ကဗျာ

လမ်းသာမှ အိမ်ပြန်မည်

လမ်းသာမှ အိမ်ပြန်မည်
မောင်သာမန်
ဇွန် ၈၊ ၂၀၁၂

အမုန်းတရား .. ဦးထိတ်ထားကာ
မုသားစကား .. ကြွယ်ဝပြူငှာ
ချိုသာစွာဖြင့် .. လိမ်လည်လှည့်ဖျား
သွေးဆောင်ငြားလည်း .. ကျွန်ုပ် လုံးဝအိမ်မပြန်ချင်ပါ၊
မေတ္တာကင်းမဲ့ .. ဒုစရိုက်များမြှောင်
ဖိနှိမ့်ညှဉ်းပမ်း .. လူသားမဆန်
မတရားအုပ်စိုး .. လူတန်ဘိုးမထားဘဲ
လက်ကမ်းရှည်ရှည် .. ဆန့်ကာတားလျှက်
လက်ကမ်းကြိုဆိုဖိတ်ခေါ်ငြားလည်း .. ကျွန်ုပ်အိမ်မပြန်ပါ

ကိုယ့်အိမ်ကိုယ့်ဟာ .. မွေးရပ်ဇာတိ
မိဘဆွေမျိုး .. လွမ်းဆွဲငြားလည်း
လက်နက်မျိုးပုံ .. ကျည်မျိုးစုံဖြင့်
တွေ့ရာမှန်သမျှ .. လူတိရိစ္ဆာန်မကျန်
ပစ်ခတ်ချေမှုန်း .. ဖမ်းဆီးသတ်ဖြတ်
အုပ်စိုးနေသ၍ .. ကျွန်ုပ် လုံးဝအိမ်မပြန်ပါ၊
စိတ်ဓာတ်မပြောင်း .. မူမပြောင်းဘဲ
ဘယ်လူပြောင်းပြောင်း .. နာမည်ပြောင်းလည်း
ပျက်လမ်းမပြင် .. လမ်းမှန်မပြောင်း
ကိုယ့်မြင်းကိုယ်စီး .. ထင်ရာစိုင်းပြင်း
ပန်းတိုင်မမြင် .. မြင်ရာပန်းတိုင်
ထားနေသ၍ .. ကျွန်ုပ် လုံဝးအိမ်မပြန်ပါ၊

သို့သော်
ပျက်လမ်းကိုပြင် .. လမ်းမှန်ကိုပြောင်း
မေတ္တာပွားများ .. စေတနာမှန်ထား
သစ္စာတိုင်တည် .. ပန်းတိုင်တည်လျှက်
ငြိမ်းချမ်းစိုပြေ .. တိုးတက်ဖွံ့ဖြိုး
ကမ္ဘာ့အလယ် .. ထည်ဝါ၀ံ့ကြွား
အမိပြည်ထောင်စုကြီးသို့
လက်တွဲညီညာ .. ပြည်တောင်စုဖွား
တိုင်းရင်းသားများ .. ညီရင်းအစ်ကို
ချစ်ခင်လေးစား .. အေးတူပူမျှ
မျှဝေခံစားရှိသမျှ .. ဉာဏ်စွမ်းခွန်အား
ပေးလှူဆက်ကပ် .. လက်ချင်းယှဉ်တွဲဖို့
ချိန်ခါရောက်၍ .. လမ်းသာရောက်လျှင်
ကျွန်ုပ်အိမ်ကို .. မနှေးပြန်ခဲ့မည်။

သိက္ခာတော်ရဆရာတော် ဒေါက်တာ ဆိုင်မွန်သာ
ကျမ်းစာသင်ကျောင်း၊ ခေတ္တ – မယ်လစခန်း
ထိုင်းနိုင်ငံ (၂၀၀၃)


ဇနီးနှင့်သမီးများ တောင်ပေါ်တွင် (အပေါ်ပုံ၊ ဘယ်ဖက်)၊


ဆရာဆိုင်မွန်သာ နေအိမ် (ပုဆိုးအနီနှင့် ဆရာဆိုင်မွန်သာ)
…………………………………………………………………..
I wonder as I wander,

On life’s journey as refugee,
Away from home and dear loved ones,
All the news read and received,
All the news I heard and seen,
Full of untold miseries:
People killed and being killed,
People raped and being raped,
People oppressed and being oppressed,
People sold and being sold,
People held and being held,
And detained in many ways
– Imprisoned, jailed and house arrest.
But –
When I turned to God in prayers
And I read His Holy Word,
Then I wonder as I wander,
A child of God on life’s journey
Nearer home and all loved ones,
All the pages turned and read,
All messages heard and seen,
Full of unfoiding mysteries:
People loved and being loved;
People helped and being helped,
Kind people showing kindness,
Following the Master’s steps,
What happened here on earth,
Fulfilling His Holy Word,
He is coming very soon,
Let’s he watchful and ready

Pastor Simon, Principal of KKBBSC
Mae La Refugee Camp, November 2003

• မှတ်ချက်
၂၀၀၃တွင် မဲလဒုက္ခသယ်စခန်းသို့ ဧ၀ံဂေလိခရီးစဉ်တွင် ဆရာဆိုင်မွန်သာ၊ ဇနီး၊ ဆယ်ကျော်သက်သမီးများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ဆရာဆိုင်မွန်ကိုယ်တိုင်ပေးအပ်ခဲ့သော ခံစားချက်စာပေများဖြစ်ပါသည်။ ဆရာဆိုင်မွန်သာမိသားစုသည် ၁၉၈၈ မှစတင်ပြီး မဲလဒုက္ခသည် စခန်းတွင် ရာစုနှစ် ၂ စုကြာနေထိုင်ပြီး၊ ကျမ်းစာသင်ကျောင်းဖွင့်လစ်၊ အမှုတော်ဆောင်သူဖြစ်သည်။ ယခုအခါ တတိယနိုင်ငံသို့ရောက် ရှိသွားသော်လည်း ဆရာဆိုင်မွန်အမှတ်တရ ပြန်လည်ဖေါ်ပြပါသည်။

လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြည်ပခရီးစဉ်မှ မဲလဒုက္ခသည်စခန်း (29May-3Jun2012) အမှတ်တရ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts