သူတို့အာဘော်

Tu Maung Nyo – သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ

သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ
တူမောင်ညို။ မေ ၃။ ၂၀၁၂
(NLD) ပါတီ က (၃၀ ဧပြီ၊ ၂၀၁၂ ) တနင်္လာနေ့က ထုတ်ဝေတဲ့ ”ဒီလှိုင်းစာစောင်” အတွဲ ၁။ အမှတ် ၁၅ မှာ ပါရှိတဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာ့အာဘော်နဲ့ ဦးဝင်းတင် ဆောင်းပါး –  ဒီချုပ်နဲ့ “ သော့ခလောက်ကြီး ” ပြည်သူလူထုရဲ့မေးခွန်းပုစ္ဆာ … ကျုပ်တော့ဖြင့် မျက်စေ့လည်နေပြီဗျာ”
           ဖတ်ကြည့်ပါဗျာ။ သဘောထားထင်မြင်ချက်လည်းလွတ်လပ်စွာပေးကြပါဗျာ။
ထွက်လာတဲ့အာဘော်၊ အာဘော်ဆောင်းပါးတွေက ဒီချုပ်ပါတီထဲမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကိုလှစ်ဟပြနေတယ်ဆို တာတွေ့ရပါလိမ့်မယ်။
ဦးဝင်းတင်ဆောင်းပါးထဲက အတိုင်း ဆိုရင်တော့ “သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲ ဝင်သွား လို့ ကတော့ ရဟန်း၊ ဗိုလ်၊ လူ၊ ကျောင်းသား၊ပြည်သူတွေက ဝိုင်းမေးကြမှာ မြေကြီးလက်ခတ်မလွဲပဲလို့ပြောချင်တယ်ဗျ” တဲ့
အခုတော့ ၃၀ ဧပြီ ၂၀၁၂ ဒီချုပ်ကြေညာချက်အမှတ် ( ၁၇/၀၄/၁၂) မှာတော့  “ပြည်သူလူထုဆန္ဒကိုလိုက်လျောလိုသော ကြောင့်” ဆိုပါလား။
  တစ်နေ့ထဲထုတ်ဝေတဲ့ “ဒီလှိုင်းစာစောင်” မှာ ဖေါ်ပြပါရှိသော သဘောထားနဲ့  (NLD)ပါတီကြေညာချက်ပါ သဘောထား က ဖြောင့်ဖြောင့်ကြီး ဘာကြောင့် ကွဲပြားခြားနားနေတာပါလိမ့်။ ဒါကိုရှင်းလင်းပေးဖို့(NLD)ပါတီမှာတာဝန်ရှိပါတယ်။
 ပြည်သူ လူထုကိုလက်တစ်လုံးခြားမလှည့်ဖျားသင့်ပါ။ ပြည်သူလူထုကိုလိမ်ညာလှည့်ဖျားသူတွေကို (NLD) ပါတီအပါအဝင်  နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ ပြည်သူတိုင်း ကဆန့်ကျင်ရှုံ့ချရမှာပါ။
လူထုဆန္ဒကိုရိုသေလေးစားလျက်
တူမောင်ညို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

39 thoughts on “Tu Maung Nyo – သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ
  1. NLD’s statement was very clear. What do you expect to get explanation from DASSK? Anyway, we (burmese people) are happy with NLD’s decision.
    If you want to make it clear yourself, you just directly call U Win Tin.

  2. တူမောင်ညို , you said ” ပြည်သူ လူထုကိုလက်တစ်လုံးခြားမလှည့်ဖျားသင့်ပါ။ ပြည်သူလူထုကိုလိမ်ညာလှည့်ဖျားသူတွေကို (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ ပြည်သူတိုင်း ကဆန့်ကျင်ရှုံ့ချရမှာပါ ဒါကိုရှင်းလင်းပေးဖို့(NLD)ပါတီမှာတာဝန်ရှိပါတယ်”
    “.You people are just criticise only from the hidding place.Nobody knows you.In that case ,Everybody knows that now ruling government is still doing wrong thing.Do you dare to criticise directly to this government personally.? I agree with zawyemyint.

  3. It is clear that U Win Tin and D Wave editors have their own opinion. D Wave could be a mouth piece of NLD but it is not a policy paper. This journal could be already printed before NLD Central Executive Committee meeting.

    NLD CEC already explained why they changed their stand in the statements. DASSK also apologised as she didn’t follow up on this matter before registering party and by-election in her interview.

    This incident shown that NLD need more subject matter experts on their side. You could be a good resource for NLD.

  4. မင်္ဂလာပါ ဆရာတူမောင်ညို လို့ အရင်ဆုံးမိတ်ဆက်လိုက်ပါရစေ
    ဆရာရေးနေတဲ့ ဆောင်းပါးတွေကိုအမြဲတမ်းဖတ်ဖြစ်ပါတယ်..နှစ်သက်ပါတယ်လို့ ပြောပါရစေ
    ဒီမိုကရေစီရဲ့ အခြေခံတစ်ခုဖြစ်တဲ့ လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိတယ်လို့ထင်ပါတယ်….
    ဒါပေမယ့် ယခု လက်ရှိမြန်မာနိုင်ငံရေးဟာ အမြဲတမ်းသတိနဲ့စောင့်ကြည့် ၊စောင့်ဖတ်၊ စောင့်ရေး ရမဲ့အနေအထားလို့ မြင်မိပါတယ်။ ကောင်းပါတယ်.ဆရာရဲ့ သတ္တိရှိရှိနဲ့ NLD နဲ့ ဒေါ်စုကိုဝေဖန်တိုက်ခိုက်နေတာတွေ၊ ယခုလက်ရှိ ကျနော်ရဲ့ အမြင်ကို ဆရာကိုမေးပြီး ၊ကျနော်ကိုယ်
    တိုင် တဖက်သက်ဖြေပေးပါ့မယ်။ ဆရာကဘယ်ဖက်ကလဲ..ဒီမိုကရေစီအင်အားစုဖက်ကလား၊ အာဏာရှင်
    တွေဖက်ကလား၊ ကျနော်အထင်တော့ ဆရာက “ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေလို့” ဆုတောင်းနေတဲ့ဖက်ကလို့ထင်ပါတယ်…..

    1. ဟုတ်တယ် တူမောင်ညိုလို လူသားတွေက “တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ”လို့ ဆုတောင်းနေတဲ့ဖက်ကပဲ ဖြစ်မယ်။ ၀မ်းရေးအတွက်ကိုး။

      1. ဟုတ်တယ်။ တော်လှန်ရေးကြီးအဆုံးသတ်ပြီး၊စစ်ကျွန်ဘဝနဲ့အသက်ဆက်ရတော့မှာကိုလိုလားနေတဲ့ဖက်မှာတော့မနေနိုင်ဘူး။
        Ohnmar မေးတဲ့မေးခွန်းကို ကိုယ်တိုင်နားလည်ရဲ့လား။
        တော်လှန်ရေးဟာဘာအတွက်၊ဘယ်သူ့ကိုတော်လှန်နေတာလဲ။
        မသိရင်လဲဖြေပေးပါရစေ။ ဒီမိုကရေစီအတွက် စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာပါ။
        ဒီတော့ တော်လှန်ရေးအဓွန့်ရှည်ပါစေ လို့ဆုတောင်းတဲ့သူဟာ အာဏာရှင်ဖက်ကလား။
        အံ့မခန်းမှတ်ချက်ပဲနော်။
        ဒီမိုကရေစီပန်းတိုင်ရှိရာကိုလျှောက်မယ့်အရိပ်အယောင်တောင်မတွေ့ရသေးချိန်မှာ မနက်ဖြန်ဒီမိုကရေစီရတော့မယ်လို့ထင်နေတာလဲ အံ့သြစရာပဲ။

        1. No one wants to live under the influence of the regime, if you don’t want the reverse action of the transitional change, you have to encourage/motivate the current government to move on. Here in the UK, people who always scream for democracy never do any demostration like Min Ko Naing did before. They go shout only in front of Myanmar embassy as they know they won’t be arrested. Again, organisations like Burma Campaign UK is still screaming about Karen & some other ethnic groups and finally, Rohinger who are actually illegal immigrants from Bangladesh. They actually don’t want Daw A S S Kyi’s release because they will receive less fund from other donor sources. These org:s are only looking for the donation for themselves. So, I don’t trust anyone who say themselves as politicians abroad.
          P.S I support NLD and Daw A S S Kyi but not other NLDs (LA)

  5. I will never read again this Moemaka… Still carry on About Military Regime Ideas…. May be he is writing this article about who pay for him to survive. So pity.. Open your eyes and ear TuTawMaung.. Even Non- educated people in Burma Understand what you & your People (KyantPutt) mean.. The world is changed already you do not realised yet. You are still trying to cover for 5% of people in Myanmar… 95% of Myanmar open eye already…. Pls do not follow Galon U Saw Wayssssssssss………….. I am from Military family too… Do not be bullshit in Internet. Pls show up infront of people if you are really care about our country…. Rubbish….

  6. အထက်မှာ ကွန်မင့်ပေးထားတဲ့သူများကို ပြောချင်ပါတယ် ။ တူမောင်ညိုက မြန်မာစာ မြန်မာစကားနဲ့ေ၊ရးထားတာကို ခင်ဗျားတို့က ဘာကြောင့် မြန်မာလို ပြန်မရေးနိုင်ရတာလဲ ။ မြန်မာစကားမတတ်လို့လား ။ ကိုယ်ကိုကိုယ့် နိုင်ငံခြားသားလို ခံယူထားလို့လား ။ ဒါမှမဟုတ် အဖြူကောင်တွေနဲ့ ဖက်စပ် မျိုးမစစ်မို့လို့လား ။ နာမည်တွေကြည့်ရတာတော့ မြန်မာနိုင်ငံသား နာမည်တွေပါ။ အမြင်ကတ်တယ်ဗျာ လိုအပ်မှ ပြောပါ ။တခြား နိုင်ငံသား စကားကို ။ ခင်ဗျား နိုင်ငံခြား ဘာသာစကားတတ်တာ သိသွားပြီ ။ ဗမာ့စကား တတ်မတတ်တော့သိချင်သေးတယ် ။ မတတ်ဘူးဆိုရင်တော့ ကိုယ့်ဖင်ထဲ် ပုလင်းဆို့ပြီးသာ သေလိုက်တော့ဗျာ။ ဗမာ့လူမျိုးရေးထားတဲ့ စာကို ဖတ်ပြီး ဗမာ့စကားနဲ့ လေးလေးစားစားပြန်ပြောသင့်ပါတယ် ။ နားမလည်ရင်လည်း နားမလည်ကြောင်း တော့ ရေးပေါ့ဗျာ ။ နားလည်ရဲ့သားနဲ့ မရေးဘူးဆိုရင်တော့ မျိုးမစစ်ကောင်တွေလို့ပဲ ငါ့ကတော့ သတ်မှတ်တယ်ဟေ့

  7.ှဆရာသမား
    ကျုပ်လဲခများလို ခြံအပြင်ကလူဘဲ–ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက ဘာကိုအကျိုးရှိမလဲဆိုတာ အရင်စဉ်းစား ပီးတော့ မှ ပြောရတယ်။ အထဲကလူတွေဘယ်လိုလုပ်နေသလဲ ဘာအစီအစဉ်ရှိလဲ ဆိုတာကို ကောင်းကောင်းနားလည်ဘို့ တော့ လိုလိမ့် မယ်။တောင်ကျရေစီးလာတာအန္တရယ်ရှိတယ်ဆိုပီး သွားပိတ်ဆို့ ဘို့ ကျိုးစားရင် ကိုယ်ကျိုးနဲတတ်တယ်။အခု ပြည်သူတရပ်လုံးက ဒီချုပ်လွှတ်တော်တက်တာကို အကောင်းမြင်နေကြတဲ့ အချိန် ခများအခုသွားပြောတော့  ဘာဖြစ်လာသလဲ။ ကွန်မန့် တွေဖတ်ကြည့် ပေါ့ ။

  8. မှန်တယ် ဒီလှိုင်း မှာ ရေးတာ အတိုင်း မင်းလျောက်ပြောမနေနဲ့ 
    ဒါက သပ်သပ်၊ လက်တွေ့  နိုင်ငံရေးက သပ်သပ်၊
    ငါကိုယ်တိုင် တူမောင်ညို ကို သံသယ ရှိလာပြီ

  9. 1. we have no myanmar font.
    2.i think tu maung nyo wants to make problem.
    3. we want good changining in myanmar only.
    p;ease stop your comment and story from noe u tu maung nyo. thank

    1. please *
      now*
      sorry my mobile key is too small. sorry again.
      we have no myanmar font . thank you your understanding.

  10. mankyi.. တချို့က မြန်မာလိုမရေးချင်လို့မဟုတ်ပါဘူးဗျ.. မြန်မာစာ လက်ကွက်ကို မရိုက်တတ်ကြလို့ပါ။ အင်္ဂလိပ်လက်ကွက်က လူတိုင်း ရိုက်တတ်ကြတယ်လေ။ နှေးတာနဲ့ မြန်တာပဲကွာတာ။
    ခင်ဗျား တော်တော်ရိုင်းတယ်။ မြန်မာစစ်စစ်တွေက ယဉ်ကျေးကြပါတယ်။ ခင်ဗျားမျိုးမစစ်ဘူး။

  11. တူမောင်ညို.. ဒီဆောင်းပါးဟာ အပြစ်ရှာတဲ့ ရှုထောင့်က အမြင်သက်သက်လို ဖြစ်နေတယ်။ ဟိုဖက် ဒီဖက်အမြင်တွေ ရေးရင် ခင်ဗျားဆောင်းပါးတွေ မဆိုးပါဘူး။ ဒီတစ်ခါတော့ သိပ်မစွံဘူးလို့ပဲ ပြောပါရစေ။

  12. ပုံမှန်အသိ ရှိတဲ့ လူတစ်ယောက်ရဲ့ အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပြုတာဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းဖြစ်ပြီး ပါတီတစ်ခုအတွင်းမှာဆိုရင် ပါတီတွင်းဒီမိုကရေစီ အလေ့အထလို့ မြင်မိတယ်။

  13. Dear ManKyi…When i was university student in 1988,i never see computer…After i left from Burma,i saw and started to use computer in Thailand..Yes,,i really want to write with burmese language but i don’t know how to install burma font in my computer..that why we wrote with english..Please understand about our problem..it is true…Ok???.Don’t blame other people about it..

  14. တူမောင်ညိုပြောတာမှန်တယ်။ အဖွဲ့အစည်းဆိုတာ အပြောနဲ့အလုပ်ညီရတယ်။ ဒီမိုကရေစီလမ်းကြောင်းမှာ ဘက်လိုက်မှုမရှိ၇ဘူး။ မှန်ရင်မှန်တာပြော၊ မှားရင်မှားတယ်ပြော ။ လူဗြိန်းတွေက ဒေါ်စုဘာလုပ်လုပ် အကုန်မှန်တယ်လို့ထင်နေတယ်။ အဲဒါမြောင်းထဲဆင်းမယ့် လုပ်ရပ်တွေဘဲ။ ဘယ်သူလုပ်လုပ်မှန်ရင်မှန်တယ် မမှန်ရင်မမှန်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူဟာ လူတော်ပါဘဲ။

  15. လှဒင်က ငါ့အမြင်ပြောရရင် ကိုယ့်အမှားကို ၀န်မခံရဲတဲ့လူစားမျိုး

  16. Dear Friends,

    Don’t blame Tu Maung Nyo. This is the way he is living and earning. He wants to see unstable goverment and country so that he can write this kind of barking article from hiding place and earn something to live on. We also stay out of the contry. But we love to see the peace between the ruling goverment and NLD.
    But this is so disgusting to read this kind of article and supporting comments to him. Sorry! I really do not understand we he is driving at.

    1. မိုးမခက ကွန်မင့်ကိုလည်း ထည့်ပေးပါတယ်။ စာလည်းပြန်ပါတယ်။
      မိုးမခကို လုပ်နေသူတွေကော၊ စာရေးနေသူတွေကော အဲသည်လို ရေး၊ လုပ်နေတဲ့အတွက် ဘယ်ကမှ ပိုက်ဆံလည်း မရပါဘူး။ လှူကြတဲ့ပိုက်ဆံတွေကို ပြည်တွင်းက နိုင်ငံရေးအကျဉ်းသား၊ သပိတ်မှောက် စာနယ်ဇင်းသမား၊ သံဃာတော်တွေအတွက် လှူပါတယ်။
      ဒီမီဒီယာက ကိုယ့်ကိုယ်ကို တာဝန်ယူတဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ထူထောင်တဲ့ လွတ်လပ်တဲ့ ကိုယ်ထူကိုယ်ထ မီဒီယာအသင်းအဖွဲ့အလုပ်ဖြစ်ပါတယ်။
      တူမောင်ညိုနဲ့တကွ မိုးမခ၀ိုင်းတော်သားတွေမှာ စာမူခတွေ၊ ခံစားခွင့်တွေ ရလို့ ရေးနေသူတွေ မပါတဲ့အတွက် အဲသလိုဝေဖန်တာကို ပြုံးရယ်ပြီး သီးခံနေဖို့ပဲ ရှိပါတယ်။
      ကျေးဇူးတင်ပါတယ်။
      မိုးမခအယ်ဒီတာအဖွဲ့

  17. ချင်းချင်းနဲံ့တိုတိုပြောမယ်။စစ်တပ်သာကောင်းရင်ငါတို့တွေကောင်းစားနေတာကြာပြီ။ဘာဖြစ်လို့ညာဖြစ်လို့မပြောနဲ့။
    စေတနာမကောင်းရင်ကံကောင်းမလား။သတိထါးရမှာကသမ္မတနဲ့အစိုးရအဖွဲ့ဝင်တွေဟာသန်းရွေကျိန်စာတိုက်ထါး
    တာ။ဒါကိုဟုတ်မဟုတ်မေးကြည့်အုံး။အေးဒီသန်းရွေလဲပြည်သူကျိန်စာထိထါးဒါ။အေးစဉ်းစား။

  18. မှတ်ချက်တွေကို ဖတ်ကြည့်ရင် (ဒီဆောင်းပါးမှမဟုတ်၊ဘယ်နေရာ၊ဘယ်ဘလော့ဂ်မှာမဆို)
    ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လက်ရှိလုပ်နေတဲ့အလုပ်တွေကို ဆန့်ကျင်တဲ့ စကားပြောရင်၊စာရေးရင် ရန်သူလို့သဘောထားတဲ့သူတွေကို (အများစု)တွေ့နေရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘာလုပ်လုပ်မှန်တယ်လို့ထင်တာထင်ပေါ့။ မထင်တဲ့မယုံကြည်တဲ့သူတွေကိုဘာကြောင့်ရန်သူထင်ရတာလဲ။
    ကိုယ့်မှာမျက်မှန်စိမ်းတပ်လျက်သားဖြစ်နေတာကိုယ့်ဘာသာသိဖို့ကောင်းပြီ။

    1.ုkyi..တခုလောက်ပြောမယ်။ပြောသလိုမလုပ်လုပ်တာကလဲအမှိုက်တွေ။ရန်မလိုပါဘူး။လူဆိုတာလူကိုလူလိုဆက်ဆံပါ။
      အခွင့်ထူးခံတွေမြန်မာပြည်မှာပျောက်တဲ့နေ့ဟာမြန်မာ့လွတ်လပ်ရေးနေ့ပဲ။ရန်လုပ်တာတော့မဟုတ်လောက်ပါဘူး။
      လူစကားကိုနားမလည်လို့ဒေါနည်းနည်းပွတာထင်တယ်။အေးကောင်တွေကမိမိကိုတော့လူပြည်သူကိုတော့လူမထင်ဘူး။
      မျက်မှန်စိမ်းတပ်ရင်လဲလူကိုတော့လူလိုမြင်ရပါတယ်။

  19. We should think fairly for everybody. The article said that Daw Aung San Suu Kyi & NLD MPs enter to Parliament by key & lock. If you were Daw Suu or NLD’s MP, will you wait until Myanmar’s current government to agree what Daw Suu is asking to change the words for oath? NO WAY. U Thein Sein or Kyant Pyunt will never easily to follow everything what Daw Suu wants. U Thein Sein’s position is PRESIDENT OF MYANMAR & Daw Suu’s position is opposition leader. If you were at the position of PRESIDENT OF MYANMAR can you follow easily everything what opposition needs? So why you are criticized easily to Daw Suu & NLD’s MPs. We should respect to the people who are doing right.

    1. ဟုတ်ပါ့၊မှန်ပါ့။ ကျုပ်တို့လဲဒါပဲပြောနေတာပါ။
      ဖွဲ့စဉ်းပုံအခြေခံဥပဒေကိုပြုပြင်ဖို့လွှတ်တော်ထဲကို သွားမယ့်NLDဟာ၊ ကျမ်းကျိမ်စာသားက စကားလုံး ကလေးကိုတောင်မပြင်နိုင်၊ပြင်ဖို့တောင်းဆိုပြီးကာမှအလျော့ပေးလုပ်နေတော့။ပြုပြင်လို့မရအောင်အမျိုး မျိုးကာကွယ်ထားတဲ့အခြေခံဥပဒေကို၊ ဘယ်လို(စိတ်ဓါတ်မျိုး၊ဘယ်လိုအရည်အချင်းမျိုးနဲ့) ပြုပြင်မှာလဲ။
      ၁လက္မအမြင့်ကို မခုန်နိုင်ပဲ။ ၁မိုင်အမြင့်ကိုခုန်နိုင်မယ်လို့ဘယ်လိုယုံကြည်ရမှာလဲ။
      စစ်အစိုးရ (မဟုတ်ဘူး၊ အရပ်သားအစိုးရပါလို့ငြင်းချင်လဲမျက်စိမှိတ်ငြင်းနိုင်ပါတယ်။) က သူတို့အကျိုးစီးပွားအတွက်ကလွဲလို့၊တပြားသားမှအလျော့မပေးချိန်မှာNLD က တထစ်ပြီးတထစ်လျော့ပြီးစစ်အစိုးရကခိုင်းသလိုကနေတာကို အမှန်တွေလုပ်နေတယ်လို့တကယ်ယုံကြည်ပါသလား။

  20. Kyi ပြောသလို NLD ဘာလုပ်လုပ် မှန်တယ်ထင်နေတာ မဟုတ်ဘူး။ ခင်ဗျား ပြည်သူလူထုကို တော်တော် အထင်သေးပုံရတယ်။ အဲလို အလေ့အထရှိတာ အာဏာရှင်တွေရဲ့ အဆွယ်အပွား သြဇာခံတွေပဲ ရှိတယ်။ ပြီးခဲ့တဲ့ NLD လွှတ်တော်ဝင်ဖို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချနိုင်ခင်မှာ ပြည်သူတွေက NLDကို ပြတ်ပြတ်သားသား ပြောဆို ထင်မြင်ချက်ပေးခဲ့တာပဲ။ တချို့ဆိုရင် NLDကို တစ်သက်လုံးမဲမပေးတော့ဘူးလို့ တင်းမာစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ခင်ဗျားထင်သလို ဘာလုပ်လုပ်ကောင်းပါသည် ဆိုပြီး လက်ခံနေကြတာ မဟုတ်ဘူး။ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ရင်ထဲက အမြစ်တွယ်ခဲ့ရတဲ့ ဒဏ်ရာဟောင်းတွေရဲ့ တုံ့ပြန်လှုံ့ဆော်မှုအရ လက်တွေ့ဆန်စွာ
    ပြတ်ပြတ်သားသား ထောက်ပြလုပ်ကိုင် နေတဲ့ ပါတီဆိုလို့ NLDတစ်ခုပဲရှိတယ်လို့ မြင်ကြတယ်။ အဲဒီတော့ နိုင်ငံရေးပါတီကဏ္ဍမှာ NLD ကိုမထောက်ခံရင် စွမ်းအားရှင်ကြံ့ဖွံ့နဲ့ စစ်အာဏာရှင် ထောက်ခံသူဆိုတာ မငြင်းနိုင်တဲ့ ယေဘူယ အမှန်တရားလို့ ဆိုနိုင်တယ်။

  21. ကျုပ်ပြောတဲ့အထဲမှာပြည်သူကိုအထင်သေးတာတခုမှမပါဘူး။
    စာကိုနားလည်အောင်ဖတ်တတ်မယ်၊ရေးတတ်မယ်ဆိုရင်သိမှာပါ။
    ၁။ ကျုပ်ပြောတာက မှတ်ချက်ပေးတဲ့သူတွေထဲကမှ” အများစု ” ကိုသာပြောတာ။အဲဒါပြည်သူလိုခင်ဗျားကဘာကြောင့်ဆွဲယူရတာလဲ။
    မှတ်ချက်ပေးသူအားလုံးကိုတောင်မရည်ညွှန်းခဲ့ဘူး။
    ၂။ NLD ကဘာတွေများပြတ်ပြတ်သားသားထောက်ပြလုပ်ကိုင်နေပါသလဲ။
    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်ဆောက်ရမယ်၊ပြည်တွင်းငြိမ်ချမ်းရေးတည်ဆောင်ရမယ်ဆိုပြီး ကချင်မှာမီးကုန်ယမ်းကုန်တိုက်နေတာကိုပြတ်ပြတ်သားသားဘေးထိုင်နေတာလား။
    အခြေခံဥပဒေပြင်ဆင်ရမယ်ဆိုပြီး၊စစ်သားအမတ်၂၅%ကိုလွှတ်တော်ထဲကဖယ်ရှားဖို့ဘယ်တုံးကမှမ ပြောခဲ့ပါဘူးလို့ပြတ်ပြတ်သားသားငြင်းတာကိုပြောတာလား။
    ကျမ်းကျိမ်စာသားကိုမပြင်လဲလွှတ်တောက်ကိုတက်ပါ့မယ်လို့ပြတ်ပြတ်သားသားဆုံဖြတ်ခဲ့တာကိုဆိုလိုတာလား။ဒါတွေကလောလောလတ်လတ်ကိစ္စလောက်ပဲပြောတာပါ။အလျင့်အလျင်ကဟာတွေမပါသေးဘူး
    ၃။” NLD ကိုမထောက်ခံရင် ကြံ့ဖွတ်နဲ့စစ်အစိုးရကိုထောက်ခံသူဆိုတာမငြင်းနိုင်တဲ့ယျေဘုံယ အမှန်တရားပဲလို့ ဆိုနိုင်တယ်။”
    ငါနဲ့မတူငါ့ရန်သူပေါ့။ အဲဒါကမှ ခင်ဗျားပြောတဲ့အာဏာရှင်နဲ့အာဏာရှင်ရဲ့အဆွယ်အပွားတွေရဲ့ လက္ခဏာ။
    ဒါကိုသိရဲ့လား။ အမြင်ကျယ်အောင်ကျိုးစားပါအုံး။

  22. http://www.bbc.co.uk/burmese/news/2012/05/120505_japan_nuclear_plant.shtml
    ဂျပန်ကလဲ ဓါတ်ငွေ့တွေလိုချင်လို့ ဗမာကိုကပ်တော့မယ်။
    ဓါတ်ငွေ့ရောင်းရတဲ့ငွေတွေ အစိုးရနဲ့၊သန်းရွှေနဲ့၊သူ့တို့အပေါင်းပါတွေလက်ထဲပိုရောက်တော့မယ်။
    ခုအစိုးရအာဏာရလာပြီးကထဲက ပညာရေး၊ကျန်းမာရေး၊လူမှုရေးတွေအတွက် (တကယ်လုပ်ဖို့အသာထား) ဘာတွေဘယ်လိုလုပ်မယ်လို့ (ယေဘုံယျသဘောမဟုတ်ပဲ)တိတိကျကျလမ်းစဉ်ချပြတာရှိပါသလား။
    အော်….အော်…..ခုမှ ၁နှစ်သာသာပဲရှိသေးတာ၊စောင့်ကြည့်ပါအုံး။လား။
    သမတကြီးညိုငြင်မှာကိုကြောက်ရှာတာလား။
    ကမ္ဘာလဆန်းတရက်နေ့ထိစောင့်ရမယ်ထင်တယ်။

Comments are closed.