ဓာတ်ပုံသတင်း

SF Burmese Community Book Drive မြန်မာသင်္ကြန်ပွဲမှာ ပရိသတ်နဲ့ မိတ်ဆက်

မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၂၊ ၂၀၁၂

မေလ ၂၇ ရက်က ပြုလုပ်တဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာသင်္ကြန်ပွဲတော်နဲ့ ကွန်မြူနီတီစင်တာရန်ပုံငွေပွဲမှာ ဆန်ဖရန်မြန်မာမိသားစုများရဲ့ စာအုပ်အလှူဒါနလုပ်ငန်းကလည်း ပြပွဲခန်းတခု တင်ဆက်ခဲ့ပါတယ်။ (http://sfbcbookdrive.blogspot.com)

လွန်ခဲ့တဲ့ နှစ် ဇူလိုင်လက စတင်ခဲ့တဲ့ SFBC Book Drive က တနှစ်တာအတွင်းမှာ ရန်ကုန်နဲ့ နယ်မြို့အချို့က စာကြည့်ခန်း၊ စာသင်ခန်း ၈ နေရာကို ကလေးစာအုပ်များ လှူဒါန်းနိုင်ခဲ့ပါတယ်။ အဲသည် လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများကို တင်ဆက်ပြီးတော့ ဘေးဧရိယာရောက် မြန်မာမိသားစုများကို အများကောင်းမှု ၀မ်းမြောက်သာဓုခေါ်နိုင်အောင် ရှင်းလင်းတင်ပြခြင်း၊ တယောက်တလက် ၀ိုင်းဝန်းကြရန် ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။

ပွဲတော်ကို လာရောက်ကြသူများအနက် တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းက ဦးဆောင်သူ ဒေါက်တာဇော်ထွန်းက အားပေးစကားပြောကြားခဲ့ပြီး အသင်းအဖွဲ့များ၊ မိသားစုများ ၀ိုင်းဝန်းကူညီလာအောင် တိုက်တွန်းပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ထို့အပြင် SFBC Book Drive  အတွက်လိုအပ်နေတဲ့ မြန်မာပြည်သို့ ပို့ဆောင်စာရိတ်အလှူအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀ ကို  လုပ်အားပေးလူငယ်များထံ ပေးအပ်ခဲ့တာကိုတွေ့ ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts