ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

ကချင်ဒေသအရေးအတွက် လက်ဘက်ရည်ဆိုင်များတွင် သီဆိုဖျော်ဖြေ – Musicians for Kachin State

 

ဓာတ်ပုံသတင်း
ဧပြီ ၇၊ ၂၀၁၂

ဓာတ်ပုံများ-Thiri Su ဖေ့စ်ဘုတ်
အချက်အလက် -Lay Pyay Aung ဖေ့စ်ဘုတ်

6.5.212 ( တန၈င်္နွေ ) မနက် 8 နာရီအချိန်လောက်ကနေ စပြီးတော့ ဦးရဲလွင် ဦးဆောင်တဲ့ ” လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း ” အဖွဲ့သားတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံး ရပ်တန့်ရေး ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ လက်ဘက်ရည်ဆိုင်တွေမှာ သီဆိုဖျော်ဖြေပြီး ရံပုံငွေရှာဖွေပေးရာ စုစုပေါင်း ကျပ် 784,300 – တိတိ ရရှိခဲ့ပါတယ် ။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်မယ့် ယခုအစီအစဉ်မှာ အဆိုတော်တွေ ထပ်မံပူးပေါင်း ပါဝင်လာဦးမှာဖြစ်ပါတယ် ။

ယနေ့ ရံပုံငွေရှာခဲတဲ့ဆိုင်တွေကတော့ တိ၇စ္ဆာန်ရုံအနီးက Morning Star ၊ အလုံက I T cafe နဲ့ ကီလီလမ်းထိပ်က စံပြဒေါ်ကြည် မုန့်ဟင်းခါးဆိုင် တို့ဖြစ်ပါတယ် ။

နောက်အပတ်တွေမှာလဲ 3 ဆိုင်နှုန်းနဲ့ ရံပုံငွေဆက်ရှာပေးသွားမှာဖြစ်ပါတယ် ။ အလှူငွေများကို ကချင်ပြည်နယ်သို့ ချက်ခြင်းပို့ဆောင်လှူဒါန်းမှာဖြစ်ပါတယ် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကချင်ဒေသအရေးအတွက် လက်ဘက်ရည်ဆိုင်များတွင် သီဆိုဖျော်ဖြေ – Musicians for Kachin State
  1. ကျနော်တို့  လှည်းတန်းဈေး အရှေ့ လက်ဘက်ရည်ဆိုင်အ၀မှာလည်း အလှည့်ကြဆိုသင့်ပါတယ်။ ဆိုင်ထဲမှာ ဈေးကောက်ရယ် ယဉ်ထိန်းရဲ ရယ်အမြဲထိုင်နေတာကြောင့် – ချစ်တော့ချစ်တယ်အကိုရဲ့ ဒီလိုမလုပ်နဲ့ - ဆိုတဲ့သီချင်းကို ကျနော်တို့ စပယ်ရာလေးတွေအတွက် ဆိုပေးပါလား။ သူတို့ ကိုပေးရမဲ့ ဆက်ကျေးတွေ ကချင်ဒုက္ခသယ်တွေအတွက် ကျနော်တို့ အကုန်လှူပါ့မယ်။

Comments are closed.