ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

မျှဝေမှုနှင့် ပေးဆပ်မှု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၂၄၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဝန်ထမ်းများ၊ လုပ်အားပေး အ သင်းသား/သူများတို့သည် နေ့တဓူဝ ပေးဆပ်လုပ်ကိုင်ဆောင်ရွက်ပေးလျှက်ရှိသလို အခါအားလျော်စွာဖြစ်ပေါ်သည့် သဘာဝဘေး အန္တ ရာယ် (မီးဘေး၊ ရေဘေး၊ လေဘေး) အရေးပေါ် ကူညီကယ်ဆယ်ရေးများကိုလည်း တတ်စွမ်းသရွေ့ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျှက် ရှိပေသည်။ ၎င်းအပြင် မြန်မာနိုင်ငံတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ၊ နာရေးကူညီမှုအသင်းအဖွဲ့များ၊ ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်းများ အစရှိသည့် အများပြည်သူတို့အား လုပ်ကိုင်ပေးဆပ်နေကြသည့် ကိုယ်ထူကိုယ်ထအသင်းအဖွဲ့များ၏ လိုအပ်သည့် အလှူ ငွေများနှင့် အထောက်အကူပြုပစ္စည်းများအားလည်း အခါအားလျော်စွာ ထောက်ပံ့ကူညီ လှူဒါန်းမျှဝေမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။

၂၂.၄.၂၀၁၂ နံနက် (၁၁း၀၀) နာရီအချိန်တွင် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စုရှိ နာရေးကူညီမှုနှင့် အခမဲ့ဆေးကုခန်းမှ ဥက္ကဋ္ဌ ဦးစိန်ကျော်သန်းနှင့် တာဝန်ရှိသူများသည် နာရေးကူညီမှု အသင်း (ရန်ကုန်) သို့ ရောက်ရှိလာကြပြီး ၎င်းတို့အသင်းအဖွဲ့သည် အများ ပြည်သူတို့အတွက် တတ်စွမ်းသရွေ့ ကူညီထောက်ပံ့ လုပ်ကိုင်ဆောင်ရွက်ပေးရာ၌ နာရေးကူညီမှု၌ ရုပ်အလောင်းသယ်ဆောင်ရာတွင် အခက်အခဲ ကြုံတွေ့နေရမှုများအားတင်ပြလာခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု နာရေးကူညီမှုနှင့် အခမဲ့ဆေးကုခန်းအတွက် လိုအပ်နေသည့် အထောက် အကူပြုပစ္စည်းများအား လှူဒါန်းပေးအပ်ခဲ့သည်။ နာရေးကူညီမှုများ အဆင်ပြေစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အ လျူမီနီယမ် အခေါင်းဖုံး (၁) လုံး၊ အလျူမီနီယမ်မှန်ခေါင်း (၁) လုံး၊ စတီးဗန်း (၁) ခုတို့အပြင် အခမဲ့ဆေးကုခန်းအတွက် Wheel Chair (၁) ခုတို့အား ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ပြီးသည့်နောက် နေ့လည် (၃း၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်ရှိ ယုဇနရိပ်ငြိမ်နေ ဟင်္သာတမြင့်ငွေ၏ မိခင်၊ တေးသံရှင် ဖြိုးကြီး၊ ယုဇနတို့၏အဖွားဖြစ်သူ ကွယ်လွန်သူ ဒေါ်ခလေးမ အသက် (၉၉) နှစ်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် အထူးနိဗ္ဗာန်ယာဉ်ဖြင့် အသင်းသား/သူများနှင့်အတူ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့သည် နေအိမ်မှ ရေဝေးသုဿန်သို့ စည်ကားစွာဖြင့် ကူညီဖေးမ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့၏ နာရေးကိစ္စများစွာအား (အခမဲ့) အကူအညီပေးလိုက်ခြင်းကြောင့် ဗျဿနဘေးနှင့် ကြုံတွေ့ကြရသော သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿမီးများ လောင်မြိုက်ခံစားနေရရှာသည့် နာရေးရှင် (သို့) ကာယကံရှင် မိသားစုများတို့မှာ အထိုက်အလျောက် စိတ်သက်သာမှုရရှိသွားကြသည့်အတွက် မိမိတို့လုပ်ကိုင်ပေးဆပ်ခွင့်ရမှုများအပေါ် ကျေနပ်ပီတိသည် မည်သည့်အရာ နှင့်မျှ အစားမထိုးနိုင်တော့ချေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts