တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်

ဇွန် ၄ ၊ ၂၀၁၂ ၊ (Yangon Press International )

ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်း သတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံ တဦးတို့ဖြစ်သည်ဟု သိရှိရသည်။

တောင်ကုတ်မြို့

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှုလျှက်ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထားခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။

ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။

ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။
မူရင်းလင့်၊ www.facebook.com/ygnpress


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်
  1. သေဆုံး၇သူတွေ အတွက် စိတ်မကောင်းပါဘူး။ ပြသနာရဲ. အရင်းခံက တော. ပြည်သူလူထု ရဲ. ပြသနာ အသေးအမွှား လေးတွေ လှစ်လျူပြု မူ. တွေ က စတာလို.ထင်ပါတယ်။သတင်းစီး ဆင်းမူ.ကို ထိမ်းချုပ် တော. သတင်းမှန်တွေ ပြည်သူတွေ ချက်ချင်းမသိတော. ပေါက်ကွဲတော.တာပေါ.။ ဒါမျိုးနောက် မဖြစ် အောင် ဘယ်လိုလုပ်မလဲဆို တာ သေချာစဉ်းစား၇မယ်။လူမျိုးေ၇း ပြသနာတွေ ဖြစ် စဉ်လေ.လာ ကြည်.ရင် .ပြသနာ အသေးလေးတွေ က အခြေခံမယ် ။ ပြသနာကို ချင်ခြင်းမဖြ၇ှင်းဘူး ။ ဖြေရှင်းတာကို လည်း ပြည်သူ အားလုံး ကို သိအောင် ထိထိေ၇ာက်ေ၇ာက် သတင်း မထုတ်ပြန် ဒီတော. ကောလဟလ သတင်းတွေပဲ ပြည်သူတွေ သိ၇တယ်လေ။ ပေါက်ကွဲတော.တာပေါ. …….။ ပြည်သူ လူထု ပြသနာတွေ အသေးအမွှား ကစ ထိထိေ၇ာက်ေ၇ာက် မဖြေ၇ှုင်း ၇င် သတင်းတွေ ထိမ်းချုပ်ထား ၇င် ဒီလိုပြသနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။

Comments are closed.