ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကြို့ပင်ကောက်လေဘေးကူညီမှု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၂၈၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး ကူညီထောက်ပံ့ရေးအပြင် အရေးပေါ်ကယ်ဆယ်ရေး အစရှိသည့် လုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်လျှက်ရှိသည်။ မကြာသေးခင် ရက်ပိုင်းအတွင်း၌ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့ နယ်အတွင်းရှိ ကျေးရွာအချို့အား ၁၆.၅.၂၀၁၂ ရက်နေ့ ညနေ (၅း၃ဝ) နာရီအချိန်ခန့်တွင် သဘာဝလေဘေး (လေပြင်း) တိုက်ခတ်မှုဒဏ် ကြောင့် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) သည် လူသားချင်းစာနာထောက်ထားကာ လေဘေးဒုက္ခသည်များအား အကူအညီများထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ခဲ့ တော့သည်။

ကျောက်ဝအုပ်စု ရုံးပင်ရွာ၊ ဗိုလ်ရုံစုရွာ၊ စိန်တွင်းမြိုင်ရွာ၊ ချောင်းမရွာ၊ ရှားဖြူကုန်းရွာများရှိ အိမ်ခြေ (၉၄) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ဆန်စက် (၁)လုံးနှင့် လူဦးရေ (၃ဝ၄) ဦး၊ ပျဉ်ထောင်တွင်းအုပ်စု ကြို့ပင်ဝိုင်းရွာရှိအိမ်ခြေ (၆) လုံးနှင့် လူဦးရေ (၂၉) ဦး၊ သရက်ကုန်းအုပ်စု အနောက်တောင်ရိုးကွင်းရွာ၊ ရွှေရေကုန်းရွာများရှိ အိမ်ခြေ (၂)လုံး၊ အ.ထ.က (ခွဲ) ကျောင်း (၁) ကျောင်းနှင့် လူဦးရေ (၅)ဦး၊ ချောင်းနားစု အုပ်စု ကညွတ်ကွင်း၊ စိန်တပေါ်ရွာ၊ ချောင်းနားစုရွာများရှိ အိမ်ခြေ (၁၄) လုံးနှင့် လူဦးရေ (၉၀) ဦး၊ ဆင်နင်းပင်အုပ်စု ကတက်ကုန်းရွာရှိ အိမ်ခြေ (၁) လုံး၊ လူဦးရေ (၄) ဦး၊ ကျောက်ဝအုပ်စု ဖလံပင်ရွာနှင့် သဲခုံရွာများရှိ အိမ်ခြေ (၆) လုံးနှင့် လူဦးရေ (၂၂) ဦး၊ ညောင်ပင်မြင်းစီးအုပ်စု ရွာသစ်ရွာနှင့် ကျင်စွယ်ရွာရှိ အိမ်ခြေ (၈) လုံးနှင့် လူဦးရေ (၂၄) ဦး၊ အုန္နဲကျောတန်းအုပ်စု အုန္နဲကျောတန်းရွာ၊ ညောင်ကုန်းရွာ၊ ဆိတ်ချေး ကုန်းရွာ၊ ဂွေးချောင်းရွာရှိ အိမ်ခြေ (၆၈)လုံးနှင့် လူဦးရေ (၁၅၂) ဦး၊ အိုးဘိုကုန်းအုပ်စု ကျွန်းကုန်းရွာ၊ ကျွဲတဲကုန်းရွာ၊ သာလှပင်စီအနောက်စုရွာရှိ အိမ်ခြေ (၃)လုံးနှင့် လူဦးရေ (၁၉)ဦး၊ ရှားပင်တအုပ်စု ရှားပင်တရွာ၊ ရွာသစ်ရွာ၊ ရောက်ချောင်းရွာ၊ ရွာသာယာရွာရှိ အိမ်ခြေ (၃၉) လုံးနှင့် လူဦးရေ (၁၁၈) ဦး၊ စစ်ကုန်း (၂) အုပ်စု အထက်စုရွာ၊ အောက်စုရွာရှိ အိမ်ခြေ (၄၅) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူဦးရေ (၁၆၆) ဦး၊ ချောင်းနားစုအုပ်စု စလင်းတန်းရွာရှိ အိမ်ခြေ (၁) လုံးနှင့် လူဦးရေ (၄) ဦး၊ စေတီကုန်းအုပ်စု လယ်တီရွာသစ် ရွာ၊ စပါယ်ရုံရွာ၊ ငါးရစ်ရှိုရွာရှိ အိမ်ခြေ (၄၅) လုံးနှင့် လူဦးရေ (၂၀၉) ဦး၊ ဇင်ပြွန်းကုန်းအုပ်စု ငှက်ပျောတော ရွာရှိ အ.မ.ကကျောင်း (၁) ကျောင်း စုစုပေါင်းပျက်စီးဆုံးရှုံးမှုမှာ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၅) ကျောင်း၊ လူနေအိမ်ခြေ (၂၃၄) လုံးတို့သည် အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြိုကျပျက်စီးမှုအိမ်ခြေ (၈၃)လုံးဖြစ်၍ လေဘေးသင့်ဒုက္ခသည် လူဦးရေ (၁၂၅၀)ဦးတို့ အတွက် အမြန်ဆုံး ကူညီမှုများလုပ်ဆောင်နိုင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏အသင်းသားများဖြစ်သူ ဦးစိုင်းသူရဟန်နှင့် ဦးသိန်းထိန်တို့သည် ၂၂. ၅.၂၀၁၂ ရက်နေ့ ညနေ (၅းဝဝ) နာရီတွင် အဝေးပြေးကားဂိတ်မှ စတင်ထွက်ခွာခဲ့ကြတော့သည်။

၂၃.၅.၂၀၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်ခန့်မှစတင်ကာ ဒေသခံလူမှုရေးသမားဖြစ်သူ ကိုမင်းသူရတို့အဖွဲ့နှင့်အတူလက်တွဲကာ လေ ဘေးသင့်ဒုက္ခသည်များအား အမိုးလန်ပျက်စီးဆုံးရှုံးသည့်နေအိမ်များအား တစ်အိမ်လျှင် (၈ဝဝဝိ/-) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပြိုကျ ပျက်စီးသည့် နေအိမ်များအား တစ်အိမ်လျှင် (၁၂ဝဝဝိ/-) ကျပ်နှုန်းဖြင့်၎င်း၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလျှင် အလှူတော်ငွေ (၃ဝဝ ဝဝိ/-) ကျပ်နှုန်းဖြင့် လူသားချင်းစာနာထောက်ထားကာ ထောက်ပံ့ကူညီလှူဒါန်းပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts