မျက်မှောက်ရေးရာ သတင်းပဒေသာ

info and message from NPD

သမ္မတရုံးကလာသည့် ရခိုင်ဒေသဆိုင်ရာ သတင်း နှင့် တိုက်တွန်းချက်
ဇွန် ၈၊ ၂၀၁၂


မောင်တောမြို့ တနေရာ

သမ္မတရုံးအရာရှိတဦး၏ Facebook တွင် ဖော်ပြထားသော မောင်တောမြို့ အခြေအနေများ ဖြစ်သည်


ယနေ့ မောင်းတောဖြစ်စဉ်တွင် သတင်းပို့ချက်အရ ဗိုလ်မှူးရွာ မီးရှို့မှုတွင် ဒဏ်ရာရ/သေဆုံးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ/လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင်
ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊
လက်သန်းပြတ်ရှဒဏ်ရာ
တို့ဖြင့် သေဆုံး

ဒဏ်ရာရရှိသူများကိုမောင်တောဆးရုံသို့ ပို့ဆောင်ခဲ့၊ ယင်းအနက် (၃)ဦးထပ်မံ သေဆုံးခဲ့

မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင်
၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ
ထုတ်ဆင့်လိုက်သည်။

နေ့လည်(၁)နာရီခန့်တွင် မောင်တောမြို့မ ကျောက်ဗလီမှ ၀တ်ပြုပြီး ဆင်းလာသည့် ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူ အင်အား(၁၀၀၀)ကျော်ခန့်သည် ကမ္ဘောဇ ဘဏ်အဆောက်အအုံ၌ အဖီချထားသည့်အမိုးအား ဆွဲချပြီး ဆူပူအော်ဟစ်ခဲ့သည့်အပြင် ယူနိုက်တက် တည်းခိုခန်းနှင့် နေအိမ်တစ်လုံးတို့အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊

သတင်းအပြည့်အစုံကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် မကြာမီ လွှင့်တင်ပေးပါမည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်တွန်းချက်

ပြည်တွင်း၌ ဖြစ်ပွားနေသော ဖြစ်စဉ်ဖြစ်ရပ်များကြောင့် ပြည်ပနိုင်ငံများ (အထူးသဖြင့် ဘာသာရေးအရ ဆက်စပ်မှုရှိသော ပြည်ပနိုင်ငံများ)တွင် ရောက်ရှိနေ ကြသော မြန်မာမာနိုင်ငံသားများအနေဖြင့်လည်း ဤကာလအတွင်း သွားလာနေထိုင်ရာတွင် အထူးသတိရှိကြရန်နှင့် မိမိနိုင်ငံသားများအချင်းချင်း ဆက်သွယ်မှု မပြတ် ရယူထားကြရန်၊ အရေးအကြောင်းရှိပါက မြန်မာနိုင်ငံ သံရုံးများသို့ အချိန်နှင့် တစ်ပြေးညီ အသိပေး အကြောင်းကြားကြပါရန် တိုက်တွန်းအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts