သရော်စာ

ပန်းသီး၏ ဖေ့စ်ဘွတ်ဟာသ – Pan Thee

မေ ၂၅၊ ၂၀၁၂
သမ္မတနှင့် ပန်းသီး

သမ္မတ ။ ။ မင်းကလူရွင်တော်ဆိုတော့ မင်းကိုဥာဏ်စမ်းရမယ်။ မင်း ငါ့ကိုအရီရဆုံးနဲ့ အငိုရဆုံးပြောပြစမ်းကွာ…
ပန်းသီး။ ။ ကချင်ပြည်နယ်ဘက်မှာဗုံးခဏခဏပေါက်တော့ အပြစ်မဲ့ပြည်သူတွေသေရတယ်ဗျာ။

သမ္မတ။ ။ ဟင့်..ဟင့် ငါလဲစိတ်မကောင်းပါဘူး..မင်းပြောတာငါငိုရတယ် အရီရဆုံးပြောပါဦး

ပန်းသီး ။ ။သမ္မတကြီးခင်ဗျာ မြန်မာပြည်တပြည်လုံး ၂၄ နာရီမီးမှန်နေပြီတဲ့….

သမ္မတ ။ ။ ဟားးးး ဟား….ဟား…..ဟိုက် … သေးထွက်ကုန်ပြီ။

မီးစိတ္တဇ
စိတ္တဇဆေးရုံတွင် ဒေါက်တာပန်းသီးမှ လူနာများအခြေအနေများသိလို၍ စိတ်တ္တဇလူနာများကို
TV မပါဘဲ remote တခုစီပေးထားပြီး ဂိမ်းကစားခိုင်းလေသည်။
လူနာအကုန်လုံးက remote ကိုင်၍ ဂိမ်းကစားနေသော်လဲ လူနာတယောက်မှာ ဂိမ်းမကစားဘဲ ထိုင်နေသည်ကိုတွေ့၍  ဒေါက်တာပန်းသီးမှ ထိုလူနာအားမေးကြည့်ရာပန်းသီး ။ ။ မင်းကဘာဖြစ်လို့ သူများလို ဂိမ်းမကစားတာလဲ

လူနာ ။ ။ ဟာ … ဆရာကလဲ မြန်မာပြည်မှာ မီးမှမလာတာ၊ ဆရာရူးနေလား။

မောင်ပန်းသီး (သီးလေးသီး) – cartoon Saw Ngo


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts