သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ ပြည်သူ့ဘက်မှ ထာဝစဉ်ရပ်တည်လျှက်ရှိသောအငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦး

သန်းဝင်းလှိုင်
မေ ၇၊ ၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် သဘာပတိအဖွဲ့နာယက အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဘက်၌ အစဉ် ရပ်တည်လျက်ရှိသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက် စနေနေ့တွင် ဧရာဝတီတိုင်း (ယခုတိုင်းဒေသကြီး) ပုသိမ်မြို့နယ် ရေ ကျော်ရွာကြီး၌ အဖဦးမောင်ကြိုင်၊ အမိဒေါ်မြတင်တို့မှ ဖွားမြင်ခဲ့သည်။

ငယ်စဉ်က ပုသိမ်မြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် မူလတန်းမှ (၁၀) တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားစဉ် တောရွာတွင် စစ်ဘေးဒဏ်ရှောင်နေစဉ် ဖခင်ကွယ်လွန်ခဲ့သဖြင့် ခေတ္တကိုရင်ဝတ်ပြီးနောက် (၁၀)တန်းအောင် မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ကြားနေစဉ် ၁၉၃၆ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ် စတင်ဖြစ်ပွား၍ တနိုင်ငံလုံးရှိကျောင်းများသို့ကူးစက်လာရာ ပုသိမ်ဗဟိုအမျိုးသားအထက်တန်းကျောင်းမှပြုလုပ်သည့် စီတန်းလှည့်လည်ဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ကျောင်းမှဦးစီးဖွဲ့သည့် ပင်နီလူငယ်တပ်ဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

ထို့နောက် ၁၉၄၃ ခုနှစ်တွင် အသက် ၁၆ နှစ်ပြည့်အပြီး ရန်ကုန်မြို့ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခုပဒုမ္မာ ကွင်းနေရာ) တွင် တပ်သားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ယင်းနောက် ဗိုလ်သင်တန်းကျောင်း တက်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲ နှင့် စစ်ဝန်ကြီးရုံးလူတွေ့စစ်ဆေးမှုဖြေဆိုခံယူပြီး မကြာမီ ဝင်ဆာစစ်တန်းလျား (ယခုသမ္မတအိမ်တော်ဝန်းအတွင်း)တွင် ဖွင့်လှစ်ထားသည့် အချက်ပြလေ့ကျင့်ရေးတပ်ရင်းတွင် သင်တန်းတက်နေစဉ် မင်္ဂလာဒုံ တတိယပတ် ဗိုလ်သင်တန်းကျောင်း (Third Balth of Officer Training School) သို့ ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့်ရရှိခဲ့သည်။ ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် တတိယပတ် ဗိုလ်သင် တန်းဆင်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) တွင် ပြန်တမ်းဝင်အရာရှိ အလုပ်သင်ဗိုလ် (မီနာဂိုက်ရှိခန်း) တလိုင်းသုံးပွင့် အထူး ကြယ်ဖြင့် ရာထူးခန့်အပ်ခြင်းခံရသည်။

တပ်မတော်ပြန်လည်ဖွဲ့စည်းပေးမည့်အစီအစဉ်အရ မျိုးချစ်တပ်မတော်ဖျက်သိမ်းသည့်အခါ ဇာတိရွာသို့ ပြန်လာခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဆက်တက်ရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ရန်ကုန်မြို့သို့ရောက်ရှိပြီး မျိုးချစ်တပ်မတော်ဋ္ဌာနချုပ်ဖွင့်လှစ်ထားရာ လောင်းဝစ်စ်လမ်း(ယခု အင်းယားမြိုင်လမ်း မင်းကွန်းတောရဘုန်းကြီးကျောင်းဝန်း) တွင် ဗမာ့တပ်မတော်အတွက် ပြန်တမ်းဝင်အရာရှိများ ကန္ဒီစာချုပ်အရ ရွေးချယ်ခန့်အပ်နေသည့်သတင်းကြားရ၍ သွားရောက်စုံစမ်းရာ မူလတာဝန်ထမ်းဆောင်ခဲ့သည့် ဖက်ဆစ်တော်လှန်ရေး တိုင်းအမှတ် (၄) တပ်ရင်း ၁၀၂ စာရင်းတွင် နောင်ပြန်လည်ဖွဲ့စည်းမည့်ဗမာ့တပ်မတော်တွင် တိုက်ရိုက်ပြန်တမ်းဝင်အရာရှိအဖြစ် (သို့မ ဟုတ်) အင်္ဂလိပ်ဘုရင့်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအဖြစ်ကျောင်းတက်ရန်ထောက်ခံထားသဖြင့် အရာရှိအဖြစ် ပြန်လည်လျှောက်ထား ခဲ့ရာ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရသည်။ ကိုယ်ပိုင်အမှတ်မှာ ကြည်း – ၃၆၅၁ ဖြစ်သည်။

ထို့နောက် မြင်းခြံမြို့ရှိ ဗြိတိသျှစစ်တပ်မှ စစ်အရာရှိများသင်ကြားပေးသည့် အခြေခံစစ်ပညာသင်တန်းသို့ တက်ခွင့်ရခဲ့သည်။ ထိုမှတဆင့် ၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် မေမြို့ (ပြင်ဦးလွင်) တွင် အရာရှိငယ်သင်တန်းသို့ တက်ရောက်ခဲ့ရသည်။

သင်တန်းဆင်းပြီးနောက် ၁၉၄၇ခုနှစ် နိုဝင်ဘာလတွင် စင်္ကာပူရှိ ဗြိတိသျှအရှေ့ဖျားတပ်များဆိုင်ရာဋ္ဌာနချုပ်မှ ဦးစီးဖွင့်လှစ်သည့် စစ်ဆင်ရေး လေ့ကျင့်မှုသင်တန်းသို့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ တက်ရောက်ခဲ့ရသည်။

၁၉၅၀ပြည့်နှစ် ဧပြီလတွင် တရုတ်ပြည်သူ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တရုတ်ယူနန်ပြည်နယ်တောင်ပိုင်းရှိ တရုတ်ဖြူ (ကူမင်တန်) တပ်သား ၂၀၀၀ ကျော် ကျူးကျော်ဝင်ရောက်လာခဲ့သဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် “သူရ” ဘွဲ့ ချီးမြှင့်ခံရသည်။

၁၉၆၄ခုနှစ်စက်တင်ဘာလ ၁၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ်၅၉ဖြင့် အနောက်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ် မှူးကြီးတင်ဦးအား ဗိုလ်မှူးချုပ်သောင်းဒန် (လေ) ဒေါက်တာမောင်လွင်တို့နှင့်အတူ တော်လှန်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ ကြေညာချက်အမှတ် (၁၀၀) ဖြင့် ဗိုလ်မှူးချုပ်တင်ဦးအား ကာကွယ်ရေးဝန်ကြီး ဋ္ဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ပထမအကြိမ်အစည်းအဝေးမှ ဗိုလ်မှူးချုပ် တင်ဦးအား ကာကွယ်ရေးဝန်ကြီးဋ္ဌာနဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခဲ့သည်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဦသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သော သခင်ကိုယ်တော်မှိုင်းရာပြည့်အရေးအခင်းတို့တွင် ပြည်သူလူထုအထိအခိုက်နည်းအောင် ဆောင်ရွက်ခဲ့သဖြင့် ပြည်သူလူထု၏ ကြည်ညိုလေးစားမှုကို ခံခဲ့ရသည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် မဆလပါတီဥက္ကဋ္ဌနှင့် သမ္မတဦးနေဝင်းသည် ဗိုလ်ချုပ်ကြီးတင်ဦး၏ ပုဂ္ဂိုလ်ရေးအရှိန်အဝါလွှမ်းမိုးမှုကိုထိတ် လန့်ကာ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ အငြိမ်းစားပေးလိုက်သည်။

ယင်းနောက် ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အနီးရှိ အထူးတရားရုံးတွင် ရန်ကုန် တိုင်းတရားသူကြီး အဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင်၊ အဖွဲ့ဝင်များအဖြစ် ဦးမြတ်တိုး၊ ဦးမောင်မောင်ဝင်းတို့ပါဝင်သည့် ရန်ကုန်တိုင်းတရားသူကြီးအဖွဲ့သို့ ပြည်သူ့ရဲတပ် ဖွဲ့၊ သတင်းတပ်ဖွဲ့မှူးရုံး၊ ရဲမှူးဦးစိုးမြင့်က နိုင်ငံတော်ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်ရန်စီစဉ်ဆောင်ရွက်မှု၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအား ဖျက်ရန်ကြံစည်မှုနှင့် အားပေးကူညီမှုတို့ဖြင့် ဗိုလ်ကြီးအုန်းကျော်မြင့်(အဘ-ဦးလွှာ) နှင့် ဗိုလ်ကြီးဝင်းသိန်း(အဘ-ဦးဟုတ် ရှု) တို့အား နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့်တရားစွဲဆိုရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် သိလျက်နှင့်ထိန်ချန်ခဲ့သည်ဆိုကာ ထည့်သွင်း တရားစွဲဆိုခြင်းခံရ၍ သက်သေအထောက်အထားမရှိဘဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂(၁)၊ ၁၂၃/၁၂၄ နှင့် ထောင်ဒဏ် (၇) နှစ် အပြစ်ပေး ခံခဲ့ရသည်။ ယင်းနောက် ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက သာသနာတော် သန့်ရှင်းတည်တံ့ရေး အစည်းအဝေး အောင်မြင်စွာပြီးစီးခြင်းကိုဂုဏ်ပြု၍ အမိန့်အမှတ် ၂/၈၀ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ခဲ့ရာမှ ထောင်မှပြန်လည်လွတ်မြောက်လာခဲ့ သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် သာသနာ့ဘောင်သို့ (၂) နှစ်ခန့်ဝင်ရောက်ခဲ့သည်။ ထို့နောက် လူ ထွက်ပြီး ဥပဒေပညာလေ့လာသင်ယူဆည်းပူးရာ ၁၉၈၄/၈၆ ခုနှစ်များအတွင်း မှတ်ပုံတင်ရှေ့နေ (RL) အောင်လက်မှတ်ရခဲ့သည့်အပြင် ဥပဒေပညာဘွဲ့(L.L.B) ကိုပါ ရရှိခဲ့သည်။

ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားနေစဉ်အတွင်း ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းလမ်း အထွေထွေရောဂါကုဆေးရုံကြီးအရေးပေါ်ဋ္ဌာနရှေ့၌ လူထုအစည်းအဝေးပွဲတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စည်းရုံး ဟောပြောခဲ့သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် နံနက် ၁၀ နာရီတွင် ဗဟန်းမြို့ဝင်္ကပါလမ်း ခြံအမှတ် (၁၀) ဗိုလ်မှူးအောင် (ရဲဘော် သုံးကျိပ်ဝင်) နေအိမ်တွင် အဖွဲ့ဝင် (၂၁) ဦးဖြင့် ဖွဲ့စည်းသည့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် နုတ်ထွက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်မှူးဟောင်းများနှင့်ရဲဘော်ဟောင်းများအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ခုနှစ် စက်တင်ဘာလ၂၄ရက်နေ့တွင် ဖွဲ့စည်းပြီး စက်တင်ဘာလ၂၇ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့တွင် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး နှုတ်ထွက်သွားခဲ့သဖြင့် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အား နှောင့်ယှက်ဖျက် ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေအရ အရေးယူခံရပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အထူးစစ်ခုံရုံး အမှတ် (၅) မှ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ပြည့်ခါနီးတွင် နောက်ထပ်စစ်ခုံရုံးဒဏ်ခံရပြီး ယခင်က စွဲဆိုခဲ့သည့်စွဲချက်အတိုင်း နောက်ထပ်ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ မတ်လတွင် ထောင်မှပြန်လည်လွတ် မြောက်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် လူငယ်အချို့တို့နှင့်အတူ ကော့မှူးမြို့နှင့် ကွမ်းခြံကုန်းမြို့များသို့ ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အသွား ဒလမြို့အထွက်တွင် အာဏာပိုင်များ၏တားမြစ်ဟန့်တားခြင်းခံခဲ့ရ၍ ၉ ရက်အကြာ စက်တင်ဘာလ ၁ ရက်နေ့ ညဥ့်သန်းခေါင်တွင် အ တင်းအဓမ္မချုပ်နှောင်ဖမ်းဆီးပြီး နေအိမ်သို့ပြန်ပို့ခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နေခဲ့ရ သည်။

၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မန္တလေးမြို့သို့ မီးရထားဖြင့်ခရီးသွားရန် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိစဉ် အာဏာပိုင်များမှဟန့်တားပြီး ဖမ်းဆီးချုပ်နှောင်၍ ရဲမွန်တပ်စ ခန်းတွင် ထိန်းသိမ်းထားခဲ့သည်။ နောက်ပိုင်း အကျယ်ချုပ်ချထားပြီး ၂၀၀၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ညနေပိုင်းတွင်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းကို ပြန်လည်၍ရုပ်သိမ်းပေးခဲ့သည်။

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီး ကျီရွာတွင် အာဏာပိုင်များမှ စနစ်တကျ ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့သည့် သွေးချောင်းစီးလုပ်ကြံသတ်ဖြတ် တိုက်ခိုက်မှုအတွင်း အသက်မသေဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကိုင်းတိုင်းကလေးထောင်တွင် ထိန်းသိမ်းထားရာမှ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ၇က် ညနေပိုင်းတွင် လေယာဉ်ဖြင့် ရန်ကုန်မြို့နေအိမ်သို့ ပြန်ပို့၍ အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၁၉၇၅ ခုနှစ်တွင်ပြဋ္ဌာန်း၍ ၁၉၉၁ ခုနှစ်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည့် “နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” ပုဒ်မ၁၀ (ခ) ဖြင့် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေအိမ်အကျယ်ချုပ်သက်တမ်း (၁) နှစ် ထပ်မံတိုးခဲ့သည်။ ယင်းနောက် ပြစ်ဒဏ်ပြည့်မြောက်သည့် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ တွင် လွှတ်မပေးဘဲ နောက်ထပ်ပြစ်ဒဏ် သက်တမ်း (၁) နှစ် ထပ်မံတိုးခြင်းခံခဲ့ရပြန်သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးတင်ဦးအား ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ၇က်နေ့ည ၈း ၃၀ နာရီတွင် နေ အိမ် အကျယ်ချုပ်မှ နအဖအစိုးရက ပြန်လည်လွှတ်ပေးခဲ့သည်။

နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးတင်ဦးသည် မိမိနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်ရေး များရရှိရေးအတွက် အဖွဲ့ချုပ်၏တာဝန်၊ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်၊ ဗဟိုလူမှုအထောက်အကူအဖွဲ့၏ ဥက္ကဋ္ဌတာဝန် များကို ပြန်လည်ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျစ်လျစ်ခိုင်မာတောင့်တင်းရန်နှင့် အဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒသဘောတရားများနှင့် လုပ်ငန်း စဉ်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ချုပ်ကို သဘာပတိအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ဖြင့် ပြန်လည်ဖွဲ့ စည်းရာ သူရဦးတင်ဦးအား အဖွဲ့ချုပ်သဘာပတိအဖွဲ့တွင် နာယကအဖြစ် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ခန့်အပ်တာဝန်ပေး အပ်ခဲ့သည်။ သဘာပတိအဖွဲ့ဝင်များမှာ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့ဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက် တာမေဝင်းမြင့်တို့ ဖြစ်ကြသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေ သကြီးလူငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားများပါဝင်သည့် ၂၁ ဦးပါ နာမည်စာရင်းဖြင့် ပါတီပြန်လည်ထူထောင်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပြန်လည်လျှောက်ထားခဲ့ကြသည်။

အဖွဲ့ချုပ်အား ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အဖွဲ့ဝင် ၂၁ ဦးပါ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖွဲ့စည်းခဲ့ရာ ဦးတင်ဦးအား ရွေးကောက်ပွဲအောင်နိုင်ရေး ၂၁ ဦးကော်မတီ၏တာဝန်ခံအဖြစ် ရွေးချယ်ခဲ့ကြ သည်။

မည်သို့ဆိုစေ… သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးသည် ပြည်သူ့ဘက်၌ထာဝစဉ်ရပ်တည်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးအတွက် အနစ်နာခံကြိုးပမ်းဆောင်ရွက်နေမှုများသည် မြန်မာ့သမိုင်း၌ ထာဝရကမ္ဗည်းတင် ကျန်ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “သမိုင်းတကွေ့မှ ပြည်သူ့ဘက်မှ ထာဝစဉ်ရပ်တည်လျှက်ရှိသောအငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦး
  1. Excellent true patriotic soldier of Burma in last 50 years…comparing other Junta generals is disgusting…

    Deserve to be given gold medals of people..

    May God bless U Tin Oo..

  2. We love you uncle U Tin Oo.
    We respect you uncle U Tin Oo.
    We appreciate you uncle U Tin Oo.

Comments are closed.