ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၁၈၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပွဲတော်ကြီးအား ၁၆.၁၁.၂ဝ၁၃ ရက်နေ့တွင် ဝန်ထမ်းများ၊ အသင်းသား/သူများတို့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကာ စည်း လုံးညီညွတ်စွာ အားကြိုးမာန်တက် စီစဉ်ဆောင်ရွက်၍ ပျော်ရွှင်စွာဖြင့် ဆင်နွှဲကြသည်။

   

  နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ် (လှည့်လည်) နိုင်ရန်အတွက် ၁၅.၁၁.၂ဝ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်၍ ပဒေသာပင်များစီရီခြင်း၊ လှည့်လည်မည့် မော်တော်ယာဉ်များပြင်ဆင်မှု၊ ပင့်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ရန်အတွက် ပြင်ဆင်မှုများအပြင် ယင်းနေ့ ည (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခခန်းမဆောင်ကြီး၌ ဝါသနာရှင် လူငယ်မောင်မယ်များတို့၏ သီဆိုဖျော်ဖြေမှုနှင့် အကအလှ များ၊ “ပေးဆပ်သူများ” သံချပ်အဖွဲ့ ဖျော်ဖြေခြင်း၊ (၁ဝ) နိုင်ငံမှ Miss မော်ဒယ်လေးများ၏ ဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ဖျော်ဖြေပွဲအား ရန်ကုန်တိုင်း ခြင်းလုံးလက်ရွေးစင် လူငယ်များ၏ ဖျော်ဖြေမှု နှင့် ခြင်းလုံးအဖွဲ့ချုပ်၏ လက်ရွေးစင်ဖြစ်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမှတ်စဉ် (၃/၁၃) မျိုးဆက် သစ်သင်တန်းသူ မစန်းစန်းမြင့် (ခ) ဇာမဏီ မိုးမိုးစံ အဖွဲ့၏ ခြင်းလုံးအလှခတ် ဖျော်ဖြေခြင်း၊ လူရွှင်တော် ဦးမိုးကျော်မှ တကိုယ်တော် ဟာသဖျော်ဖြေ ခြင်း၊ Here & Now Dance Crew အဖွဲ့မှ “အနိစ္စတရားသို့ အလည်အပါတ်သွားခြင်း”နှင့် “ငြိမ်းချမ်းရေး” သရုပ်ဖော်ပြကွက်များအား မေတ္တာဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ ကြပြီး အငြိမ့်ဖျော်ဖြေမှုအဖြစ် “သုခကုသိုလ်တော်” အငြိမ့်အဖွဲ့မှ ခေါင်းဆောင်မင်းသမီး – ခင်ဝါဝါဦး၊ ရှေ့ထွက်မင်းသမီး – ခင်ဆွေထိုက်၊ လူရွှင်တော် – ပြောင်ကြီး၊ တင်ကို၊ ဝဏ္ဏ၊ ဇော်ကြီး၊ ဗူးသီး၊ ကျော်ဇော လင်း အစရှိသည့် အငြိမ့်ဖျော်ဖြေမှု တို့အား ဂီတမှူး – ဦးခင်မောင်လွင် (ယဉ်ကျေးမှုတက္ကသိုလ်)၊ ကီးဘုတ် – ကိုလူဝင်းအောင်၊ ပတ်မတီး – ဦးလှကြိုင်၊ အုပ်စုံတီး – ဦးတိုး၊ စည်းဝါး – ကိုအုန်းသိန်း (နာ/ကူ) တို့မှ အားဖြည့် ကူညီတီးခတ်ကြပြီး ကထိန်အကြို ညချမ်းအချိန်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတော့သည်။

 

၁၆.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၇း၃ဝ) နာရီအချိန်တွင် ပဒေသာပင်စုစုပေါင်း (၂၁) ပင်တို့အား မော် တော်ယာဉ် (၂၈) စီးတို့ဖြင့် စီတန်း၍ အသင်းသား/သူများ၊ လှူရှင်များ၊ ခေတ်သစ်ရှေ့ဆောင် ဇေယျာ အောင် (သံစဉ်ဒိုးအဖွဲ့)၊ အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့) တို့မှ အားဖြည့်ကူညီ တီးခတ်၍ ရန်ကုန်မြို့တွင်း ဆူးလေစေတီတော်မြတ်နှင့် ရွှေတိဂုံစေတီတော်မြတ်တို့အား လှည့်လည်ခဲ့ပြီးနောက် နံနက် (၁ဝးဝဝ) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ကထိန်လျာမြတ်သင်္ကန်း အား ရန်အောင်မြင်ကျောင်းတိုက် ဝဋ်ကြွေးတော် ပြေဆရာတော် ဘဒ္ဒန္တသီရိပါလ ထံသို့ ဆပ်ကပ်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ လှူဒါန်းခဲ့ပြီး ကြွရောက်လာကြသော သံဃာတော် အရှင်သူ မြတ်အပေါင်းတို့အား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့သည်။ ပဒေသာပင်များအား ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့ နယ်ရှိ ရန်အောင်မြင်ကျောင်းတိုက် (ဝဋ်ကြွေးတော်ပြေ)သို့ ကထိန်ပဒေသာပင်တန်ဖိုး – ၁၁၈၃၁ဝဝိ/- (တစ်ဆယ့်တစ်သိန်းရှစ်သောင်း သုံးထောင့်တစ်ရာ) ကျပ်တိတိ၊ ရန်ကုန်မြိ့၊ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ သိရီမင်္ဂလာမဟာစည်ရိပ်သာကျောင်းတိုက်သို့ ကထိန်ပဒေသာပင်တန်ဖိုး – ၆၂၇၇ဝဝိ/- (ခြောက် သိန်းနှစ် သောင်းခုနှစ်ထောင်ခုနှစ်ရာ) ကျပ်တိတိ၊ ပြည်မြို့၊ နဝဒေးရပ်ရှိ ရွှေပေါက်ပင်ကျောင်းတိုက်သို့ ကထိန် ပဒေသာပင်တန်ဖိုး – ၅၉၄ဝဝဝိ/- (ငါးသိန်းကိုးသောင်းလေးထောင်) ကျပ်တိတိ၊ မန္တလေးတိုင်း၊ ကျောက် ပန်းတောင်း မြို့နယ်ရှိ ကျွတ်လွတ်အောင်မြေ ဝဋ်ကြွေးတော်ပြေကျောင်းတိုက်သို့ ကထိန်ပဒေသာပင် တန်ဖိုး – ၄၄၈ဝဝဝိ/- (လေးသိန်းလေးသောင်းရှစ်ထောင်) ကျပ်တိတိ၊ ဖျာပုံမြို့၊ ဆိပ်မကြီးကျေးရွာရှိ သာဓုမာနိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကထိန်ပဒေသာပင်တန်ဖိုး – ၄ဝ၁၅၁၅ိ/-(လေးသိန်း တစ်ထောင့်ငါးရာတစ်ဆယ့်ငါး) ကျပ်တိတိ၊ ဖျာပုံမြို့၊ အကြီးဝကျေးရွာရှိ ပညာဒီပ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကထိန်ပဒေသာပင်တန်ဖိုး – ၆၆၄၈၅ဝိ/- (ခြောက်သိန်းခြောက်သောင်းလေးထောင် ရှစ်ရာ့ငါးဆယ်) ကျပ်တိတိ စုစုပေါင်းတန်ဖိုး – ၃၉၁၉၁၆၅ိ/- (သုံး ဆယ့်ကိုးသိန်းတစ်သောင်းကိုးထောင် တစ်ရာခြောက်ဆယ့်ငါး) ကျပ်တိတိတို့အား အစရှိသည့် ကျောင်းတိုက်များသို့ မဲနှိုက်၍ အသီးသီး ခွဲဝေ ဆပ်ကပ်ပြီး လှူဒါန်းဖွယ်ပစ္စည်းများအား ကျောင်းတိုက်များသို့ ပို့ဆောင်ပေးခဲ့ပါသည်။

 

 

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နေ့တိုင်း သောကအပူမီးများဖြင့် ကြုံတွေ့နေခဲ့ရ၍ ယခု ကဲ့သို့ ဘာသာရေးပွဲတော် ကထိန်ပွဲတော်နေ့ရက်တွင် ခေတ္တခဏ အပူမီးများကို ငြိမ်းသတ်နိုင်ခဲ့ကြကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မခိုမကပ် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီခဲ့ကြသည့် နာရေးကူညီမှုအ သင်း(ရန်ကုန်)၏ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ အသင်းသား/သူများ၊ ကိုခင်မောင်အေးနှင့်အဖွဲ့၊ ရှမ်းဒိုးပတ်အဖွဲ့၊ မီးအလှဆင်ပေးခဲ့သော MOE စတိတ်ရှိုး မီးပစ္စည်းများ ရောင်းဝယ်ငှါးရမ်းရေးအဖွဲ့၊ ကင်မရာ ရိုက်ကူးပေးခဲ့သော ကိုအရှည်လေး တို့နှင့် အဖက်ဖက်မှ ဝိုင်းဝန်း၍ ကူညီပံ့ပိုး ပေးခဲ့ကြသူများ အားလုံး အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) ကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်မှ မှတ်တမ်းတင်ဂုဏ်ပြု လိုက်ရပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts