မိုးမခကို ပေးတဲ့စာ

Guest Writer – ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ

မိုးမခထံပေးစာ (ဖားကန့်ဧည့်သည်)၊ ဇွန် ၁၊ ၂၀၁၂
ယခုတလော ကချင်ပြည်နယ်၌ တိုက်ပွဲတွေ ပိုများလာသည်။ လွန်ခဲ့တဲ့သုံးပတ်လောက်က ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ တာမခန်-စသော ဒေသများသို့ သွားရောက်ခဲ့စဉ်က ဒီလောက် မဆိုးလှသေးဟုဆိုရပေမည်။ မိုးကောင်းမြို့အနီး ရထားကို မိုင်းခွဲတာတို့၊ ၀ိုင်းမော်ဒေသ၌ အစိုးရအရာရှိ လေးယောက် ခေါင်းဖြတ်သတ်ခံရတာတို့၊ တာမခန်မှ အင်းတော်ကြီးသို့ သွားရာလမ်း၌ မိုင်းဗုံးများ ထောင်ထား၍ ခရီးသွားများ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ရတာ “စသည့်တို့ …” လောက်သာရှိခဲ့သည်။
ယခုအခါ၌မူ ကချင်ပြည်နယ်အတွင်း ခရီးများသွားလို့၊ လာလို့ မကောင်းတော့ပေ။ လူအခွင့်အရေးများ ဆိတ်သုဉ်းနေသော ကချင်ပြည်နယ်ကို လူအခွင့်အရေးများ ရရှိနိုင်အောင် နိုင်ငံတကာမှ ကြိုးစား ဆောင်ရွက်ပေးသင့်သည်။ ဌာနေပြည်သူများ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိုးရ၊ ပြည်သူများနှင့် ကချင်KIAတို့ အမြင်မတူ ဖြစ်နေသည်မှာ အဓိကအကြောင်း အရင်းဖြစ်နေသည်ကို တွေ့ရသည်။ 
ကချင်ပြည်နယ်၌ နေထိုင်သော လူဦးရေ ၄၀% ခိုင်နှုန်းသည် ကချင်တိုင်းရင်သားများဖြစ်ကြပြီး၊ ကျန် ၆၀% ခိုင်နှုန်းသည် ရှမ်း၊ ကဒူး မြန်မာ တရုပ် စသော အခြားတိုင်းရင်းသား လူမျိုးများဖြစ်ကြသည်။ အနည်းစု ကချင်လူမျိုးများသည် အထူးသဖြင့် လူမျိုးစုခေါင်းဆောင်တို့သည် နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ဘာသာရေး အမြတ်ထုတ်လိုမှု၊ ဒီအကြောင်းနှစ်ခုကို အကြောင်းပြုí ပြည်သူရွေးကောက်ခံ နိုင်ငံတော်အစိုးရအား ပြောက်ကျားစံနစ်ဖြင့် တော်လှန် တိုက်ခိုက်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ ဌာနေ ကချင်တိုင်းရင်းသား လူငယ်များ ပညာမသင်ကြားရခြင်းကြောင့်ဖြစ်သည်။ ကချင်လူမျိုးအများစုသည် မူလတန်းပညာကိုပင် ဟုတ်တိပတ်တိ မသင်ကြရှာပေ။
 ကချင်ပြည်နယ်၌ နေထိုင်ကြသော ဒေသခံပြည်သူ၊ ပြည်သူများ လူနေမှုအဆင့်အတန်းများနှင့် လူ့အခွင့်အရေးများ ရရှိနိုင်ရန် နိုင်ငံတော်အစိုးရမှ စာသင်ကျောင်းများကို ဖွင့်လှစ်ပေးသော်လည်း ကချင်ကလေးငယ်အများစုသည် ကျောင်းတက်ခွင့်များကို မရရှိကြပေ။ စစ်ကြောင်းထောက်လှမ်းပေးခြင်း၊ နိုင်ငံတော်အစိုးရ၏ လှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်းပေးနေသောသူများမှာ ကချင်ကလေးသူငယ်များနှင့် ကချင်အမျိုးသမီးများဖြစ်နေသည်ကို အံသြစွာ တွေ့ရှိနေရသည်။
ပညာမတတ်ရှာကြသဖြင့် အသွင်ကူးပြောင်းရေး ကာလမှာ သူတို့ခံယူချက်များကို မပြောင်းနိုင်အောင်ဖြစ်နေကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ လမ်းပြင်ခြင်း၊ လမ်းဖေါက်ခြင်း၊ တံတားဆောက်ခြင်း စသည်တို့ကို ဘယ်လောက်ပဲပြုလုပ်ပေးပေး မလိုလားနိုင်ကြပေ။ အကြမ်းဖက်နည်းသည်သာ သူတို့၏ခံယူချက် အဓိဋ္ဌာန်ဖြစ်နေခဲ့သည်။
စစ်အစိုးရလက်ထက်က KIA တို့နှင့် ငြိမ်းချမ်းရေးယူကာ ဖားကန့်ဒေသရှိ အချို့နယ်ပယ်ဒေသများ၊ လိုင်ဇာကဲ့သို့သော ဒေသများအား KIA နှင် KIO တို့အား ခွဲဝေပေးလျှက် သူတို့ရဲ့ အုပ်ချုပ်နယ်မြေအဖြေစ် ညှိနှိုင်းပေးအပ်ခဲ့သည်။ နာမည်ကျော် နမ္မတီးသကြားစက်ကြီးးကိုပင် KIA နှင့်ကချင်လူမျိုးတို့အား လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် လက်နက်ဖြင့်သာ လုပ်ကိုင်စားသောက်တတ်သော ကချင်လူမျိုးတို့ လက်ထက်ဝယ် သကြားစက်ရုံကြီး အလည်ရပ်ခဲ့ရသည်။ ယခုအချိန်အထိ ထိုနမ္မတီးသကြားစက်ရုံကြီးသည် ကချင် KIA တို့ ပိုင်ဆိုင်ထားဆဲဖြစ်သည်။
 
ကချင်ပြည်နယ်နေ KIA တို့သသည် ကချင်ပြည်နယ်ကို သူတို့ပိုင်နယ်မြေဟု သတ်မှတ်ပြောဆို ယူဆနေဆဲဖြစ်သည်။ ကချင်လူမျိုးမှန်သမျှ KIA စစ်သားများသာ ဖြစ်ရမည်ဟု ကြွေးကြော်နေဆဲဖြစ်သည်။ ကလေးသူငယ်များ၏ လူ့အခွင့်အရေးများကို သူတို့ နားလည်ဟန်မတူပေ။ ကချင်ပြည်နယ်၌ ထွက်ရှိသမျှ မြေပေါ် မြေအောက် သယံဇာတများသည် သူတို့သာ ပိုင်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ဆောက်လုပ်ထားသော မြစ်ကူး၊ ချောင်းကူး၊ မြောင်းကူး အလျားပေ ပေနှစ်ဆယ်အထက်၌ရှိသော တံတားမှန်သမျှ မိုင်းဗုံးမခွဲခံရသောတံတားကား မရှိသလောက်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း လမ်းပမ်း ဆက်သွယ်ရေးများ ကောင်းမွန်နေခြင်းသည် သူတို့အတွက် အန္တရယ်ရှိသည်ဟု  အမြင်ရှိနေဆဲဖြစ်သည်။  အမှန်တကယ်မူ ကချင်ပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည်။
ကချင် KIA တို့သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြသော ပြည်သူများထံမှ ဆက်ကြေးများကို တောရွာများမှသည် မြို့ပြနေပြည်သူများအထိ ဆက်ကြေးများကို (ယခင်အခါများက တနှစ်မှာတစ်ခါ ကောက်ခံသော်လည်း ယခုအခါ ငါးကြိမ်မှဆယ်ချိန်အထိရှိလာသည်) ကောက်ခံနေဆဲဖြစ်သည်။ ဆက်ကြေးမပေးနိုင်လျှင် သို့မဟုတ် ဆက်ကြေးမဆပ်လိုသော ပြည်သူတို့အတွက် သွားရားလမ်းတစ်လမ်းကိုသာ ဖွင့်ထားပေးခဲ့သည်။ ထိုလမ်းမှာ သေမင်းတမန်လမ်းဖြစ်သည်။ လူ့အခွင့်အရေးများ ပျောက်ဆုံးနေသော ကချင်ပြည်နယ်ကို ကမ္ဘာ့ပြည်သူများ သိနိုင်မည်မဟုတ်ပါ။  
       ကချင်တိုင်းရင်းသားများအပါအ၀င် ရှမ်း၊ ကဒူး၊ ဂဏန်း၊ မြန်မာ၊ တရုပ် စသော ပြည်သူတို့အား ထိုလက်နက်များဖြင့် ခြိမ်းချောက်နေပြီး၊ လူ့အခွင့်ရေများကို ဆက်လက်ချိုးဖေါက်နေသမျှကာလ ပတ်လုံး ကချင်ပြည်နယ် ငြိမ်းချမ်းရေးရောင်ခြည်သည် ပျောက်ဆုံးမြဲ၊ ပျောက်ဆုံးနေဦးမည်သာ ဖြစ်သည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

29 thoughts on “Guest Writer – ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ
  1. Your understanding and views are totally wrong.
    If you does not know the real history of Burma you should shut up your mouth.

  2. KIA/KIO going to destroy in side Burma or Burmese military come to destroy KIA\KIO
    territory? You need to Think carefully before you post yor artical Guest Writer. If the Burmese military (U Thein Sein) Goverment look after the Kachin people no one will run to Kia/Kio side. It is simply showing how the Burmese military are trustful.
    Don’t ask ethnic how they trust gang-star(U Thein Sein) military Goverment.
    If you want to know the result you can ask the people in side Burma.
    They will tell you the right answer. You even know what is happening in side Burma now.
    It is showing that how good gang-star (Kyaunt Phut) military Goverment is. Are you a member of Kyaunt Phut Guest Writer?

  3. Completely nonsense article.
    90% of the Kachin state was under the direct control of the Kachin Duwas.
    Today more and more outsiders encroaching into Kachin, that is why many other Nationals living in Kachin today.
    The educations of the Kachins must not be under estimated. Kachins have the highest literacy rate than other Nationals.
    Kachins are well organized communities, Look at KBC and Kachin International Networks. KIO/ KIA is well organized and far more civilized than the Military Government which has been proved by the present wars in Kachin, All IDPs replied that they run from the atrocities of the Government troops no IDP say that they run from KIA.

  4. အဲဒီကေအိုင်အေခေါင်းဆောင်ဆိုတဲ့လူတွေကငြိမ်းချမ်းရေး
    ဆွေးနွေးပွဲမှာတောင်မှဆေးလိပ်ကြီးတွေသောက်ပီးလူမိုက်
    ပုံစံတွေနဲ့။တခြားအဖွဲ့KNU, SSA တွေကလူကြီးလူကောင်းပုံဆံနဲ့ဆွေးနွေးလို့
    သဘောတူညီချက်တွေတောင်ရနေပါပီ။

    1. cigarette diplomacy ဆိုတာ ဘာလည်းလို့အရင်လေ့လာပါ၊ ခင်များတုန်းအ မှန်းသူများတွေသိကုန်မယ်

    2. သမိုင်းမသိ ဘယ်က မျိုးမစစ်ထအော်တာလည်းမသိဘူး….
      သူ့အဆိုအရဆိုရင် မန္တလေးမြို့ဟာ တရုတ်တွေအများစုနေတာမို့လို့ …
      တရုတ်ပြည်မြေပုံထဲထည့်သင့်တယ်လိုပြောလိုက်ခြင်းပဲ…
      ဒီလိုလူမျိုးကို ဗမာလူမျိုးတွေတောင် သတိထားသင့်တယ်နော်…
      မျိုးမစစ်ကောင်…ကချင်ပြည်နယ်ဟာ ကချင်တွေရဲ့နယ်မြေပဲ…ခင်ဗျားမှာနေစရာမရှိရင် တရုတ်ပြည်ထဲသွားနေပါ…ကချင်ပြည်ကို ဗမာတွေပိုင်တဲ့မြေအဖြစ် ဖြည်းဖြည်းသွတ်သွင်ချင်တာလာ..ဟဟဟဟ.. ခင်ဗျား င်္သချိုင်းကိုသွားပြောတောင် အလောင်းစုတွေထကိုက်လိမ့်မယ်…
      အဲဒီမိုးမခလည်းမျိုးမစစ်စရင်းထဲပါချင်နေလားမသိဘူ….ဒီလိုမျိုးကို အမြင်မတူမူတွေဘာတွေနဲ့ သင်တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလိုခြင်နေသလိုပဲ…တိုင်းရင်းသားလက်နက်ကိုင်တွေကိုပြပြီး စစ်အစိုးရဆက်အသက်ရှည်ဖို့ပံ့ပိုးနေတာသလိုပဲ…

      1. အဲ…ကချင်ပညာရေးကတော့ သူများလောက်တော့မရှိတာလက်ခံပါတယ်…
        ဒါပေမဲ့ ကိုယ့်ကိုယ်ကိုပညာတတ်ပါတယ်ဆိုပြီသမုတ်ယူတဲ့သူတွေကပဲ… လူမဆန်တဲ့အလုပ်လုပ်နေကြတာတွေ့နေရတယ်…
        ကိုယ့်ဘုန်းကြီးကို ခေါင်းခုတ်…မီးရှို့သတ်…
        ကိုယ့်ထက်ပညာနိမ့်တဲ့ တိုင်းရင်းသူတွေကို ခွေးမိတ်လိုက်သလို အစုလိုက်အပြုံလိုက် မဒိန်းကျင့်နေတာကိုကျတော့ရော…ခင်ဗျားဖြေပေးပါ…
        တံတားဖျက်တာလောက်လာထည့်ပြောမနေနဲ့ တတိုင်းပြည်လုံး စစ်တပ်က ဖျက်နေတာ…တတိုင်းပြည်လုံးက ရှိသမျှတွေကို ဗမာလူမျိုးတွေအားလုံးကောင်းစားဖို့လည်းမဟုတ်ဘူး…
        ခေါင်းဆောင်ပိုင်းလောက်ပဲကောင်းစား ဖို့လုပ်စားနေတာတွေကိုကော တွက်ပြပါလား…

  5. ဘာကြောင့် KIA ကိုလူ့အခွင့်အရေးချိုးဖောက်တယ်လို့ ထင်နေကြတာလဲ..လေဖမ်းဒန်းစီးပြီး ခန့်မှန်းပြီး ပြောဆိုတာမျိုးမလုပ်ပါနဲ့.ဒါကလေးကစားနေတာမဟုတ်ဘူး..ကချင်လူမျိုးတွေတည်တံ့နေဖို့ အရေးဟုတ်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာကို တိုင်းတာမယ်ဆိုရင် စစ်အစိုးရရဲ့ အပုံတစ်ရာ တစ်ပုံတောင် မရှိသေးပါဘူး.အခုလို ၀ါဒ မိုင်းတိုက်တာကို က ဗမာလူမျိုးကြီးစိတ်ဓါတ်ကို ရိုက်သွင်းပေးနေတာပဲ.မသိတဲ့လူတွေ သူများပြောတာကို ယုံသွားမှာပဲ။ဘာလို့စစ်ဖြစ်နေတာဆိုတာသိချင်ရင် တိုင်းရင်းသားတိုင်းကိုမေးကြည့်ပါ။ဗမာအချင်းချင်းတော့ သွားမမေးနဲ့။ ကိုယ်ချငိးစာပြီး၊ ခံစားပေးပြီးမှပြောသင့်တာကိုပြော၊ ရေးသင့်တာကိုရေးပါ

    1. ဂျပန်တွေ ဗမာပြည်ကို ကျူးကျော်တုန်းက ဗမာလူမျိုးတွေစိတ်မှာ ဘယ်လိုခံစားခဲ့ရလဲ.အဲလိုပဲ တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာခံစားနေရတယ်.သမိုင်းမှာ ကရင်တွေလက်ထဲက ရန်ကုန်ကို ကချင်စစ်တပ်တွေ ကယ်ခဲ့တယ်ဆိုတာ ခုခေတ်လူတွေ ဘယ်သူမှ မသိကျတော့ ဘူးမဟုတ်လား.အဲဒီကျေးဇူးတရားကိုမှ မထောက်တဲ့ ဗမာစစ်တပ်.ကိုယ့်ပေါင်ကိုယ်လန်ထောင်းပြီးပြောတတ်တဲ့ အမျိုးတွေ..

  6. You don’t know Kachin people’ s feeling because your are not Kachin. Never write like this article what you don’t know. You should learn first what is the feeling of Kachin people. How much you get pay for this article. Your article also not support peace for Kachin land, because your article is just full with your view and lack of Kachin people’ s feeling and views.

  7. Do you know that when KIA bought the Namti sugar factory, it is just old building there is nothing in it. Your step fathers and your brothers in law had stolen all for your mother and sisters.

  8. ကေအိုင်အေသည် ဘာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ တွေးတွေး.. ငါတို့ကချင်တွေရဲ့အသွေးတွေက သူတို့တွေထဲမှာ အပြည့်ရှိနေကြသေးတယ်.. သူတို့ရဲ့အမှားတွေကလည်း ငါတို့ရဲ့ သံသယမကင်းနိုင်ဘူး.. ငါတို့အားလုံးက ကူမထောက်ပြရင်းပြုပြင်သွားကြမယ်.. ကချင်မှာလူဆိုးပဲဖြစ်ဖြစ်.. သူတော်စင်ပဲဖြစ်ဖြစ် ကချင်ပါပဲ.. ညီအစ်ကိုတွေပါပဲ..

  9. ကချင်အကြောင်းရေးချင်ရင် ကချင်သမိုင်းကိုကောင်းကောင်းလေ့လာပါ။

  10. ထပ်ပြီးသတိပေးလိုက်အုံးမယ် ကချင်ပြည်နယ်မှာ ဘယ်လူမျိုးတွေပဲနေနေ ကချင်ပြည်သားတွေပါပဲ။ သွေးခွဲလို့ သွေးကွဲသွားကြမယ်ဆို အရင်ဦးဆုံးနှစ်နာနိုင်နာက သွေးကွဲသွားတဲ့သူတွေပဲ။

  11. Guest Writer !! I think you are one of the stupid Burmese. I’m Burmese too, not Kachin. I know that the Burmese peoples are very selfish, me too,you too. We think, we are the most important people in Burma. We don’t care about other ethnics. Look at your article, its not true, because everybody is complaining. You should read the comments. No-body like your article. Do you know who started the civil war in Kachin Lead, who broke the promises between KIA and government. You know nothing. So, you write wrong way..

  12. စကောလောက်မှ စောက်မနက်တဲ့ အတွေးအခေါ် အယူအဆတွေပါလား! သိပ်ရေးချင်တယ် ဆိုရင်လည်း ဘာကြောင့် စစ်ပြန်ဖြစ်တာလဲဆိုတာ အရင်လေ့လာပါ။ ကချင်ပြည်တွင်းစစ်အကြောင်းရေးချင်ရင် ပြည်ထောင်စုထဲ ကချင်တွေ ပါဝင်လာရတဲ့ အကြောင်းကို ဂဃနဏသိအောင် အရင်လေ့လာလိုက်ပါ။ သတ္တိရှိရင် နာမည်ရင်းနဲ့ရေး။ ခင်ဗျားအရေးအသားတွေက ကေအိုင်အိုကိုတင်မဟုတ်ဘူး ကချင်တွေအားလုံးကို စော်ကားနေတာပဲ။ ပညာမတတ်လို့ပဲ ကချင်တွေက ကေအိုင်အိုကို ထောက်ခံနေတယ်ပေါ့လေ။ ခင်ဗျားကကော ဘယ်လောက်ပညာတတ်နေလို့လဲ။ ခင်ဗျားသိထားဖို့က ဒီအချိန်မှာ အစော်ကားခံ ကချင်တွေအားလုံး စိတ်သဘောထားတစ်ခုထဲ ရှိနေတယ်ဆိုတာပဲ။ အောက်ခြေ ‘၀’မတတ်ကနေ ပါရဂူဘွဲ့ရအထိ ကေအိုင်အိုရဲ့နိုင်ငံရေးမူဝါဒကို ထောက်ခံတယ်ဆိုတာ မှတ်ထားလိုက်ပါ။ ဘယ်သူက အမေကျော် ဒွေးတော်လွမ်းမှာလဲ။ ခလေး၊မိန်းမ မကလို့ မုဆိုးမတောင် မရှိမဲ့ရှိမဲ့နဲ့ ခုခံတွန်းလှန်စစ်ကို ထောက်ပံ့နေတယ်ဆိုတာ သိထားပါ။ ကချင်ပြည်မှာ လူ့အခွင့်အရေးတွေဆုံးရှုံးနေတာ အစိုးရတပ်တွေကြောင့်ဆိုတာလောက်တော့ သာမန်စာဖတ်တတ်တဲ့လူတိုင်း သိပါတယ်။ မသိရင်လည်း အင်္ဂလိပ်စာလေ့လာပြီး နိုင်ငံတကာသတင်းတွေ၊ လူ့အခွင့်အရေးအစီရင်ခံစာတွေ ဖတ်တတ်အောင် အရင်လုပ်လိုက်အုံး။ ကချင်တွေက ခင်ဗျားတို့ကို လာတိုက်နေတာမဟုတ်ဘူး။ အတိုက်ခံနေရတာ။ ကျူးကျော်စော်ကားသူနဲ့ အကျူးကျော်ခံ၊ အစော်ကားခံနေရတဲ့သူကြား ဘယ်သူ့ဘက်က ရပ်တည်မှာလဲ။ ခင်ဗျားအရေးအသားက ‘သူခိုးက လူဟစ်’ ဆိုသလို ဖြစ်နေပြီ။

  13. I wonder Why the opposition media like Moe Ma Ka website posted this kind of controversial rubbish article rather than the real situation on the ground.
    Will Moe ma Ka will publish whoever write an article as a Guest Writer without verifying whether these kind of article is publish for good or whether this kind of articles are from Government propaganda? I think MoeMaka should review your policy and your stand.

  14. ဒီလိုအဆင့်မရှိ၊ အခြေအမြစ်မရှိတဲ့ article ကို တင်ပေးတဲ့ မိုးမခ ကိုပဲ အံ့သြေလို့မဆုံးပါ။ အဆင့်မရှိတဲ့ဟာတွေတင်တော့ မိုးမခလဲဘယ်အဆင့်ဆိုတာ ပြောပြနေစရာတောင်မလိုဘူး။ ဘာတဲ့လဲ… Moe Maka: Burmese Community News and Media ဆိုပါလား။

  15. though it’s not even worth to comment on this post, those bunch of stupid Burmese extremists with formal might think, it’s true. This is nothing more than a piece of shit! IT’S HATE SPEECH!!! Those who supporting this shit, should go back to literacy program. I am so surprised how come MoeMaKa posted this horrible one, while using “PEACE” symbol as you logo… SHAME ON YOU AS WELL!!!! Don’t give me a shit media doesn’t bias over anything….. if you guys can’t differentiate hate speech and free speech, change your logo or change your profession!!! You can delete my comment, if you think your site is only for “Burmese”……….
    and to the author–> you are saying Kachin can’t be satisfied no matter how new roads and bridges have been built for them–> this shows your stupidity, go and see the “phar kant” road….. and do you think the army gave the Namatee Sugar factory for “FREE”?
    to TZT–> before you comment, you better research properly…. 😀 if you can’t or aren’t capable, just follow the news regularly….. Did you see Gum Maw smoking after LaJaYang meeting while meeting with another group???? FYI: He doesn’t smoke… 😀 …
    i will wait and see if Moe Ma Ka post me comment … 😀 😀 😀 😀

    1. …..with formal ***”Education”*** might think it’s true……. sorry i left most important word… 😀

  16. Ha,ha,ha,ha,ha,ha. Very funny. I don’t like this news.because it’s not true new. who’s like moemaka new? crazy moemaka. ha,ha,I’m not kachin.

  17. မိုးမခဟာတကယ်.ပြည်သူ.အသံ ကိုဘဲ ထင်ဟတ်တဲ.သတင်းဌာနာလို.ဘဲထင်မှတ်ခံယူထားဒါပါ Guest writer ဆိုပယ်မယ်.ဒီလိုအဓိပယ်မရှိတဲ.စာမူတွေကိုတော.မတင်သင်.ဘူးလို.ထင်ပါတယ်။ ဒီလိုarticle ကိုမြန်မာ.အလင်းမှာဘဲဖော်ပြသင်.တဲ.ဟာဘာ။

  18. aw….aw….. momakha also mind-set of junta or brutal regimes government of burmese, and brutal news and propaganda news.. we know what do u mean it news.
    bye..so long…momakha..never read, never support ur website.

  19. အမည်မဖော် သူရဲဘောကြောင်စာရေးသူထံသို့ –
    နမ္မတီးသကြားစက်အကြောင်း ကောင်းကောင်းသိချင်ရင် သက်ဆိုင်ရာစက်မှုဝန်ကြီှးဌာနကို စုံစမ်းကြည့်ပါ။ နိုင်ငံတော်က အရှုံးပေါ်ပြီး သကြားစက်လည်ပတ်လျှင် လစဉ် သိန်းရာကျော် အရှုံးပေါ်ပြီး မလည်ဘဲ ရပ်ထားလျှင်တော့ ၀န်ထမ်းလစာဘဲပေးရတော့ သိန်း(၆၀)လောက်ဘဲ အရှုံးပေါ်ပါတယ်။
    အဲဒါကိုဘဲ အရောင်ပြောင်းထမီလဲစစ်အစိုးရက အဲဒီတုန်းက ငြိမ်းချမ်းရေးယူထားတဲ့ ကေအိုင်အို ကို စေတနာထား သလိုလိုနဲ့ တပတ်ရိုက်ကာ မဟားဒရားအရှုံးပေါ်နေတဲ့ စက်ရုံကြီးကို ထိုးပေးသွားတာ … ထိုစဉ်အချိန်က ကေအိုင်အိုလဲ ရယူထားသည့်ငြိမ်းချမ်းရေးကို ထိခိုက်မှာစိုးတဲ့အတွက်လက်ခံထား ခဲ့ပါတယ်။ မသိလို့တော့မဟုတ်ပါဘူး။ အဲဒီက အလုပ်လက်မဲ့ဖြစ်လုဆဲဆဲဝန်ထမ်းတွေကို လည်း တစ်ဖက်တလှမ်းက စောင့်ရှောက်ခဲ့တယ်။ ဒီအကြောင်းတွေ ပိုဖော်လေလေ ထမီလဲအစိုးရရဲ့ လိမ်ကွက်တွေ ပေါ်လေလေဖြစ်လာတော့မှာ မို့လို့ ဒီလောက်ဘဲပြောပြလိုက်ချင်ပါတယ်။
    မိုးမခရဲ့ သတင်းတွေကိုလည်း အစဉ်အားပေးနေပါတယ်။ ဒါပေမယ့် ဒီလိုပုံမျိုးနဲ့ဆိုရင်တော့ သိပ်မဟန်ဘူး။

  20. လက်ရှိ ကချင်ပြည်နယ်သည် ဖဆပလခေါင်းဆောင်ကြီးများ ရဲ့ စေတနာဖြင့် ကချင်တောင်တန်း နှင့် ပြည်မ မှ မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်တို့ အား ပေါင်းစပ်ဖွဲ့ စည်းပေး ခြင်းဖြစ်ရာ ကချင်ပြည်နယ် ကိုယ်ပိုင်ပြဌာန်း ခွင့် အလိုရှိပါက မိမိတို့ ဗမာ နှင့် မြေပြန့် ရှမ်များ အစဉ်အဆက် နေထိုင်ခဲ့သော ၄င်း ခရိုင်များ အား ပြည်မနှင့်ပြန်လည်ပူးပေါင်း ပြီးမှဆောင်ရွက်စေလိုပါသည်

    1. ကချင်ပြည်ကို အင်္ဂလိပ်ကျူးကျော်လာတဲ့အချိန်မှာ ခုခံကာကွယ်တာ ကချင်လူမျိုးတွေပါ၊ ဂျပန်တွေ ကချင်မြေကို ခြေချချခြင်း ခုခံတာ ကချင်တွေပါ၊ နောက်မှ အင်္ဂလိပ်၊ အမေရိကန်၊ တရုပ် တပ်ပေါင်းစုတို့ ဝင်လာတာပါ၊ ကချင်ဒူဝါတွေ ဘယ်သူ့ကိုမှ အခွန်ဆက်သခဲ့တယ်ဆိုတာမရှိပါ၊ လက်ဆောင်ဖလှယ်ခြင်းနဲ့ မဟာမိတ်ဖွဲ့တာပဲရှိခဲ့ပါတယ်၊ ခင်များပြောသလိုဆိုရင် ရှမ်းပြည်လည်း အစိတ်စိတ်အမွှာမွှာကွဲမဲ့ပုံပဲ၊ ဗမာဒေသဆိုရင်လည်း ပိုင်ရှင်ရှိပီးသားပါ မွန်တို့ဌာနေလို့တောင်ပြောလို့ရတယ်၊ ဘာပြောခြင်သေးလည်း။ @ ဇာနည်မောင်

Comments are closed.