ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

DKBA ရှင်းလင်းချက် နှင့် ထိုင်းအစိုးရ၏ တုံ့ပြန်ချက်

ဓာတ်ပုံသတင်း
မေ ၁၊ ၂၀၁၂


(ဓာတ်ပုံများ အချက်အလက်များ မူရင်း – ပြည်တော်မြင့် – ဧရာဝတီ ဘလော့ http://www.irrawaddyblog.com/)


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် DKBA ကလို့ထူးဘော အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး) က သူ့ကို ထိုင်းနိုင်ငံကနေ မူးယစ်ရာဇာလို့ စွပ်စွဲပြီး ထိုင်းဘတ်ငွေ ၁၀ သိန်း ဆုငွေ ထုတ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ (မေလ ၁ ရက်နေ့) မနက်က သူ့ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကရင်ပြည်နယ်မြ၀တီခရိုင်ထဲက DKBA ဌာနချုပ် သတင်းစာရှင်းလင်းပွဲကို မြန်မာနဲ့ ထိုင်းသတင်းထောက်တချို့ တက်ရောက် သတင်းယူခဲ့ကြပါတယ်။

သတင်းထောက်တွေကို စောလားပွယ် ပြောတာက ထိုင်းဒုတိယ၀န်ကြီးချုပ် ချရုမ်ယူဘန်းရူး ဦးဆောင်တဲ့ ထိုင်းနိုင်ငံမူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး OFFICE OF THE NARCOTICS CONTROL BOARD (ONCB) အဖွဲ့ကနေ ဒီလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ရာဇာ ၂၅ ဦးထဲမှာ သူ ပါဝင်နေတာဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် လို့ ဆိုပါတယ်။

ဒီလို အခြေအမြစ်မရှိတဲ့ကိစ္စကို ထိုင်းဒုဝန်ကြီးချုပ်က တာဝန်ယူဖြေရှင်းတာ မလုပ်ဘူး ဆိုရင် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်တယ် လို့ ပြောပါတယ်။

အခြေအနေအမှန်ကို သိရှိနိုင်ဘို့အတွက် ထိုင်းဘက် ကကိုယ်စားလှယ်အဖွဲ့စေလွတ်ပြီး လာရောက် စစ်ဆေးနိုင်ကြောင်း၊ စွပ်စွဲသလို ဟုတ်မှန်ခဲ့ရင် သူ နိုင်ငံတကာခုံရုံးကို တက်မှာဖြစ်ကြောင်း၊ မဟုတ်ခဲ့ရင်တော့သူ့ကို အမည်ပျက်စာရင်းကနေ ထုတ်ပေးရမှာဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းဒုတိယ၀န်ကြီးချုပ်ကလည်း ဒီနေ့ပဲ ထိုင်းရုပ်သံကနေ တုန့်ပြန်ပြောဆို ခဲ့ပါတယ် – DKBA က စောလားပွယ် အနေနဲ့ ထိုင်းနိုင်ငံအတွင်းကို လာရောက် အဖမ်းခံတာက လွဲပြီး အခြားနည်းလမ်း မရှိဘူး တဲ့။

ဗိုလ်ချုပ်စောလားပွယ် ဒီစာရင်းထဲ ပါနေတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ ၉ နှစ်က မူးယစ်ဆေးအမှုကြီးတခု နောက်ပိုင်းမှာ ဖြစ်လာတာလို့ ကြားသိရပါတယ်။

၂၀၀၃ ခုနှစ်က ထိုင်းဘက်ခြမ်းမှာ ရှိတဲ့ ဝေါ်လေရွာမှာ စိတ်ကြွဆေး အလုံးရေ ၉ ဒဿမ ၄ သန်း ပိုင်ရှင်မဲ့ ဖမ်းမိပါတယ်။ အဲဒီနေရာဟာ လက်ရှိ DKBA အဖွဲ့ဌာနချုပ် တည်ရှိရာ ဒေသနဲ့ နီးပါတယ်။ ဒီဆေးတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်စောလားပွယ်မှာ တာဝန်ရှိတယ်လို့ ONCB အဖွဲ့က စွပ်စွဲထားပြီး ဆုကြေးငွေ ထုတ်ထားခြင်းဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ DKBA အခြေစိုက်ရာ ဒေသအတွင်းက နှစ်ဘက် နယ်ခြားမျဉ်းအနီးမှာ နေထိုင်ကြ တဲ့ ထိုင်းနဲ့မြန်မာတွေက ဒေသတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မိတယ် လို့လည်း ပြောဆိုနေကြပါတယ်။


















သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

6 thoughts on “DKBA ရှင်းလင်းချက် နှင့် ထိုင်းအစိုးရ၏ တုံ့ပြန်ချက်
  1. ထိုင်းနိုင်ငံဟာ မြန်မာပြည်အပေါ်မကောင်းခဲ့ပါ။ရှေးလည်းကောင်းမှာမဟုတ်ပါ။ထိုင်းယုတ်မာတာ မြန်မာများသတိထားဘွယ်။အပေါ်ယံသာ

  2. စောက်ရူး ဒုထိုင်း ဝန်ကြီးချုပ်။

  3. ကျွန်တော်အနေနှင့်ပြောရရင် ထိုင်းဟာဘယ်တော့မှအကောင်းမြင်တာမဟုတ်ဘူး..အကျိုးစီပွားကိုအချောင်
    အမြတ်ထုတ်ဖို့ကြိုးစား အကွတ်ချောင်းနေတာပါ.အဲဒီတော့ခင်ဗျားတို့ကပြတ်ပြတ်သားသားတုန့်ပြန် တိုက်ခိုက်ပေးဖို့လိုပါတယ်…..

  4. မြန်မာရဲ.ရာဇ၀င်တလျောက် အနီးကပ်ဆုံးရန်သူဟာ ယိုဒယားဘဲ မူးယစ်ဆေးဝါးနဲ.ပတ်သက်တဲ. ဓါတုဆေးဝါး၊ စက်ကရိယာ၊ဈေးကွက်၊အားလုံးယိုးဒယားမှာဘဲရှိတာခွေးကအစသိတယ်။မြန်မာဆိုရာဇ၀င်တလျောက်နှိမ် ချင်တဲ.မင်းတို.စောက်ကျင်. အရင်ကရချင်ရမယ် ခုငါတို.မျိုးဆက်လက်ထက်မှာတော. သတိသာထားနေတော. မြန်မာတွေညီညွတ်နေတဲ.ကာလဆိုရင်မင်းတို. ပတ်ဝန်းကျင်နိုင်ငံတွေဘယ်လိုရပ်တည်နေခဲ.ရတယ်ဆိုတာ ရာဇ၀င်စာရွတ်တွေကိုတစ်ရွတ်ချင်းပြန်လှန်ကြည်.လိုက်…. မူးယစ်ဆေးဝါးရဲ.အဓိကတရားခံအစစ်က ယိုဒယားနိုင်ငံဘဲ မူးယစ်ရာဇာတွေကိုဆုငွေထုတ်ရရင် ယိုဒယားခေါင်းတစ်လုံး (၁)ပြားပေးမည်။
    (ဒါတောင်များသွားလားမသိဘူး ……………)

  5. 2003 ခုနှစ်က နှုတ်ခမ်းမွေးက ဝေါလေနယ် တာဝန်ရှိသူလား?
    မဟုတ်ရင် အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ထိုင်း ဒုဝန်ကြီးချုပ်ကို တရားစွဲဘို့ အကြံပေးပါရစေ။

  6. ဗမာအစိုး၇မွှေတယ်ထင်တယ်.။သိပ်အထင်မကြီးဖို့သတိပေးပါရစေ။အားလုံးကောင်းစေချင်ပါတယ်။

Comments are closed.