မိုးမခကို ပေးတဲ့စာ

Homelin – ဟုမ္မလင်းလယ်ယာများ ကျူးကျော်ပြီးရွှေတူးခံရမှုမှ ကာကွယ်နိုင်ခဲ့


မိုးမခပေးစာ၊ မေ ၂၅၊ ၂၀၁၂

“ဟုမ္မလင်းလယ်ယာရွှေတူးခံရ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လယ်သမားတွေတရားစွဲ၊ ကုမ္ပဏီတွေက ရွှေတူးတာရပ်ဆိုင်း …”
လွန်ခဲ့တဲ့ (၆) လလောက်က ရွှေသတ္တုတူးဖော်ရေးကုမ္မဏီတွေက လယ်ယာတွေအနီးမှာ ရွှေတွေတူးဖော်ခဲ့ပါတယ်။ လယ်ယာ တွေပါပျက်စီးပြီး ရွှေမျောမီး စွန့်ပစ်ရေများနှင့် သဲများ၊ကျောက်စာခဲများ
လယ်တွေမှာဖုံးလွှမ်းသွားပါတယ်။ ဧက(၃၀၀)ကျော်ခန့် အနည်းဆုံး ပျက်စီးသွားပါတယ်။

ဥပဒေနဲ့မညီညွှတ်တဲ့သတ္တုတူးဖော်တဲ့လုပ်ငန်းဖြစ်ကြောင်း လယ်သမားတွေကိုယ်စား ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက တရားမမှုကြီးစွဲဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်၊ မေလ (၁၁)ရက်နေ့
နံနက်(၁၁း၀၀) နာရီအချိန်မှာ လယ်သမားပေါင်း(၅၀)ဦးခန့်နှင့်အတူ ဦးဖိုးဖြူတို့ရှေ့နေအဖွဲ့က တရားစွဲဆိုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနေပ့မှာပဲ ဥပဒေမဲ့သတ္တုတူးဖော်ရေးကြောင့် ပျက်စီးရသော သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တည်ဆောက်ရန်အတွက် ယာယီတားဝရမ်းထုတ်ပေးပါရန် ဦးဖိုးဖြူက ဟုမ္မလင်းမြို့နယ်တရားရုံးမှာ လျှောက် ထားတောင်းဆိုခဲ့ပါတယ်။ အဲဒီိလိုတရားစွဲဆိုလျှောက်ထားပြီးနောက်ပိုင်း
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတို့၏အစီအစဉ်အရ (၂၂.၅.၂၀၁၂)ရက်နေ့မှာပဲ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီတွေအားလုံး ရပ်ဆိုင်းရုတ်သိမ်းသွားပြီဖြစ်ပါတယ်။

ဇွန်လဆန်းမှာ ဟုမ္မလင်းစစ်တမ်းစာတမ်းဖတ်ပွဲကို ဥပဒေရေးရာရှင်းလင်းချက်အဖြစ် ဖော်ထုတ်ကျင်းပသွားမှာဖြစ်ပါတယ်

ဆက်သွယ်ရန် – ဦးဖိုးဖြူ

ဥပဒေအတိုင်ပင်ခံ

Purple Equity Law Firm

ဥပဒေရုံး-တိုက်အမှတ်-၁၈၅၊၃လွှာ၊ယာဘက်၊အတွင်းခန်း

အမှတ်(၁)၊၃၈လမ်း၊ကျောက်တံတားမြို့နယ်။

ဖုန်း-၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉၊ ၀၁-၃၈၉၂၉၆


(photo from – http://seinmyintmaw1991.blogspot.com/2012/05/blog-post_8444.html )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts