မျက်မှောက်ရေးရာ သတင်းပဒေသာ

မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှုဖြစ်ပွားနေ – latest situation in Arakan State

Yangon Press International
http://www.facebook.com/ygnpress
ဇွန် ၈၊ ၂၀၁၂


ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ် မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့် သတင်းများ အရသိရှိရသည်။

မောင်တောမြို့တွင် အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုလူဝေးကိုခွဲရန် ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူ အကြမ်းဖက်ရန် လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာ လူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။

မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟုလည်း ၎င်းက ပြောသည်။

စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ ယနေ့နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။

နောက်ဆုံးရ မောင်တောမြို့ အခြေအနေ
ညနေ ၄နာရီ၊ ဇွန် ၈ ၊ ၂၀၁၂

မောင်တောမြို့ အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာမှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန်ကြိုးစား သော်လည်း မီးမလောင်ပဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

အချို့ရပ်ကွက်များတွင် လူနေအိမ်များမီးရှို့ခြင်း ရွှေထည်ပစ္စည်းများ လုယူခြင်းများရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း ၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့်နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။

မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။

အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်း တခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလို လူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားခြင်းကြောင့် တဖက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

နောက်ထပ် ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခံရပြီး ၃ ဦး အသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှု သတင်းကို သီးခြား အတည်မပြုနိုင်သေးပါ။

မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။

သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော် ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ် အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို
“ နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေပါသည်။
မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါသည်” ဟု ဖေါ်ပြထားသည်ကိုတွေ့ရသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှုဖြစ်ပွားနေ – latest situation in Arakan State
  1. အစ္စလာမ် ဘာသာဝင်မွတ်စ်လင် များ ကိုမေတ္တာရပ်ခံချင်ပါသည်။… ကိုယ့် လူမျိုးအချင်းချင်း အတတ်နိုင်ဆုံး နိုင်နှင်းအောင် ထိန်း ချုပ် ဆုံးမပေးကြပါ…လူမျိုးကြီး စိတ်ဓါတ် နိုင်ငံကြီးသားစိတ်ဓါတ် ၇ှိပေးကြပါ……

  2. I would like to request to Arakanese Buddhist Religious leaders and
    muslim Religios leaders to get involve, to work together in this matter. please take off all the lable of religions as a muslim or a buddhist, we all are belonging to our mother nation of Myanmar. we all are the same humen beings. we have been living together in the same country peacefully for a long time. please do not try to kill eachother anymore. please please all leaders show the right path to all your followers. the only lovingkindness is the right way for the pease. let us try to approch pease. PEASE PLEASE

Comments are closed.