သတင်းပဒေသာ

Thein Sein – သတင်းစာပါ သမ္မတ မိန့်ခွန်း နှင့် မူရင်းမိန့်ခွန်း သိသာစွာကွာခြား

မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၃၊  ၂၀၁၂
မေလ ၁၁ ရက်နေ့က နိုင်ငံဖွံ့ဖြိုးရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်ပြောကြားသည့် မိန့်ခွန်းမူရင်းအတိုင်း ယခုရက်ပိုင်းတွင် စတင်လွှင့်တင်သည့် နိုင်ငံတော် သမ္မတရုံးဝက်ဆိုက်တွင် ဖေါ်ပြထားရာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ယင်းမိန့်ခွန်း နှင့်သိသာစွာ ကွာခြားလျှက်ရှိသည်ကိုတွေ့ရသည်။
ဝက်ဆိုက်တွင်ေ ဖ်ါပြထားသည့် မိန့်ခွန်းတွင် “ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ မြန်မာနိုင်ငြံ ပည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်နေပြီ ” ဆိုသည့် အချက်ကို သမ္မတ ဦးသိန်းစိန်က ၀န်ခံသွားပြီး    ပြုပြင်ပြောင်းလဲရေး ကို ထိထိရောက်ရောက် လုပ်ရမယ့် သဘောဟု ၀န်ခံသွားသည်ကို တွေ့ရသည်။ အထက်ပါ စာပိုဒ် တပိုဒ်လုံး ပြန်ကြားရေး ၀န်ကြီးဋ္ဌာနထုတ် သတင်းစာတွင် မပါရှိပေ။
ဦးသိန်းစိန်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ လက်ရှိအစိုးရအဖွဲ့အပေါ် လူထုက မကျေနပ်ခြင်း ၊ အပြောင်းအလဲ လိုလားခြင်းအချက်ကို ပထမဆုံးအကြိမ် တရားဝင် ၀န်ခံလိုက်ခြင်းလည်း ဖြစ်သည်။
အစည်းအဝေး ပထမနေ့ဖြစ်သည့် မေလ ၁၁ ရက်နေ့ မိန့်ခွန်းထဲတွင် တိုင်းပြည်၏ စီးပွားရေး အခြေအနေ အခက်အခဲများ ဖွံ့ဖြိုးရေး အတွက် အရင်းအနှီးလိုအပ်ချက်များကို ကိန်းဂဏန်းများဖြင့် ဖေါ်ပြပြောဆိုသွားကာ ပြည်ပအကူအညီများဖြင့် မည်သို့မည်ပုံ တိုးတက်အောင် ဆောင်ရွက်ရန် ကိုလည်း ဆွေးနွေးသွားခဲ့သည်။
 နိုင်ငံတကာမှ ဖွံ့ဖြိုးရေး ၊ ပညာရေး ကျန်းမာရေးဆိုင်ရာ အကူအညီများကို အန်ဂျီအိုများမှ တဆင့်ကူညီရာတွင် ၃၀ /၄၀ ရာခိုင်နှုန်းမှာ အဖွဲ့အစည်း အသုံးစရိတ်ဖြစ်သွားသည့် အချက်ကိုလည်း ရည်ညွှန်းပြောဆိုကာ အစိုးရ အဖွဲ့အစည်းများမှ တိုက်ရိုက် လူထုထံပေးနိုင်ရန် အုပ်ချုပ်ရေးပိုင်း ဋ္ဌာနဆိုင်ရာ အားနည်းချက်များပြုပြင်ရမည်ဟု လည်းပြောဆိုသွားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

9 thoughts on “Thein Sein – သတင်းစာပါ သမ္မတ မိန့်ခွန်း နှင့် မူရင်းမိန့်ခွန်း သိသာစွာကွာခြား
  1. နိုင်ငံတော်သမ္မတ ရဲ့မိန့်ခွန်းကိုနိုင်ငံပိုင်သတင်းစာကအပြည့်အစုံမပေါ်ပြဘဲထုတ်ပါယ်၊ဖြုတ်ထုတ်ဖေါ်ပြခြင်းကတော့ပြန်ကြားရေးဝန်ကြီးကသမ္မတ ရဲ့အထက်မှာရောက်နေတာလားလို့ခံစားမိရပါတယ်။သမ္မတရဲ့မိန်ခွန်းအပြည့်အစုံကိုဖတ်ခွင့်မရတဲ့ကျနော်တို့ပြည်သူတွေအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်။

  2. ရေနံ တတိုင်ထဲ လင်းနိုင်ပါ့မလားဆိုတဲ့ ကုန်းဘောင်ခေတ် သီဘော လက်ထက်မှာ ပြုပြင်ပြောင်းလဲလိုသူနဲ့  မင်းလိုလိုက် မင်းကြိုက်လိုက်ပြီးရထားတဲ့ နေရာလေး မပြုတ်အောင် ကြိုးစားနေကြတဲ့ ၀န်ကြီးတစုတို့ အဖြစ်လိုဖြစ်နေပြီ။

  3. မြတ်ဘုရားတစ်ဆူ ပေါ်ထွန်းလာယုံနဲ့ လောကကြီးတစ်ခုလုံး စိတ်ဓာတ်နဲ့ အမူအကျင့်၊ အသိဥာဏ်၊ အတွေးအခေါ် အယူအဆ၊ လုပ်ရပ်တွေ ပြောင်းလဲခဲ့ရတယ်။ အသိဥာဏ်အလင်းဓာတ်ကို ဖြန့်ဝေပေးနိုင်ခဲ့တယ်။ ဒါတစ်ဦးထဲဆိုပေမယ့် စွမ်းပကားမြင့်ရင် ထိရောက်မှုကို မှန်းဆလို့တောင် ခက်ပါတယ်။
    ဟစ်တလာလို လူတစ်ယောက် ပေါ်ထွန်းလာတာနဲ့ ဂျူးလူမျိုးနဲ့ ကမ္ဘာသမိုင်းမှာ များစွားသော ဆိုးကျိုးအပြောင်းအလဲကို ဖြစ်ပေါ်လာစေခဲ့တယ်။
    နှစ်ပေါင်း ၁၂၀ကျော်ကာလအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလိုလူ တစ်ယောက်မှ မပေါ်ပေါက်ခဲ့လို့ မြန်မာပြည်လွတ်လပ်ရေး မရခဲ့ဘူး။ မြန်မာပြည် ရောင်နီဦးသန်းကာဆမှာ ဗိုလ်ချုပ်ကွယ်လွန်ခဲတော့ ဒီနေ့အထိ အမှောင်တိုက်ကြီးဆိုးနေဆဲပဲ။
    ကလီယိုပါထရာ…
    ဂန္ဒီ..
    စသဖြင့်… တစ်ဦးတစ်ယောက် ပေါ်ထွန်းလာယုံနဲ့ လူ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ နိုင်ငံသမိုင်းကို များစွာပြောင်းလဲ လှုပ်ကိုင်နိုင်စွမ်းခဲ့တယ်။
    ဒါကြောင့် တစ်ဦးတစ်ယောက်ထဲဆိုပေမယ့်.. အရည်အချင်း၊ စွမ်းအားပြည့်ဝရင် သူ့ရဲ့လုပ်ကိုင်နိုင်စွမ်းဟာ ဘယ်လောက်ထိဖြစ်မယ်ဆိုတာ မှန်းဆလို့တောင် မရနိုင်ပါဘူး။

  4. ဘယ်လိုဖြစ်ဖြစ် ခုလို ပြုပြင်ပြောင်းလဲလာတော. ကျနော် တိုင်းရင်းသားတယောက်အနေနဲ. ကြိုဆိုအားပေးတယ် နောက်လည်း ဆက်လက်ပြုပြင်နိုင်ပါစေ

  5. ပြန်ကြားရေး ဝန်ကြီးဌာန ဆိုတာ သမ္မတ မိန့်ခွန်းကိုတောင် စီစစ်တည်းဖြတ်ရတဲ့ အခွင့်အာဏာ ရှိသလား ဆိုတဲ့ ကိစ္စ အဆိုတင်သွင်းကြပါအုံး လွှတ်တော်အမတ် မင်းတိုင်ပင်ကြီးတို့ရေ…။

  6. TO MR PRESIDENT
    Strongly agree with you. Please, reform the cabinet members also. Thanks a lot and wish you
    all the best !

  7. မြန်မာအလင်း သတင်စြာ မန်မာနိုင်ငံ နည်းနည်ပြောင်းလဲနေတာမသိ။အိပ်ရေးမ၀တ၀ထရေတာနဲတူတယ်။ သမ္မတကြီးသတင်းတောင်မှချန်ပြီးရေးတယ်ဆို အယင်အကျင့်  တွေပါနေတယ်နဲတူတယ်။အပြောင်းအလေ့မလုပ်ချင်တဲလူတွေအများကြီးရှိနေအုံးမေဆိုတာသေချာတယ့်

Comments are closed.