့မြန်မာများ တချို့အနှစ်၂၀ကျော်ပြီး၊ အဲဒီမှာပဲ အိမ်ထောင်ကျ၊ ကလေးမွေး .. မြန်မာပြည်တရားမ၀င်လာရောက်တဲ့ ရိုဟင်ဂျာတွေလိုပါ။ အနိုမ်ခံရပေမဲ့ .. ထိုင်း၊မလေးရှားအစိုးရက ..ကိုင်တွယ်နိုင်ဆဲပါပဲ။

    ချကွာ…ချကွာ..၊ မောင်းထုတ်ပစ် ဆိုပြီး …စစ်အုပ်ချုပ်မှအဆင်ပြေမှာလား…။ သတင်းဌာနများ ..ဥပမာ Eleven Media … လူအများစု မြန်မာများကို ချကွာလို့ လိုက်မမြှောက်ပင့်စေလိုပါ…။

Comments are closed.