မိုးမခကို ပေးတဲ့စာ

Khin Kalyar Soe – စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ “ခြားနားခွန်” ပြသနာ

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ “ခြားနားခွန်” ပြသနာ
ခင်ကလျာစိုး၊ ဖေ့စ်ဘွတ်၊ ဧပြီ ၂၇၊ ၂၀၁၂
“ခြားနားခွန်” ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြုံတွေ့ ကြားသိနေရသော
ပြသနာကြီး တရပ်ဖြစ်ပါသည်။
မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။
ကောက်ခံသော အခွန်ပမာနမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) Work Permit – $40/ month
(၂) S-Pass – $80/month
(၃) E-Pass/ PR – $120/month
(၄) Passport စာအုပ် သက်တမ်းတိုးခြင်း – $150
စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာများ အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ မြန်မာနိုင်ငံသို့ ၀င်ငွေခွန် ထမ်းဆောင်ရန် မလိုတောပါ။ သို့ရာတွင် အချို့သောသူများသည် ၂၀၁၁ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံဘက်တွင် အခွန်ဆောင်ထားသူများ ရှိသည်။ ထိုသူများသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ရာ၌ မည်သည့် Status ဖြင့်
စကာင်္နိုင်ငံတွင် အလုပ်လုပ်သည် ဖြစ်စေ တလလျှင် စကာင်္ပူဒေါ်လ ၄၀ နှုန်းဖြင့်သာ ပြည်တွင်း အခွန်များဦးစီးဌါနမှ တရားဝင် ကောက်ခံပါသည်။
ယခု” ခြားနားခွန်” ပြသနာသည် ၂၀၁၂ ဇန်န၀ါရီလမှ စတင်၍ အခွန်ကင်းလွတ်သည်ဟု အမိန့်ထုပ်ပြန်လိုက်သော အချိန်မှ စတင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဘက်တွင် အခွန်ထမ်းဆောင် ထားသော Work Permit ကိုင်ဆောင်သူမှ အပ ကျန်ရှိသော (S Pass/ E Pass နှင့် PR) ကိုင်ဆောင်သူ မှန်သမျှသည်အားလုံးတို့သည် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားသော ပမာနနှင့် ကွာခြားနေသောကြောင့် ထိုကွာခြားသော ပမာနကို မြန်မာသံရုံးမှ “ခြားနားခွန်” ဟု အမည်တပ်ခါ မည်သည့် အခွန်ဥပဒေ တွင်မှ မပါရှိသော နာမည်ဖြင့် ဆက်လက် ကောက်ခံလျှက်ရှိပါသည်။
မြန်မာနိုင်ငံဘက်အခြမ်းတွင် ၂၀၁၁ ဒီဇင်ဘာလ အထိ အခွန်ထမ်းဆောင်ပြီးသော S Pass ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $40/month နှင့် E Pass and PR ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $80/month နှုန်ထားဖြင့် ထပ်ဆောင်း၍ ပေးရမည်ဟု ပြောကာ သံရုံးမှ ကောက်ခံလျှက်ရှိသည်။ ထို ခြားနားခွန်ကို မဆောင်ပါက Passport စာအုပ် သက်တမ်း တိုးမပေးခြင်း၊ Passport စာအုပ် ထုပ်မပေးခြင်းတိုဖြင့် ခြိမ်းခြောက်ကာ ကောက်ခံလျှက် ရှိပါသည်။
သို့ဖြစ်ပါ၍ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်တကွ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူများကို မေးချင်ပါသည်။
(၁) မြန်မာနိုင်ငံတွင်၎င်း၊ စကာင်္ပူနိုင်ငံတွင်၎င်း အခွန်ဆောင်ရာ၌ အခွန်ကောက်နှုန်းထား အဘယ့်ကြောင့် တပြေးညီမဖြစ်ပဲ ကွာဟနေပါသနည်း။
(၂) မြန်မာနိုင်ငံရှိ အခွန်ဦးစီးရုံးတွင် ပေးဆောင်ပြီးသော အခွန်သည် တရားမ၀င် ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ယူဆပါသလား။
(၃) တရားဝင်ဟု ဆိုသော် အဘယ်ကြောင့် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ထပ်မံကောက်ခံ ပါသနည်း။
(၄) “ခြားနားခွန်” ဟူ၍ မည်သည့် အခွန်ဥပဒေတွင် ပြဒါန်းထားပါသနည်း။
(၅) လက်ရှိ စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ကောက်ခံနေသော “ခြားနားခွန်” ဆိုသည်ကို ယခင်က မရှိပဲ အခွန်ကင်းလွတ်ခွင့် ကြောငြာလိုက်သော အချိန်မှ စတင်၍
ပေါ်ပေါက်လာသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိကြပါသလား။
အထက်ပါ မေးခွန်းများကို စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာများ ကိုယ်စား ဖြေကြားပေးစေလိုပါသည်။
တရားမျှတပြီး တိကျမှန်ကန်သော အခွန်ဥပဒေဖြင့်သာ ကောက်ခံပါလို့ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးအား အကြံပေး ရေးသားလိုက်ပါသည်။ ကိုယ့်တိုင်းပြည်က လူမျိုးတွေကို ဘာမှ ကာကွယ်ကူညီမှု မပေးနိုင်ပဲ လည်ပင်းညှစ် အခွန်တောင်းရုံ သက်သက်အတွက် ဆိုရင်တော့ မြန်မာသံရုံးကို ထားပေးစရာ မလိုဘူးလို့ပဲ တောင်းဆိုချင်ပါတယ်။ ကလျာ ရေးသားမေးမြန်း ထားသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေလို ဖတ်စေလိုပါသည်။
ဒီဆောင်းပါးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။
ခင်ကလျာစိုး
ဧပြီ ၂၆ ၂၀၁၂

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

10 thoughts on “Khin Kalyar Soe – စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ “ခြားနားခွန်” ပြသနာ
  1. မြန်မာနိုင်ငံထဲက အခွန်​တွေထဲ ခြားနားခွန်ဆိုတာ မ​တွေ့  ပါ။ သံရုံးက အ​ကောင်တွေ လူလည်ကျနေတာ မယုံနဲ့  မပေးနဲ့  ငါ မြန်မာအခွန်ရုံးတွေကို​မေးပြီးပြီ မဟုတ်ဘူး

  2. ခြားနားခွန်= ဝါးတီးခွန် ။
    အစိုးရဝန်ထမ်း= ကြိုးကြိုးစားစားအလုပ်မလုပ်ချင်ဘဲအချောင်နှင့်သူဌေးဖြစ်ချင်သူများ၊ လက်နက်အားကိုး
    နှင့်ကိုယ်ကြိုးရှာချင်သူများ။

  3. the best thing is

    Send same copies to

    1. Send them by registered mail x 3 copies to Myanmar embassy Singapore .

    2. duplicate copies to Myanmar Media ( Myanmar TV, Eleven Media ) etc

    3. copies to Thein Sein’ s advisory committee x two copies

    4. Nay Pyi Daw Hluttaw Parliamentarian random x 15 copies

    5. also address to U Shwe Mann

    6. To U Htay U , who is current ruling party leader

    7. U S A / England/ Singapore Embassy in Burma x 2 copies each

    8. Newly formed ‘ Medial organization ‘ , I think Maung Wan Ta is head. x send two copies.

    Write good writing .
    Concise and precise.

    do it as soon as you seen this message.

    do it as ‘ National ‘ duty.

    Don’t forget stamps.
    It costs money.
    But I am sure you will see the very very very good ‘ difference ‘

    You may add some more addressees.
    Do it as a ‘ gentle mean ‘ way.
    very politely but very effectively.

    I am sure by seeing this message ‘ they are trembling ‘ .

    do it.

    Once and for all – it has to be ‘ removed from the ROOT ‘ . ‘ Plucked out from the root ‘

    send this message as well.

    There are a lot of Singaporean Burmese blood is ‘ boiling hot ‘ . For RIPPING OFF by those ‘ Illegal blood suckers ‘

    Don’t just say as a ‘ ventilating of your hard feelings’ in this post.

    don’t just ventilate.
    Calm down. Write letters. and Send.
    Make sure you have your ‘ contact details ‘ phone/ email/ mobile phone/ land line phones. and contactable times. You don’t need to be afraid.

    This is the time to ‘ get rid of this bloody bad habit’ . Any kind of GOD will love you.

    Don’t get placated. ( don’t get ‘ Pyar Yay neth, Woon Cha Ma Khan Neth ) ad interim.

  4. ကျက်သရေမဲ့တဲ့ အစိုးရရဲ့ ၀န်ထမ်းတွေ လုပ်ရပ်တွေကို အနယ်နယ် အရပ်ရပ်မှာ ကြားနေရတာ နေ့စဉ်နှင့် အမျှပါပဲ ။ မကြားချင်မှ အဆုံးပဲ ။ ဘယ်လို အကုသိုလ်ကောင်တွေနဲ့ ကြုံနေ တွေ့နေ ကြားနေရပါလိမ့် လို့ တစ်ခါတစ်ခါ တွေးမိပါတယ်။ မတရားတာ လုပ်ရမယ်ဆိုရင် မြန်မာအစိုးရဟေ့လို့တောင် အော်မလားမှတ်ရတယ် ထိပ်ဆုံးက လက်ညှိုးထောင်မယ့်သူတွေ ။ အကုသိုလ်ကောင်တွေ အကြောင်းရေးရတာ ကိုယ်ပါ အကုသိုလ်များပါတယ်

  5. အမှန်က Singapore မှာ PR/EP – 120$, Spass – 80$ ဆောင်ရမှာစိုးလို. မြန်မာပြည် မှာ $40 နဲ.ပြန်ဆောင်ပြီး အခုမှ ပြသနာတက်လို. အသံထွက်လာတာပါ။ သံရုံး ကိုယ်စားရေးတာမဟုတ်ပါဘူး။ ကျွန်တော်တို. Sg မှာဘဲ သတ်မှတ် တဲ. နှုန်းနဲ. အခွန်ဆောင်ထားတဲ.သူတွေပါ။

    1. မြန်မာပြည်မှာ $40 နဲ.ဆောင်တော. ဘာဖြစ်လဲ ..
      အမှန်က ဥပဒေအရ ပေးစရာမလိုတဲ.ဟာကို ပေးနေရတာကို လွန်လှပြီ
      သူများတိုင်းပြည်မှာ ပင်ပင်ပန်းပန်း လုပ်မှ ပိုက်ဆံရတာကို ခေါင်းပုံဖြတ်ချင်တယ်
      ကိုယ်.လုပ်အားနဲ. ဝင်ငွေရတဲ.သူအတွက် ၁ကျပ်လဲ ပိုက်ဆံပဲ

      1. ကျမလဲ စလုံးမှာ သတ်မှတ်ဈေးနဲ.ပဲ ဆောင်တာပါ
        ဒါပေမဲ. မြန်မာပြည်ပြန်ပြီး $40 နဲ.ဆောင်တဲ.သူအပေါ် ဘာမှပြောစရာမရှိဘူး
        မြန်မာပြည်က အခွန်ဌာနကတောင် လက်ခံသေးတာပဲ

  6. မကျေနပ်ရင် သံရုံးဗုံးခွဲပလိုက်ကွာ ရှုတ်တယ် …

  7. မြန်မာပြည်မှာ အခွန်ပြန်ဆောင်ရင် ဟိုမှာပဲစာအုပ်တစ်ခါထဲတိုးခဲ့ပေါ့ကွ။ ဟိုမှာဆောင်ပြီး ဒီမှာ
    စာအုပ်တိုးလို့ကတော့သံရုံးကပြောပြီပေါ့ကွ။ ငါတို့ကတော့ခပ်တင်းတင်းပဲ တစ်လ ၈၀နဲ့စလုံးသံရုံးမှာဆောင်တယ်။ ပေးချင်လို့တော့မဟုတ်ဖူးကွ။ မြန်မာနိုင်ငံမပြန်နိုင်သေးလို့။
    သံရုံးကကောင်တွေက ငါတို့ကျွေးတဲ့ထမင်းစားပြီး ငါတို့ကိုစော်ကားနေတဲ့ကောင်တွေကွ။။

  8. hi khin kalyar soe, i know y u made payment 40 dollar tex in myanmar because of u dont have money to pay 80 or 120 dollar in singapore embassy right? so y u never renew ur passport in myanmar ?we pay in singapore 80 dollar so no problem for us. u dont try to cheat.shame to u khin kalyar soe.

Comments are closed.