ဓာတ်ပုံသတင်း

74/ 75/ 76 Generation Students – ၇၄ အလုပ်သမားအရေးအခင်း ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့

  ၇၄ အလုပ်သမားအရေးအခင်း ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တာရာဝေယံ၊ ဇွန် ၇၊ ၂၀၁၂ (ရန်ကုန်)

“မြန်မာလူမှုအဖွဲ့အစည်းတွင် နှစ်ပေါင်း ၅၀ ကြာ အမြစ်တွယ် စိုးမိုးခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုး၏ အရိပ်မည်းကြီးကား လွှမ်းမိုးဆဲပင် ဖြစ်ပါသည်”

ဦးဝင်းတင်၊ ကိုဇော်မျိုးအောင်၊ ဦးအေးသာအောင်၊ ဦးကိုကိုကြီး၊ မသီရိနေ၀င်း

အကျဉ်းထောင်များတွင် ဆက်လက်ထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်

အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များ အပြည့်အ၀ရရှိစေရေး ဆောင်ရွက်ပေးရန်

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေပြီး

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ရန် …

  စတဲ့ လိုအပ်ချက်တွေကို ယမန်နေ့ ညနေပိုင်းက တော်ဝင်နှင်းဆီ သီရိခန်းမမှာ ကျင်းပခဲ့တဲ့ ၇၄ အလုပ်သမားအရေးအခင်း ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားမှာ အဆိုပါ နိုင်ငံရေးအင်အားစုများ ကိုယ်စား ဘိုးတော်ခင်ဝင်းမှ ဖတ်ကြားခဲ့တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

            အခမ်းအနားမှူးအဖြစ် မဖြိုးဖြိုးအောင် (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး) နဲ့ ဒေါ်နေရီဗဆွေက ဆောင်ရွက်ကြပါတယ်။

            အခမ်းအနားကျင်းပရခြင်းနဲ့ ပတ်သက်ပြီး ၇၅ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကျော်အောင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။

၁၉ ၇၄ ဇွန်လ အလုပ်သမားအရေးအခင်းအကြောင်းကို ဦးဝင်းကျော်မှ နင့်နင့်နဲနဲ့ ရှင်းပြခဲ့ပါတယ်။  ၁၉ ၇၄ ဒီဇင်ဘာ ဦးသန့် အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးသောင်းအေးမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

            ၁၉ ၇၅ ဇွန်လ အလုပ်သမားသပိတ် နှစ်ပတ်လည် အရေးအခင်းမှာ ပါဝင်ခဲ့သူ ဦးဥာဏ်အေးကလည်း သူ့ရဲ့အတွေ့အကြုံတွေကို ပြောကြားခဲ့ပါတယ်။

            ဦးအေးကျော်မှ မှိုင်းရာပြည့်အရေးအခင်းကို ပြောပြခဲ့ပြီး

ဆရာကြီးဟံသာဝတီဦးဝင်းတင်မှ အမှတ်တရစကား ပြောကြားပါတယ်။

            ၁၉၆၀၊ ၆၂ တကသခေါင်းဆောင် ဦးလှရွှေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ဗကသအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မီတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုတို့မှ အမှတ်တရစကားများ ပြောကြားခဲ့ပါတယ်။


 Statement from Writers’ Union

ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်အဖွဲ့မှ သ၀ဏ်လွှာကို ဦးခင်မောင်ကြည်၊ ၆၂ ကျောင်းသားခရိုင်အတွက် ဦးနေ၀င်း၊

 နိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်၊ကျဉ်း) အတွက် ဦးမြင့်အောင်၊တို့က ပြောကြားပါတယ်။ မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂသ၀ဏ်လွှာနဲ့ TGR ဟိုတယ်အခြေခံအလုပ်သမား အဖွဲ့အစည်း သ၀ဏ်လွှာတို့ကို အချိန်အခက်အခဲကြောင့် ဖတ်ကြားနိုင်ခြင်းမရှိပါဘူး။ မှတ်တမ်းတင်ခြင်း ပြုလုပ်ခဲ့ပါတယ်။

၇၄ ထိန်းသိမ်းခံ အလုပ်သမားဟောင်းကြီးများကွန်ယက်သို့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေ ကျပ် ၅ သိန်း ကို ဦးအောင်ထိုက်မှ ပေးအပ်ခဲ့ပြီး ဦးတင်ငွေမှ လက်ခံရယူပါတယ်။

            ၇၄၊ ၇၅၊ ၇၆ အထိန်းသိမ်းခံ နို်င်ငံရေးအင်အားစုထဲမှ လက်ရှိ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားဆဲ နိုင်ငံရေးအကျဉ်းသားဦးမြင့်အေးအတွက် ထောက်ပံ့ငွေကို ဒေါက်တာလှမြင့်က ဦးမြင့်အေး၏ ဇနီး ဒေါ်လဲ့အား ပေးအပ်ခဲ့ပါတယ်။

            ထောက်ပံ့ငွေလက်ခံရရှိတဲ့ အလုပ်သမားဟောင်းကြီးများအဖွဲ့မှ ဦးလှမြင့်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အမျိုသားရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေးကို သူတို့သက်တမ်းတလျောက် စူးစိုက် မြှတ်နှံလုပ်ကိုင်နေသူ မျိုးဆက်ဟောင်း လူကြီးများနဲ့ မျိုးဆက်သစ်တို့ ပေါင်းကူးတွေ့ဆုံကြတဲ့ ပွဲဖြစ်လို့ တက်ကြွ ဂုဏ်ယူဖွယ်ရာကောင်းတယ်လို့ ပရိသတ်တဦးက မိုးမခကို ပြောပါတယ်။

ဦးမိုးဝင်း၊ မဒုံ

 ကိုဘမျိုးသိန်း၊ ကိုဇေယျ၊ (အလယ်)

ကိုထက်ပိုင်အောင်

ဦးကိုကိုကြီး

ကိုကျော်ကိုကို

ဦးဖေအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “74/ 75/ 76 Generation Students – ၇၄ အလုပ်သမားအရေးအခင်း ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့
  1. သြော် ၇၄ အလုပ်သမားအေ၇းအခင်းတဲ.လားဗျာ ၇၀ခုနှစ်မှာ ခဏဆိုပီး စစ်ထောက်လှမ်းေ၇းက ခေါ်သွားလို. ဒုခပင်လယ်ဝေ သွားတဲ. ဂုံနီစက်၇ုံနဲ.သမိုင်းချည်မျှင်နဲ.အထည်စက်၇ုံက အလုပ်သမားတစု၇ဲ.မိသားစုဘ၀တွေကို ခင်ဗျားတို. မသိလိုက်တာလား မေ.လိုက်တာလား ကိုယ်.ကိုကိုယ်ဘဲ သိပါလိမ်မယ်…အဲသည်လူတွေကတော. ၈၈အေ၇းအခင်းကြီးလို လူအုပ်ကြီးများလာမှ လိုက်အော်တဲ.လူတွေ မဟုတ်တာတော. အမှန်ဘဲ..ခုနေ၇ှိမယ်ဆို၇င်တောင် လက် ၅ချောင်းတောင် အေ၇တွေက် မကျန်တော.ပါဘူး

Comments are closed.