ကဗျာ

စည်း၊ နည်းနှင့် ဖွားဘက်တော်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကျော်ဟုန်း
ဇွန် ၄၊ ၂၀၁၂

သစ္စာဖောက်တို့မည်သည်
စည်းကမ်းမရှိ
စည်းကို ကမ်းတတ်သူ။

သစ္စာစောင့်တို့မည်သည်
စည်းကမ်းကို သိ
စည်းကို နမ်းတတ်သူ။

စည်းကမ်းမှာ
နည်းလမ်းတွေ ရှိ၊

နည်းလမ်းမှာ
ခရီးလမ်းတွေ ရှိ၊

ခရီးလမ်းရှိလျှင် ခရီးလျှောက်
ခရီးလျှောက်လျှင် ခရီးပေါက်
ခရီးပေါက်လျှင် ခရီးရောက်
ပြီးမြောက်မှုများ အလီလီ။

ထို့ကြောင့်
သစ္စာဖောက်သည် ခရီးမပေါက်
အောင်ပွဲအလီလီ လွဲလိမ့်မည်၊

သစ္စာစောင့်သာ ခရီးရောက်
အောင်ပွဲ အလီလီ စံချိမ့်မည်
အောင်လံ အကြိမ်ကြိမ် လွှင့်လိမ့်မည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts