မိုးမခကို ပေးတဲ့စာ

ပြဿနာအဖြစ်ဆုံး စင်ကာပူသံရုံးအခွန်အကြောင်း

ဝတ်မှုန် (စင်ကာပူ)
ဧပြီ ၂၈၊ ၂၀၁၂
၂၃ ရက် တနင်္လာနေ့မနက် စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် အရင်စနစ်ဟောင်းအတိုင်း ရုံးရင်းဆန်ခတ်ဖြစ်နေစဉ်

Online Q စနစ်ကို ကောင်းမွန်စွာ update မလုပ်နိုင်ပဲ online တွင် Q ယူသမျှလူတိုင်းကို Q နံပါတ်မပါ နေ့စွဲသာပါရှိသော Form ကို ထုတ် ပေးလိုက်ရာ၊ သံရုံးရှေ့တွင် လူပေါင်း ၅၀၀ ကျော်မျှ Q နံပါတ်ရရှိရေးအတွက် ပြန်လည်တန်းစီခဲ့ကြရပါသည်။ နှစ်နာရီနီးပါးမျှ တန်းစီ ခဲ့ ရပြီးနောက် loud speaker နှင့် online မှ Form ထုတ်ယူခဲ့သူတိုင်း တန်းစီရန်မလိုပဲ Counter တွင် တိုက်ရိုက် Q ရယူနိုင်ကြောင်း ကြေငြာ လိုက်ရာ သံရုံးပြင်ပတွင် တန်းစီနေသောလူအုပ်ကြီးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အလွန်ကျဉ်းမြောင်းသော counter အပေါက်လေးသို့ ပြုံ တိုးခဲ့ကြရာ ရုပ်ရှင်ရုံတွင် တိုးကြိတ်တန်းစီသကဲ့သို့ ဖြစ်ပျက်ခဲ့ပြီး၊ ယင်းကဲ့သို့  တိုးကျိတ်မှုထဲတွင် Visa လာရောက်လျှောက်ထားသော နိုင်ငံ ခြားသားများပင် ချွေးသံရဲရဲ ပါဝင်ခဲ့ကြတဲ့အတွက် ရှက်ဖွယ်လိလိဖြစ်ခဲ့ရကြောင်း ယခုသံရုံးထဲမှနေ၍ update သတင်းပေးလိုက်ရပါတယ်။

သတင်းဓါတ်ပုံ – မိုးသိကြား
Ref: Khin Nyein Chan’s facebook
…………………..

၁၀ ရက်လောက် သင်္ကြန်ရုံးပိန်ရက်များနဲ့ အနားယူနေကြတဲ့ သံရုံးဝန်ထမ်းများ၊ ရုံးပြန်ဖွင့်ချိန် အံသြစရာဖြစ်ရပ်ကြုံလိုက်ရပါတယ်။ သံရုံး အွန်လိုင်းဘွတ်ကင်စနစ်ရဲ့အားနည်းချက်ကြောင့် လူပေါင်းများစွာ၊ ၂၃ ရက် တနင်္လာနေ့မှာရောက်လာတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ် သွားပါတယ်။ သံရုံးကအရေးပေါ် တန်းစီစနစ်ကို ပြန်ကျင့်သုံးခိုင်းလိုက်ပါတယ်။ လာရောက်သူများစွာ အလွန်စိတ်ပျက်ရပါတယ်။ နာရီပိုင်း လောက်နဲ့ ပြီးသွားမယ်ထင်သူများ၊ တရက်ခွင့်ယူပြီးလာသူများလည်း ကသိကအောက်ဖြစ်ရပါတယ်။ စာရေးဆရာကြီး ဦးအေးငြိမ်း မြန်မာ ပြည်ပြန်ပြီး နေပြည်တော်မှာ စင်ကာပူအင်ဂျင်နီယာ Safety & Health တင်ပြဖို့မသွားခင် ၂၃ ဧပြီလက၊ အခွန်ဆောင်ဖို့ကြိုးစားရာ မြန်မာ ပြည်ကြီး၊ ပြုပြင်ပြောင်းလဲရေးအတွက်အားတက်နေချိန် သံရုံးအခွန်သွားဆောင်စဉ် ကသိကအောင့် တော်တော်ကြီးဖြစ်သွားရပါတယ်။

နောက်ဆုံးတော့ သံရုံးဝန်ထမ်းများ အချိန်ပိုလုပ်အားပေးပြီး၊ ညသန်းကောင်ကျော်တဲ့အထိ အခွန်ဆောင်၊ ပတ်စပို့သက်တမ်းတိုးခြင်းများကို လုပ်ဆောင်ပေးလိုက်ပါတယ်။ ဒီရက်မှာ ပြီးကိုပြီးမှဖြစ်မယ်ဆိုသူများစွာ ညသန်းကောင်ထိ စိတ်ရှည်စွာစောင့်ကြပါတယ်။ သံရုံးဝန်ထမ်းများရဲ့ စေတနာနဲ့ ညလုံးပေါက်လုပ်ပေးကြပေမဲ့၊ ညသန်းကောင်ထိစောင့်လိုက်ရလို့၊ သံရုံးကို မကျေနပ်သူများစွာ ရှိနေဆဲပဲဖြစ်ပါတယ်။ မြန်မာသံရုံး ကို ဗီဇာလာလျှောက်တဲ့ဥရောပသားများလည်း တိုးကြိတ်မှုများနဲ့၊ အဲဒီနေ့က ချွေးသံရွှဲရွှဲဖြစ်သွားရတယ်လို့ ဆိုပါတယ်။

ဘယ်နိုင်ငံမှာမကောက်တဲ့အခွန်ကို မြန်မာစစ်အစိုးရကကောက်ခံနေတာ နှစ်ပေါင်းများစွာရှိပါပြီ။ စင်ကာပူက DTASA အဖွဲ့က ၂၀၀၇ က တည်းက အခွန်မဆောင်ရေးအတွက် အပြင်းအထန်လှုံ့ဆော်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါ။ ၂၀၁၁ အစိုးရသစ်ပြောင်းလဲချိန်မှာ အခွန်ကို ၂ ရာခိုင် နှုန်း ယာယီလျှော့ချပေးပါတယ်။ လူတွေက ဒီ ၆ လပြီးရင် အရင်တိုင်း ၁၀ ရာခိုင်နှုန်း ပြန်ကောက်မယ်ပြောဆိုကြပေမဲ့။ မမျှော်လင့်ပဲ မြန်မာ အစိုးရသစ်က ၂၀၁၂ ဇန္န၀ါရီကစပြီး အခွန်ပေးစရာမလိုတော့ကြောင်း ကြေငြာလိုက်ပါတယ်။

အခုအခါ မြန်မာပြည်တွင်းမှာ ၀င်ငွေကောင်းသူများစွာရှိနေတဲ့အတွက်၊ စင်ကာပူအလုပ်လာလုပ်သူများရဲ့ဝင်ငွေဟာ အခွန်ဆောင်စရာမလို တော့ဘူးလို့လဲ ပြောရင်ရပါတယ်။

• ကျန်ရှိတဲ့ပြဿနာများ
အခုအချိန် ယခင်နှစ်ပေါင်းများစွာ အခွန်မဆောင်ခဲ့သူများ၊ အခွန်ဆောင်၊ ပတ်စပို့သက်တမ်းတိုးလုပ်နေကြပါပြီ။ အချို့လည်း အခွန်ဆောင် လက်မှတ်နဲ့ ကားပါမစ်ကို ငွေကုန်ခံ၊ မြန်မာပြည်ပြန်ပြီး ရအောင်လုပ်ကြတယ်။ အဆင်မပြေသူများပေမဲ့ ပြေသူများလည်း ရှိပါတယ်။ နိုင်ငံ တကာရောက် မြန်မာများမှာ အခွန်မပေးမနေရ ပေးနေသူမြန်မာများမှာ၊ စင်ကာပူနေထိုင်သူများဖြစ်ပါတယ်။ အခွန်ပေးစရာမလိုတော့ခြင်းကို စင်ကာပူရောက် မြန်မာများပဲ အကျိုးခံစားရပါတယ်။

အခုလောလောဆယ် ပြဿနာအဖြစ်ဆုံးကတော့ တလကို စင်ကာပူဒေါ်လာ ၄၀ နှုန်းနဲ့ မြန်မာပြည်ပြန်ပြီး၊ အခွန်ဆောင်သူများကို စင်ကာ ပူမြန်မာသံရုံးက ခြားနားခွန်ထပ်မံကောက်လို့ မကျေနပ်ကြောင်း ခင်ကလျာစိုးက သူမရဲ့ဖေ့စ်ဘုတ်မှာ တင်ပြခဲ့ပါတယ်။ မိုမခမှ ဧပြီ ၂၆ ၂၀၁၂ ထပ်မံဖေါ်ပြပါတယ်။ စင်ကာပူမှာအလုပ်လုပ်တဲ့ S-pass နဲ့ PR များကို စင်ကာပူသံရုံးက တလ S $80, S $120 မနှစ်က အခွန် ဟောင်းများကိုတောင်းခံနေခြင်းဟာ ပြဿနာကြီးတခုဖြစ်နေပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

10 thoughts on “ပြဿနာအဖြစ်ဆုံး စင်ကာပူသံရုံးအခွန်အကြောင်း
  1. ဒီအခွန်ဆောင်မှု့နဲ့ပါတ်သက်တဲ့ နောက်ဆုံးအချက်အလက်လေးတွေ ရှိခဲ့ကြရင် အမြဲတမ်းတင်ပေးကြပါလို့ မေတ္တာရပ်ခဲပါတယ်… နောက်အခွန်ဆောင်မဲ့သူတွေ ဆောင်ရန်ရှောင်ရန်အတွက်ပါ… ကျေးဇူးပါနော်

  2. ကမ္ဘာပေါ်မှာ ကျက်သရေအတုံးဆုံးက စင်ကာပူကမြန်မာသံရုံးများဖြစ်မလားမသိပါဖူး။။
    ကိုယ့်အတွက်သာကိုယ်ကြည့် ဒေါ်လာမျက်နှာကိုသာကြည့်ပြီး စင်ကာပူရောက်မြန်မာတွေကို
    မောက်မာစွာဆက်ဆံလေ့ရှိတဲ့သရုံးပါ။။ စင်ကာပူကမြန်မာအလုပ်သမားတွေကျွေးတဲ့ထမင်းကိုစားပြီး
    ထမင်းရှင်ကိုပစ်မှားနေတဲ့သူတွေလို့ထင်ပါတယ်။။ တစ်ကယ်ပဲစင်ကာပူကမြန်မာသံရုံးကိုစိတ်ပျက်မိပါတယ်။
    မြန်မာနိုင်ငံမှာအခွန်ပြန်ဆောင်တဲ့လူတွေကိုလဲပြောချင်ပါတယ် ဟိုမှာအခွန်ပြန်ဆောင်ရင်
    တစ်ခါထဲစာအုပ်ပါတိုးခဲ့ရင်အဆင်ပြေပါတယ်။ ဟိုမှာအခွန်ဆောင်ပြီး ဒီမှာစာအုပ်ပြန်လာတိုးတာတော့
    သဘာဝမကျတဲ့အတွက် သံရုံးကပိုက်ဆံထပ်တောင်းတာမဆန်းပါဖူး။ သံရုံးဆိုတာ တို့လိုအလုပ်သမား
    တွေကျွေးတဲ့ထမင်းစားနေတဲ့လူတွေလေကွာ။။

    1. မြန်မာပြည်မှာ သက်တမ်းတိုးဆိုတော. ကြားဘူးတာက ၁လ အနဲဆုံးကြာတယ်ဆို
      စလုံးက လူက ဘယ်လိုလုပ်အဲလောက်ခွင်.ရမလဲ.. ပြောပါဦး
      အမြန်လိုချင်ရင် လိုင်းကြေး ၆သိန်းလောက်ပေးရတယ်ကြားတယ်
      မြန်မာပြည်မှာ အခွန်ဆောင်တာ သဘာဝမကျဘူးလို.တော. မပြောပါနဲ.
      အခွန်၂ထပ်ဆောင်နေရတာကိုက သဘာဝမကျတာပဲ

    2.ီမပြောနဲ့ 
      မီးလောင်တိုက်သွင်းဘို့  ဘဲရှိတော့တယ်။

  3. i was there on 23.04.12
    the stuffs from embassy are changed now. i can say they are changed.
    Only the management is lousy and the leader is stupid so the problem was occurred.
    actually i was there for 48 hours. received my pp on 25.04.12

  4. နိုင်ငံအနှံမှာရှိနေတဲ့ မြန်မာ သံရုံးတိုင်းဟာ သူတို့အတွက်ကိုဘဲကြည့်ပြီးအလုပ်လုပ်နေကျတာပါ ဒါကလည်း လတ်စားတဲ့သူကို အပြစ်မပြောချင်းပါဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့က အကျင့်ပါနေလို့ပါ စေတနာကောင်းတဲ့ဝန်ထမ်းတွေရှိပေမယ့် ကြောက်လို့ အမှန်တိုင်းမလုပ်နိုင်တာကလည်း အကျင့်ပါဘဲ အဲဒိတော့ အကျင့်ဖျောက်ဖို့က သူတို့ဘယ်လောက်ရရင်ကျေနပ်တယ်လို့ မေးကြည့်လိုက် ကျေနပ်နပ်မှာမဟုတ်ဘူး ဘာလို့လည်ဆိုတော့ သူတို့က အဆုံးအစမဲ့စားမယ် ၀ါးမယ်ဆိုတဲ့သူတွေဘဲလေ ကိုယ့်အလုပ်တွက် အဆင်ပြေဖို့ကို နည်းလမ်းကျကျဆုံးဖြတ်ပြီး သူတို့ သံရုံးကသူတွေကိုလည် ပြောလိုက်ပါ ငါတို့က နိုင်ငံခြား အလုပ်လာလုပ်တာ မြန်မာပြည်ကို မချစ်လို့မဟုတ်ပါဘူး လုပ်ရမယ့်အလုပ်နဲ့ ရမယ့်လစားက မထိုက်တန်လို့ပါ နောက်ပြီး နိုင်ငံခြားရောက်နေတဲ့မြန်မာတိုင်း တိုင်းပြည်ကို အထင်မသေးပါဘူး အုပ်ချုပ်တဲ့ မကောင်းဆိုးဝါး လူနည်းစုကိုဘဲ အထင်မကြီးတာပါလို့ ပြောလိုက်မယ် အဲဒါက ဘယ်လိုပြောမလဲဆိုတော့ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ ………………….အဲဒါဘဲနော်

  5. “မမျှော်လင့်ပဲ မြန်မာ အစိုးရသစ်က ၂၀၁၂ ဇန္န၀ါရီကစပြီး အခွန်ပေးစရာ မလိုတော့ကြောင်း ကြေငြာလိုက်ပါတယ်”
    That is good news for us, likely burden for tens of year in Singapore, I’ve spent more than 15K S$ since 1997.
    “မနှစ်က အခွန် ဟောင်းများကိုတောင်းခံနေခြင်းဟာ ပြဿနာကြီးတခုဖြစ်နေပါတယ်။”
    We have to resolve the old tax before 2012, January though Myanmar government that did not follow double taxation agreement previously.
    That incidence is technical problem and S’pore embassy is improved rather than last few years.
    I just remark that “The world’s is not enough for everyone”.

  6. ဒီနေ့ 30 Apr မှာ online booking လုပ်လိုက်တာ application form ရဲ့ညာဖက်ထောင့်မှာ queue နံပါတ်ပါတယ်။ မနက် ၁၀ နာရီ အရောက်လာပြီး check in လုပ်ရမယ်လို့ form ထဲမှာ ပါတယ်။ ချိန်းထားတဲ့နေ့ သွားရင်တော့ သံရုံးမှာ ဘယ်လို ကြုံရမလဲမပြောတတ်ဘူး။ ၂၃ ရက် နေ့က အဆင်မပြေဖြစ်တာ ကို သင်ခန်းစာ ယူပြီး ချက်ချင်းကို web application form ကို update လုပ်လိုက်တာ ဆိုရင်တော့ အလုပ်လုပ်တာ တော်တော် မြန်လာပြီပြောရမယ်။ For others, it would be “an improvement”. But for Myanmar embassy, it is ” a miracle”.

  7. (43 and 1) : A rare comment in Thit Htoo Lwin blog against to 43
    To Writer : Ei Ei Khin
    ဒါတော့လုံးဝမထောက်ခံဘူး အဲ့ဒီနေ့က ကိုယ်တွေလဲသံရုံးမှာရှိနေပါတယ်
    မရေးဘူးဆိုပြီးဒီတိုင်းကြည့်နေတာမရတော့ဘူး …. ကွန်ပျူတာ system ချွတ်ယွင်းချက်ကြောင့် အွန်လိုင်း Q နံပါတ်တွေ မှာပြသနာပေါ်ပြီး လူတွေ တနေ့တည်းထောင်ကျော်သွားတယ် ပြီးတော့ အခုအဖွဲ့ ကအဖွဲ့ အသစ် သင်္ကြန်ပြီးမှစတာ…သူတို့လဲ လူအုပ်ကြီးကိုမြင်ပြီး အတော်အံ့သြသွားတယ် အများနဲ့ လူနည်းစု ၀န်ထမ်းတွေဆိုတော့ အဆင်မပြေတာတွေပေါ်တာပေါ့ ဒါပေမယ့် အရင်စစ်အစိုးရခေတ်ကလို လက်လွတ်စပယ် မလုပ်ပါဘူး ၀န်ထမ်းတွေက ၄၈ နာရီသံရုံးမပိတ်ပဲအားလုံးကို အဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ် ကျွန်တော်လဲ စာအုပ်ရပါပြီ ….. ဒီတနင်္ဂနွေနေ့ လဲ သံရုံးဖွင့်ပေးပြီးလက်ကျန်တွေရှင်းပေးမှာပါ … ကျွန်တော်လဲပြည်သူထဲကပြည်သူ တယောက်ပါ သူတို့နေရာမှာကိုယ်ဆိုရင်လဲ ၄၈နာရီ မနားတမ်း အလုပ်လုပ်ရတာ စိတ်ဘယ်လောက်ရှည်နိုင်မှာလဲ…… အရင်တုန်းက သံရုံးနဲ့ အခုသံရုံးဘာမှမဆိုင်တော့ပါဘူး …. အရင်အခြေအနေဆို ကျွန်တော်လဲဒီသံရုံးဝန်ထမ်းတွေကိုကောင်းကောင်း ဆဲမှာပါ အခုက အဆင်ပြေအောင်လုပ်ပေးပါတယ် … အချိုရည်ဗူး ၁၀၀၀ ကျော်တောင်သံရုံးက ထုတ်တိုက်သေးတယ် အားလုံးကို ဒီလိုကောင်းတာလေးတွေ ထည့်ပြောကြပါဦးဗျာ …. မြန်မာလူမျိုးတွေရယ် … ဗိုလ်ချုပ်ပြောသလို ကိုယ်လူမျိုးပဲကိုယ်ဖဲ့နေကြတယ်.. တကယ်ကိုစိတ်မကောင်းဘူးဖတ်ရတာ …. ရေးတဲ့သူရယ် နဲနဲလေးအကောင်မြင်ကြည့်ပါ …. ရုံးကခွင့်ယူရတာခက်တယ်ဘာညာတော့လက်ခံပါတယ် အများနဲ့ဖြစ်တာပဲ နောက်ပြီး သူတို့လဲလုပ်ပေးရှာပါတယ် ဗျာ …… မရေးသင့်ပါဘူး (Dream Creator)

  8. I strongly support Thu Thu’s comment as stated above. We can be constructively critical but must recognise and acknowledge the positive response from others. As much as people flocked in front of the Embassy for 48 hours, don’t forget that the Embassy staff were also locked up inside for the same period may be more. They even sent out the refreshments for the crowd. Shouldn’t you at least appreciate such humanitarian gesture? There are always bad and good people- you can attack bad and corrupt bureaucrats but you should have the decency and be civlised enough to acknowledge the existence of good people too.

    Why Myanmars want and prefer to attack their own people? They should be ashamed of themselves.

Comments are closed.