မိုးမခကို ပေးတဲ့စာ သတင်းပဒေသာ

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ

မိုးမခပေးစာ
မေ ၆၊ ၂၀၁၂

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းရှိ (၁၃) ရပ်ကွက်၊ မဟာဆွေလမ်းမကြီးအနောက်ဘက်ခြမ်းနှင့် လမ်းသွယ်များတွင် စက်ရုံများမှ ဓာတု ဗေဒဆေးများပါဝင်သည့် အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်များကြောင့် နွေရောမိုးပါရေ၀ပ်နေသဖြင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာ ရေးကို ဆိုးရွားစွာထိခိုက်လျက်ရှိပြီး၊ ယင်းဓာတုစွန့်ပစ်ရေ၏ အငွေ့များကြောင့် နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊ အီလက်ထရွးန်းနစ်ပစ္စည်း များ ပျက်စီးလွယ်ခြင်းတို့ကို ကြုံတွေ့နေရပါသည်။

ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ (၂၄) နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊သီရိမြိုင်လမ်းမကြီးနှင့် အုတ်ကျင်းဘူတာရုံလမ်းထောင့်ရှိ ရေသန့်စက်ရုံမှ စွန့်ထုတ်သောရေဆိုးများကို ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှုမရှိ ခြင်း၊ ရပ်ကွက်အတွင်း စနစ်ကျသောရေထုတ်ရေနုတ်မြောင်းများမရှိခြင်း၊ ကွန်ကရစ်လမ်းများခင်းထားသောကြောင့် ရေထွက်ပေါက်များပိတ် ဆို့သွားခြင်း စသည်အကြောင်းတို့ကြောင့် စွန့်ပစ်ရေဆိုးများသည် အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ဝင်ရောက်ပြီး ဆယ်နှစ်ရာသီရေ ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ ရေလွှမ်းမိုးလျက်ရှိနေပါသည်။

ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏ ဓာတုဆေးအနံ့ဆိုးများကို နေ့စဉ်ရှူရှိုက်နေရသော ကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကိုသောက်သုံးနေရခြင်း၊ နေအိမ်အမိုးအကာသွပ်များ၊ ဒန်အိုးဒန်ခွက် များ၊ ပေါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ်စက်ပစ္စည်းများ မကြာခဏပျက်စီးခြင်း စသည့်ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤဖြစ်ရပ်မှန်များကို မြို့နယ်စည်ပင်သို့လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများထံသို့လည်းကောင်း၊ လှိုင်မြို့နယ်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်သို့လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်မှတဆင့် မြို့တော်ဝန်ထံသို့လည်းကောင်း အကြိမ်ကြိမ်တင်ပြခဲ့ သော်လည်း ယနေ့ထက်တိုင်အရေးယူဆောင်ရွက်ပေးခြင်းမရှိပဲ အထက်ပါဒုက္ခများကို ခံစားနေရဆဲဖြစ်ကြောင်း ရပ်ကွက်ပြည်သူများမှ ရင် ဖွင့်ကြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ

Comments are closed.