သတင်းပဒေသာ

Magwe – ကြားဖြတ်ရှုံး၍ ညောင်ပင်ရွာတာဘောင်ရိုးပြုပြင်ရေး ကြံ့ဖွံ့ ရုပ်သိမ်း

ဘကျော်(မကွေး)၊ မိုးမခ၊ မေ ၁၈၊ ၂၀၁၂
မကွေးမြို့၊ ညောင်ကန်တိုက်နယ်၊ ညောင်ပင်ရွာကျေးရွာရှိ ဧက ၂၀ ရှိ ရေကန် တာဘောင်ရိုးပြုပြင်ခြင်းလုပ်ငန်းကို အများပြည်သူတို့၏ အလှူငွေဖြင့် အပြီးသတ် ဆောက်လုပ်ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။
မူလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက ကြံ့ဖွံ့ပါတီက အကုန်ကျခံပြီး ပြုလုပ်ပေးမည်ဟု မဲဆွဲခဲ့သည်။ ပြုပြင်ရေးလုပ်ငန်းများကို သိန်း ၂၀ ကျပ်ဖိုးအကုန်ခံပြီး စတင်ခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် သူတို့ပါတီရှုံးနိမ့်သဖြင့် ပြုပြင်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်ဟု ဆိုသည်။
          ရေကန်တာရိုးကို မိုးမကျခင် အချိန်မီ ပြုပြင်တည်ဆောက်ရန်လိုအပ်သဖြင့် ကျေးရွာလူထုက ဆက်လက်အလှူခံပြီး ကြိုးပမ်းခဲ့ကြရာတွင် စုပေါင်းကုန်ကျငွေ ၈၀ သိန်း ကျပ်ဖိုးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)က အလှူငွေ ကျပ် သိန်း ၄၀ လှူဒါန်းထည့်ဝင်ခဲ့သည်။ အင်န်အယ်ဒီလွှတ်တော်အမတ် ဦးမြင့်သိန်းနှင့် ပါတီဝင်များကလည်း ၀ိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ အင်န်အယ်ဒီပါတီ၏ ဒေသခံ တာဝန်ခံတဦးဖြစ်သူ ကိုစိုးမိုးက ပြောဆိုရာတွင် လုပ်ငန်းရှင်များ၊ ကုမ္မဏီများကလည်း အဆိုပါ ရေကန်တာဘောင်ရိုး အလှူသို့ ၀ိုင်းဝန်းထည့်ဝင်ကြသည်ဟု သိရသည်။ ညောင်ပင်ရွာအရှေ့ကျောင်း ဆရာတော် ဦးဓမ္မဓဇက လုပ်အားပေးများအတွက် စားသောက်စာရိတ်များကို ကုသိုလ်ပြု ပေးသည်။ အဆိုပါ ရေကန်ကို ကျေးရွာစုများဖြစ်သော ညောင်ပင်ရွာ၊ ညောင်ပင်သာ၊ တည်ပင်ကန်ပေါက် ၃ ရွာက အမှီပြု ရပ်တည်နေကြရသည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “Magwe – ကြားဖြတ်ရှုံး၍ ညောင်ပင်ရွာတာဘောင်ရိုးပြုပြင်ရေး ကြံ့ဖွံ့ ရုပ်သိမ်း

Comments are closed.