Cartoon Box

Suu 67 Soon – ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့် မွေးနေ့ အမှတ်တရ အနုပညာများ ထွက်ရှိ

မိုးမခ ဇွန် ၄၊ ၂၀၁၂
လာမယ့် ဇွန် ၁၉၊ ၂၀၁၂ မှာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၂ နှစ်ကျော်နဲ့ ၆၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်စု အကျယ်ချုပ်ကျခံနေစဉ်ကာလကတည်းက ပြည်တွင်း ပြည်ပက မြန်မာ့အရေးနိုးကြားတက်ကြွသူများက နှစ်စဉ် မပျက်မကွက် အခမ်းအနားများနဲ့ မြန်မာပြည်အရေးအခမ်းအနားများ ပြုလုပ်ခဲ့သည့်အတိုင်း သည်နှစ်မှာလည်း ၆၇နှစ် မွေးနေ့အမှတ်တရများ၊ ဂုဏ်ပြုအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ ယခု လက်ခံရရှိတဲ့ မိုးမခမိတ်ဆွေ ဒီိဇိုင်းဆရာ ၂ ဦးဖြစ်တဲ့ အေခ နဲ့ ဂျစ်တူး(မုံရွာ) တို့ရဲ့ မွေးနေ့ပို့စကဒ် ဒီဇီုင်းကို မျှဝေပေးလိုက်ပါတယ်။ (မူလက သီဟာမောင်မောင်ဟု မှားယွင်းရေးမိသည်၊ ခွင့်လွှတ်ပါ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Suu 67 Soon – ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့် မွေးနေ့ အမှတ်တရ အနုပညာများ ထွက်ရှိ
  1. ကိုရစ်ခင်ဗျား
    အမေစုရဲ့ ဒီဇိုင်းလေးက ကျွန်တော့်ဖန်တီးမှုမဟုတ်ပါခင်ဗျား၊ ကျွန်တော့်ညီငယ်ဒီဇိုင်းဆရာတဦးဖြစ်တဲ့ အေခရဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့်အမည် ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျား။

    လေးစားစွာဖြင့်
    သီဟမောင်မောင်

Comments are closed.