ကဗျာ

ဇာတ်ရဲ့ပရိသတ်

နိုင်ဦးညို (ဖိုးဇီးရိုး)
ဇွန် ၅၊ ၂၀၁၂

မြေဝိုင်းက ဇာတ်ဘဲဖြစ်ဖြစ်
ကပွဲရုံထဲက ဇာတ်ဘဲဖြစ်ဖြစ်
ပိတ်ကားပေါ်က ဇာတ်ဘဲဖြစ်ဖြစ်
လူ့ဘဝဇာတ်ခုံပေါ်က
ကနေဆဲ ကနေမြဲ …။

ဇာတ်တစ်ဇာတ်မှာ
ဇာတ်စကောင်းဖို့လိုသလို
ဇာတ်သိမ်းကောင်းဖို့လိုတယ်
ဇာတ်လယ်မအီဖို့လိုသလို
ဇာတ်ရှိန်မြှင့်တတ်ဖို့လိုတယ်
ဇာတ်ညွှန်းဖွဲ့ကောင်းဖို့လိုသလို
ဇာတ်ဆရာလည်းတော်ဖို့လိုတယ်
ဇာတ်ပို့တတ်ဖို့လိုသလို
ဇာတ်လိုက်ကောင်းဖို့လိုတယ် ….။

ဇာတ်တစ်ဇတ်
ဇာတ်ညွှန်း ဇတ်လမ်း
ဘယ်လိုဘဲခင်းခင်း
ဇာတ်ဆရာ ဇာတ်ဆောင်
ဘယ်လောက်ဘဲညီညီ
သူ့ဇာတ် သူ့အရပ်နဲ့
ဘယ်လိုဘဲကက ….။

စင်ပေါ်မှာ
ကြာကြာခံမဲ့ဇာတ်
ပရိသတ်ရှိဖို့ သိပ်လိုတယ် ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts