ကဗျာ

မိုးစက်အောက်က ဇွန်ပန်းပွင့်များ

ချိုစိမ့်
မေ ၁၇၊ ၂၀၁၂

ရှေ့မှာ
ရေဆိုင်ဝဲရှိတယ်
မိုးကလေးကလည်း တဖြောက်ဖြောက်
အောက်ရေကလည်းတိုးလို့
ဒီထရက်ပေကိုး
မိုးမလင်းခင်ကူးခဲ့ရ
ဌက်ကလေးက စိတ်ချရပါ့မလား
အတွေးစ ပွားမိ
ရင်ထဲမှာရှိနေတာ
ကန်သင်း ကန်မ
ဖြတ်ခဲ့ရတဲ့ ကလေးတွေ
ကဗျာလေးတွေ ရွတ်ကြဖို့ 
စာလေးတွေ အံကြဖို့ 
မိုးတောထဲပြေးလာကြတော့မယ်
မစိုးရိမ်ကြပါနဲ့ကွယ်
ဒီတနယ် ဒီမြစ်ကူးမှာ
လှိုင်းလူးလည်း
ဒို့လာမှာပ
ချိုမြမြ တောအုပ်စီ…။

ဆရာမကြီး မေခိုင်နှင့် ဆရာ၊ ဆရာမများသို့  ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts