ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ရောက် ၈၈ မျိုးဆက် ခေါင်းဆောင်များ – 88 Generation leaders in southern Burma


ဓာတ်ပုံသတင်း
မေ ၁၇၊ ၂၀၁၂
လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာ ဆွေးနွေးပွဲအပြီးတွင် ဒေသခံတို့က ကချင်ဒေသရှိ စစ်ဘေးဒဏ်ခံ ပြည်သူများအတွက် လှူဒါန်းငွေ ၁၇၄,၀၀၀ ကျပ်ကို ၈၈မျိုးဆက်ကျောင်းသားများမှ တဆင့် ပေးအပ်လှူဒါန်းရာ မင်းကိုနိုင်က လက်ခံရယူခဲ့သည်။ (မေလ၊ ၁၅ရက်၊ ညနေ ၆ နာရီ)
(ဓာတ်ပုံများ – 88 Generation Students)
အောက်ရေဖြူကျေးရွာ၊ ဆွေးနွေးပွဲတွင် ဒေသခံရွာသားတစ်ဦးမှ သိမ်းပိုက်ခံ မြေယာကိစ္စကို တင်ပြဆွေးနွေးစဉ်။

အောက်ရေဖြူကျေးရွာ ပရိတ် ဆွေးနွေးပွဲတွင် ကိုပြုံးချိုမှ မိတ်ဆက်စကား ပြောကြားစဉ်။ ( မေလ ၁၅ရက်၊ ညနေ ၄ နာရီ)

အောက်ရေဖြူကျေးရွာ

လောင်းလုံမြို့၏ ကြိုဆိုမှု

ပန္ဒလဲကျေးရွာတွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့ တက်ရောက်ကြသူများ ( မေလ ၁၅ရက်၊ နနံက် ၁၀း၁၅ နာရီ)

ပန္ဒလဲ

လောင်းလုံမြို့နယ် NLD ရုံးခန်း (မေလ၊ ၁၅ရက်၊ နေ့လယ် ၁၂း၂၀ နာရီ)

မင်းရပ်ကျေးရွာသို့ နံနက် ၉း၄၅နာရီက ရောက်ရှိလာကြသော ၈၈မျိုးဆက်ကျောင်းသားများအား ဒေသခံများက ကြိုဆိုကြစဉ်။
မင်းရပ်ကျေးရွာ

၈၈မျိုးဆက်ကျောင်းသားများသည် ထားဝယ်မြို့သို့ ယနေ့ (မေလ၊ ၁၅ရက်) နံနက် ၇း၅၀ နာရီတွင် ရောက်ရှိလာကြပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း ဖော်ဆောင်ရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

မင်းရပ်ကျေးရွာသို့ အရောက်တွင် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက ဖြုတ်ချခိုင်းထားသော “၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား လှိုက်လှဲစွာကြိုဆိုပါ၏” စာတမ်းပါ ဆိုင်းပုဒ်ကို ပြန်တင်ပြီး ဟောပြော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts