Gyaw Dee – နောင်လွှတ်တော်ထဲ ဆီးလို့ ကြိုကွယ်… မောင်ကြီးလာပါမယ်

 “ နောင်… လွှတ်တော်ထဲ  ဆီးလို့ ကြိုကွယ်… မောင်ကြီးလာပါမယ်”
ဂျော်ဒီး၊ ဧပြီ ၂၄၊ ၂၀၁၂
      “ရော့ … ဒါက… ဆန်ပြုတ်။ မကုန်လို့ တိုက်တာ  မဟုတ်ဖူးနော်။ အဟဲ… ငါလည်း  ဆန်ပြုတ်ပဲ  သောက် တဲ့ အတူတူ… မင်းတို့ဖို့ ပိုပြုတ်ထားတာ… ။လိုချင်သေးရင် အိုးထဲကြည့်   ။ရှိရင် ထည့်သောက်… ။ကုန်ရင်တော့ လည်း…တတ်နိုင်ဘူးအေ… ”

“ဂလုံ… ဂလွမ်… ဂျစ်… ဂျစ်… ဂျစ်”  ။

ကလေး တသိုက်လဲ  ဘယ်လောက်ဆာလောင် လာသည် မသိ… ။ဂျီးဒေါ် ဒန်အိုး ပိန်ပိန်ကလေးခမျာ… သူတို့   ဇွန်းခြစ်ရာတွေပရပွ နဲ့   သနားစရာ… ။ ပိုသနားစရာ  ကောင်းတဲ့  …လေလွင့် 
ကလေးငယ်တသိုက်… ကတော့  ဆန်ပြုတ်အိုးကို  ရေကျင်းသောက် ဖို့ ကြံနေရှာသေးဧ။်။
                    ထိုစဉ်…   

“ ဟိုင်း… ဂျီးဒေါ်  … ၂၀၁၅ အတွက်… ပြင်ဆင်  နေတာလား… ဟဲ… ဟဲ”

 စပ်ဖြဲဖြဲ နဲ့   အော်ကျယ်ဟစ်ကျယ်  လုပ်လာသူကား  … ဘာညာမသိ တဲ့   အာပလာ သာဂိ… ။

ဂျီးဒေါ်က  အလန့် တကြား …       “ဟဲ့   ၂၀၁၅ မှာ  ကမ္ဘာ ပျက်ဦးမှာ တဲ့ လား… ငါက  ဘာတွေ ပြင်ဆင်ရ မတုံး”
           နဝေ တိမ်တောင်  နဲ့ မေးလိုက်တော့… တူမောင်သာဂိက ဂျီးဒေါ်ကို အရေးမလုပ်ပဲ… ဆန်ပြုတ်အိုးကို  ရေကျင်းမော့ နေသော  ကလေးတသိုက်ကိုသာ… အသေအချာ ကြည့် ရင်း…

“မင်းးးးးးးးး ၁၈နှစ်….ပြည့်ပြီလားးးးးး အားးးး အာ “   ဆို တဲ့   သီချင်းကို အသံနေအသံထားနှင့် ဆိုပြီး ကလေးတွေကို  လိုက်မေးနေသည်…။ကလေးတွေက  သာဂိအမေးကို လားလားမှ ဂရုမစိုက်… ။ ဆန်ပြုတ်အိုးကပ်ကိုသာ  အသားကုန် နှိုက်ချွတ်ကြကုန်ဧ။်။ ဒီတော့မှ  ကလေးတွေကိုဆက် မမေးပဲ…   ဂျာနယ်မလစ်တလစ် စတိုင်ချိုးကာ  ဂျီးတော်ကို   နိမိတ်ပြ မေးခွန်းပေါင်းစုံ နှင့် ကြပ်တော့ သည်… ။

“ဒီမှာ ဂျီးဒေါ်  ၂၀၁၅  အတွက်  လေလွင့် ကလေးတွေကို  ကြိုတင်မဲဆွယ် စည်းရုံးနေတယ်ပေါ့ … ”

“အလိုတော်… ကြံကြီးစီရာ… ငါ့ ဖာသာ ငါ  ကလေးတွေကို  စေတနာရှိလို့ စားပါစေဆိုပြီး  ကုသိုလ်ယူနေတာ… ။”

“ညှင်းးး ညှင်းးးး ဒီလိုပဲ   ပြောကြတာပါပဲ  ဗျာ… ။နောက် မေးခွန်း တခု မေးဦးမယ်… ။၂၀၁၅ မှာ ဂျီးတော်  အရွေးမခံရရင်ကော ဆန်ပြုတ်ဆက်ကျွေးဦးမှာလား… ။ဟို… ဖွတ်စေတနာ  ဆေးခန်းတွေလို  မဲရှုံး ရင်  ပြန်ပိတ်မှာလား… ။နေပူတော်က  ဘဘကြီးတွေရဲ့  ဖွတ်ရေတွင်းတွေလို တူးပြီးသား  တွင်းတွေကို မဲရှုံးရင် ပြန်ပိတ်မှာလား”

ညစ်ကျယ်ကျယ် မေးခွန်းတွေ နဲ့  မခိုးမခန့် မေးခွန်းထုပ်နေသောသာဂိကို  ကြည့်ရင်း… ဂျီးဒေါ်  စိတ်ချဉ်ပေါက်လာသည်… ။ သာဂိကား  မရပ်မနား  သေး… ။
      “ဒါမှ မဟုတ်    မီဒီယာ တွေ ကို  ဖိတ်ပြီး   ကိုယ့် အစုပ်ထုပ် ကို ကိုယ် ဖြေပြ  မလား… ”

ဂျီးဒေါ် ဧ။် စိတ်ချဉ် မှတ်ကား.တစီစီ.ပေါက်ရုံမက… အမြှုပ်တောင် ထလာလေပြီ… ။ဒီ … ဘာညာမသိတဲ့    အာပလာသာဂိကိုတော့  ပညာပြန်ပေးဦးမှ… ။

အဟမ်း…ငါဟဲ့ … အိုင်စီဂျေ… ဆိုလား.။ကြားဖူးနားဝ ရှိတာ လေးနဲ့  ကြုံးဝါးလိုက်သည်…။ ဘယ့်နှယ်တော်… စတုတ္ထတန်း  မဏ္ဍိုင် ဆိုတာနဲ့   သူတို့ မေးတာတွေချည်း  ဖြေနေရမတဲ့ လား…။ ကိုယ်ကလည်း  ဆဌမတန်း  မဏ္ဍိုင် လောက် တော့  ရှိလောက်ပါရဲ့… ။သူ့ ကိုလဲ  နဲနဲပါးပါး  ပြန်ဗျူး လိုက်ဦးမှ… ။

“အင်း…မင်းမေးတော့   ငါကလည်း  နဲနဲပါးပါး  ပြန်မေးမပေါ့ .ကွယ်.။တကယ်လို့   မင်းရော  ၂၀၁၅မှာ  ရှုံးရင် ကျနော့်မှာ  ရှိတာလေး ပြောင်ပါဘီ… ။တနားကြပါဗျာ… ။ကျနော်က  သူတို့ လို  လေယာဉ်ပျံ နဲ့ စည်းရုံးရေး  မထွက်နိုင်ဘူးဂျာ… ။ခုံဖိနပ်စုတ် စီးပြီး စည်းရုံးရေးဆင်းရရှာတာ  မှ  မသနား.ကြ ပါလား…အဟင့့်။အမှတ်မရှိလို့  ရွေးကောက်ပွဲ  မှာ ၅သိန်း အကုန်ခံမိတာပါဗျာ… ။အခုလို  မနိုင်မှန်းသိရင် အစကတည်းက  ၂လုံးထီ အပြီးပေါက် ဂဏန်းတွက်ပြီး အာ… လိုက်ရင်ကောင်းမှာ… ။ရက်စက်ကြတယ်  ဗျာ…  လို့   လူလည်ခေါင်မှာ ငိုပြမှာလား… ”

“ ဟဲဟဲ…လုပ်သင့် ရင်  လုပ်ရမပေါ့ ဗျာ… ။ရွေးကောက်ပွဲ  မသမာ ပါဘူးလို့  တိုင်ချင်ရင်  ငွေ၁၀သိန်း စဘော်တင်ရဦးမှာ… ။မီဒီယာ သမားတွေ  ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက်ရတာကမှ  မရှိတဲ့ သိက္ခာလေး ကျရုံတင်  ကျရှာတာ။ နံမယ်ကြီးတဲ့ သူတွေကို  များများ  အပုပ်ချနိုင်လေ… ကိုယ်လဲ ပုပ်စော်နံလေပေါ့ ဗျာ… ဟီး… ဟီး”

ထိုစဉ်… ခပ်လှမ်းလှမ်းမှ  ကွတ ကွတ  နှင့်  လမ်းလျှောက်လာသော ဦးသာကူးက… လက်အုပ်ကလေး  ချီရင်း

“ဟေး… သာဂိ… ။ နေကန်းတယ် နော်… ။ဂျီးဒေါ်ကော… ကျန်းမာပါရဲ့  လားခင်ညာ”

လို့  ပီယ၀ါစာ   နှုတ်ဆက်ရှာဧ။်။အနားရောက်မှ   သေသေချာချာ  ကြည့် တော့  ဦးသာကူးရင်ဘတ်တွင်   လူထု အချော်တစ်ပါတီဧ။် ရင်ထိုးတံဆိပ် ကြီးက ခန့် ခန့် ညားညား… ။

စပ်စုစိန်  ဂျီးဒေါ်က… မနေနိုင်ဘဲ

“ဟင်… ဦးသာကူး… ပါတီ ပြောင်းသွားပြန်ပြီလား… ။အပြောင်းအလည်း  ကလည်း မြန်ပါ့ … ။နံမယ် နဲ့ လိုက်ပါ့ တော်”

ဦးသာကူးက  အပြုံး မပျက်ပဲ.

“အိုးးးးး… ပါတီစုံ ဒီမိုကရေစီ  စနစ်ကို  ကျင့် သုံးနေတဲ့   နိုင်ငံမှာ ပါတီအစုံဝင်နိုင်လေ… ကောင်းလေပေါ့ … ဂျီးဒေါ်ရဲ့ ။ကျနော်ဆို ပါတီစုံရုံတင် မကဘူး…ဗျ။ ဘ၀ပါစုံသေး….။အရင်က  တပ်မတော်အရာရှိ…။နောက် စီးပွါးရေးသမား  စားဖား.။ နောက်  ၂၀၁၀မှာ  စပါးနှံခိုးပါတီကနေ ၀င်အရွေးခံတယ်… ဟဲဟဲ”
               ဦးသာကူး  စကားကြားပြီး   နားကြားပြင်းကပ်လာပုံရသော  သာဂိက…

“ ၀က်ဝက်ကွဲ  ကြက်ပျံမကျ  ရှုံးတယ် မဟုတ်လား… ။ကျနော် တောင် ….” ပလုံ”…  ဆိုတဲ့  အသံလေး   ကြားလိုက်သေးတယ်… ။ဦးသာကူးကြီး  ငွေ ၅သိန်း နိုင်ငံတော်ကို  လှူလိုက်တော့   ရေစက်ချသံထင်တယ်… ။ဟီး… ဟီး”
            “အို… ကိုယ်တို့ က   တသက်လုံးဝါးလာတာ    ဒီလောက်က ပါးပါးလေးပါ… ။အခုလည်း  ၂၀၁၅  မှာ  ၀င်အရွေးခံဖို့   လူထု အချော်တစ်ပါတီကြီးထဲကို  ခြေစုံပစ် ရုံမကဘူး….။ လေးဖက်ထောက် ပြီးတော့ …  ကို ၀င်ထားလိုက်ပြီ… ။ကြားဖြတ်တောင်… ၀င်ချင်တာ… ။အိမ်က ဘွားတော်က နိုင်ငံတော် ကို ချစ်လို့ လှူတာတော့  လှူပါ… ။ ၁၅ သိန်းကြီးတော့ များပါတယ်… ။ ၂၀၁၅ကျမှ  ၅သိန်းထပ်လှူ နော်… လို့ တားထားလို့ … ။ကိုယ့် သဘော အရဆိုရင်တော့   လုပ်သမျှ ရွေးကောက်ပွဲ တိုင်းလဲ ၀င်ချင်တာ… ။ရှုံးရင်လည်း    ရှုံးမဲမဲ… အဲလေ… မဟုတ်မခံ တရားပြန်စွဲချင်တာ… ။ အိမ်က  ဘွားတော်က   ရှင် ခိုးထားသမျှ လေးတွေ ကုန်ပါပြီ… ဆိုဆိုပြီး  ငိုနေလို့ … ။ဒီတခါ  မရှုံးအောင်
အခြေအနေကောင်းလောက်တဲ့     လူထု အချော်တစ်ပါတီကနေ    ၀င်အရွေးခံဖို့  ကြံနေတာ… ဟဲဟဲ။ခေါင်းဆောင် ကြီးကိုယ်  တိုင် ပြောထားတာလေ…လူကို မကြည့်ပါနဲ့   ပါတီမူဝါဒတွေကို  ကြည့် ပါတဲ့ …။ ဒီပါတီကသာ  ၀င်ပြိုင်ခွင့် ရရင် သေချာပေါက်  ဒဲ့ ဂဏန်းရထားသလိုပဲ… ဟဲ… ဟဲ  ”
             ဂျီးဒေါ်ကား  ဦးသာကူးကြီးကို  ကြည့် ရင်း  သံဝေဂ ရစွာ ရေရွတ်မိရှာဧ။်… ။
                        “ အင်း  ဟို… မဆလာ ပါတီကြီးတုံးကလည်း မူမကောင်းတာလား…။ လူမကောင်းတာလား… ။  နှစ်ခုစလုံးမကောင်းတာလား… ။တိုင်းပြည်  မြောင်းထဲ ရောက်သွားတာ တော့
သေချာတယ်… ။လူ မကောင်းလဲ  ပြန်အထွန့်တက်တဲ့လူ  မပါဖို့ အရေးကြီးတယ်… ဆိုလား.။လူထု အချော်တစ်ပါတီကြီးလည်း  လွန်ခဲ့တဲ့အနှစ်(၂၀)ကဆို ဖြုတ်ထုပ်ရှင်းတွေ  လုပ်ခဲ့ တာ ။ ခု… လျှမ်းလျှမ်းတောက်နေတဲ့   ခေါင်းဆောင်ကြီးကိုတောင် အဖွဲ့ ကထုတ်ခဲ့ သေးတာကလား… ။အထက်အမိန့်ဆို တသွေမသိမ်းနာခံ ။ မဟုတ်လဲ  ကလန်ကဆန်  မလုပ်ရ  ဆိုတဲ့   ရှော့ပင်န်ဝတ်သူကြီးများ  ကြီးစိုးခဲ့စဉ်ကဆိုလား… ကြား ဖူးတာပါ.။ ထောင်ထောင်… ထောင်  ထောင်  … လုပ်တယ်ထင်ရင် သူတို့ က  လက်တို့ ပြီးတော့   ပြောရဦးမယ် ဆိုပြီး   ထောင်ထဲနှစ်ရှည်ထည့်ခံခဲ့ရသူတွေလည်း   နည်းဘူးကြီး ဆိုလား။ ဧ၀ံ မေသုတံပါ… ဘုရား… ။ဘုရား… ဘုရား…တရားကျစရာ… ”

 သာဂိက   တွေးတွေးဆဆ နှင့် ….

 “နေဦးဗျ… ။လူထု အချော်တစ် ပါတီက …  ဆိုတိုင်းလဲ  လွှတ်တော်ထဲ ရောက်မယ် မထင် နဲ့ ။လူထုကတော့  တခဲတနက်… မဲပေးမှာ  သေချာပေမယ့် … ။ ရှေးမှာ  ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို  လျစ်လျူ ရှု ခံခဲ့ ရ ဖူးတယ်နော်.။ဘာမှ  အပိုင်တွက် မထားနဲ့ ဦး…။ အခု  ကြားဖြတ်မှာတောင်  ဘယ်လိုမှ   မဲခိုးမရ  ညစ်မရလို့   တောင်ပြိုကမ်းပြို  အနိုင်ရ  သွားပေမယ့် … အခု  လွှတ်တော် တက်ကာနီးမှ  ဆင်ပြောင်ကြီး  အမြီးတစ်နေတာကော… သိလား”
  “အင်းးးးး ဗျာ။စကားလုံးလေး  လေးလုံးကျမှ ကပ်နေလိုက်ကြတာ… ။ပြည်သူတွေမဲပေးထားတဲ့ မျက်နှာမှ  မထောက်ကြဖူးလား… ။ပြည်သူတွေက  လူထုအချော်တစ်ပါတီကို  လွှတ်တော်ထဲမှာ အရမ်းမြင်ချင်နေပြီ။ သူတို့  ၄၃ ယောက်  အဆင်ပြေပြေ ၀င်သွားမှ  ၂၀၁၅ကျ ရင် ကျနော်တို့ လည်း  အဆင်ပြေမှာ… အဟိ။ ကျနော်ကလည်း  လွှတ်တော်ထဲ   အရမ်း အရမ်းကို  ၀င်ချင်နေတာပါပဲ  ခင်ညာ.။”
       ဦးသာကူးက  စိတ်ပျက်လက်ပျက်ညည်းတွားလိုက်ရာ … ပြည်သူတွေ မျက်နှာမှ  မထောက်  ဆိုသော  စကားရပ်ကို  အမြင်ကပ်သွားသောဂျီးဒေါ်က မနေနိင် မထိုင်နိုင် ပြောပစ်လိုက်သည်။

“ ပြည်သူတွေမျက်နှာမထောက်လို့  ကတော့    … လူထုလည်ပင်းကြိုးကွင်းစွပ်တဲ့ အခြေခံဥပဒေကို     ကာကွယ်စောင့်ရှောက်ရုံတင်မက… လူထု ကို နည်းမျိုးစုံ နှိပ်စက်ညှင်းပန်းခဲ့တဲ့ စစ်ရာဇ၀တ်ကောင်ကြီးတွေကိုပါ ဦးထိပ်ရွက်… ပါ့ မယ်… ဆိုပြီး  … လွှတ်တော်ထဲ  လေးဖက်ထောက်ကလေး  အသာဝင်သွားလိုက်ရုံပေါ့ တော့ ။   လူထုက  သဘောကျလို့ တခဲတနက်  မဲပေးထားတဲ့   ပါတီကို  လွှတ်တော်ထဲ  ၀င်ကာနီးမှ  မဖြစ်ညစ်ကျယ် ကပ်ဖဲ့ ပြီး  ပြင်သင့်တာ  ပြင်မပေးဘဲနေတဲ့သူတွေသာ   လူထုမျက်နှာ မထောက်တဲ့ သူတွေ”

  သာဂိကလည်း……
              ”အခု လူထု အချော်တစ်  ပါတီက  လွှတ်တော်ထဲကို အပြောအဆိုခံပြီး  ၀င်ဖို့  ဆုံးဖြတ်တာကိုက ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့  အခြေခံဥပဒေတွေကို  ပြင်ဖို့ပါလို့  တရားဝင်  ကမ္ဘာသိကြွေးကြော်ခဲ့တာ… ။ ပြည်သူတွေကလည်း  ဒီကြွေးကြော်သံတွေ   လက်တွေ့ဆောင်ရွက်နိုင်အောင်   သူတို့ အသည်းကြားက မဲတပြားကို  ယုံယုံကြည်ကြည် ပုံအပ်ခဲ့တာပဲဗျ… ။ ဒါကြောင့် နောင်ပြင်သင့်တဲ့  ဥပဒေတွေကို  ပြင်ခွင့်ရှိအောင်   အစကောင်းမှ  အနှောင်းသေချာအောင်  တောင်းဆို နေတာပဲလေ။ လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ  ငုတ်တုပ်ကလေး  ငြိမ်ထိုင်ပြီးနေဖို့ ၀င်ခဲ့တာမှမဟုတ်တာ ”
        “အေးလေ… နောက်ပြီး  လူထု အချော်တစ်ပါတီကလည်း  လွှတ်တော် မတက်ဘူးလို့  အပြီးအပြတ်ပြောနေတာ  မဟုတ်ဖူး။ ဒါပေမယ့် ပြည်သူက  လူထုအချော်တစ်ပါတီကို  လွှတ်တော်ထဲ  အရမ်းရောက်စေချင်တဲ့ ဆန္ဒပြင်းပြနေရင်… ပြည်တင်းရင်  မင်းမခံနိုင်  ဆိုသလို တနည်းနည်း နဲ့  အဆင်ပြေအောင်  ညှိပေးသင့်တာပေါ့။ တိုင်းပြည်အုပ်ချုပ်နေတဲ့ သူတွေမှာ တာဝန်ရှိတယ်… ။ ငါတို့   ပြည်သူတွေ   နှစ်ကြိမ်နှစ်ခါ    တခဲတနက်
မဲပေးထားတဲ့  ပါတီကို  ၁၉၉၀ တုံးကလို  ညစ်ပတ်ပြီး  လွှတ်တော် တက်ခွင့် မပေးလို့ ကတော့   ပြည်သူ့  အင်အား  ပြကြရသေးတာပေါ့ ဟယ်… …ဟင်းးးဟင်းးး”။
       “ စိတ်အေးအေး ထားပါ ဂျီးဒေါ်ရယ်… ။လူထု အချော်တစ်ပါတီက  လွှတ်တော် အမတ်တွေက  ခေါင်းပေါင်းတွေတောင်  ၀ယ်ထားပြီး… အစမ်းဝတ်ကြည့် နေပါပြီဗျ။ နိုင်ငံတော် သမတကြီး ကလည်း  နိုင်ငံတကာကို  လူကုန်သွားကူး နေရလို့ပါ… ။သူသာ ပြန်လာရင်  ပွဲပြီးမှာပါ… ။ကြည့် နေ…။ သမတအမိန့်် နဲ့  အကုန် ညှိပစ်လိုက်မှာပေါ့ …  ဗျ… ။အခုဆိုညှိဖို့ …  ဂျပန်ကနေ ရွေပေါ်ထိုးစက် တွေ   မြေညှိစက်တွေ တောင် လက်ဆောင်ပေးလိုက်ဦးမှာ… ။ ဟို  … ခေါင်းမာ ဂိုဏ်းသားတွေကို  တခါထဲ ရွေပေါ်ထိုး  ပြီး  မြေညှိစက်နဲ့တွင်းတူးကို  မြှုပ်ပစ်ဖို့ တိုးတိုးတိတ်တိတ်  သင်ဥာဏ်ပေးတဲ့ သူက  ပေး လိုက်ဦးမှာ… ။ဘာပဲဖြစ်ဖြစ် ဒီလောက်ကမ္ဘာသိရှင်ကြား နှစ်ကြိမ်နှစ်ခါ   အနိုင်ရထားတဲ့  လူထုအချော်တစ်ပါတီ   လွှတ်တော်တက်ခွင့်မရလို့ကတော့  သူတို့လွှတ်တော်ကြီး ဘယ်သူက  လူရာသွင်းမှာတဲ့တုံး … ။  နောက်ပြီး …သူတို့  လုပ်မယ့် ရွေးကောက်ပွဲ  ဘယ်သူက  ယုံယုံကြည်ကြည်  ၀င်ဦး မှာလဲ… ။ ဦးသာကူးတို့ ကလွဲလို့ … ပေါ့ ”

ဂျီးဒေါ်တို့   တူအရီး နှစ်ယောက် စကားကို  ကြားမှ  ဦးသာကူးတယောက် ၀မ်းထဲမှ  အလုံးကြီးကျသွားသလို   စိတ်သက်သာ သွားဟန်ဖြင့် 
       “အော်… ဂလိုလား… ။ဒါဆို   ၂၀၁၅ အတွက်  မျှော်လင့်ချက် ရှိသေးသပေါ့ နော်… ။လူထုကို  ဆက်စည်းရုံးထားဦးမှ… ။လူထု  ဂုဏောအနန္တော… ။လူထု … ဂုဏော  … အနန္တော…။ နောက်မို့ဆို  အိမ်က  ဘွားတော်ကြီးက ငွေကုန်ပြီး  အရာမရောက်လို့  ပွမ်လှပြီ… ။ ဘွားတော်ကြီး   ဂုဏော အနန္တော… ။ဘွားတော်ကြီး  ဂု ဏော… အနန္တော”
      သာဂိကား  ပွစိပွစိ နှင့် ရောက်တတ်ရာရာ  ရေရွတ်နေရှာသော  ဦးသာကူး၏  အန္တိမရည်မှန်းချက်ကို  သိလိုစိတ်  ပြင်းပြ   လာကာ
          “နေပါဦး  ဦးသာကူး ရဲ့   ဒီလောက် ရွေးကောက်ပွဲဝင်ချင် လွှတ်တော်တက်ချင်နေတာ… လွှတ်တော်ထဲရောက်ရင် လူထုအကျိုးပြု  ဘာဥပဒေတွေများ ပြင်ဆင်  ရေးဆွဲ ချင်လို့ တုံး”

  “အော်… ကျနော်  လွှတ်တော်အမတ်ဖြစ်ပြီး…လွှတ်တော်တက်ချင်တာက    ကျနော့်  အိမ်က  ဘွားတော်ရဲ့ ဖိအားပေးမှု ကြောင့် ပါ”

“ဘယ်လို… ဘယ်လို  ရှင်းပါဦး” 

သာဂိကား   သတင်းဦး  သတင်းထူးကြီး တခုကိုရလိုက်သကဲ့သို့  မျက်လုံးတွေ    အရောင်တလက်လက်  တောက်အောင် စိတ်ဝင်စားလာကာ  မေးလေသည်။
              “အင်းလေ…။ ဘွားတော်က  ကျနော့် ကို   လွှတ်တော်အမတ်ဖြစ်ပြီး  ၀န်ကြီးတွေ  ဘာတွေ  ဖြစ်စေချင်တယ်။အိုဗျာ… ကျနော်က စစ်ရေးအတွေ့ အကြုံ ရှိတော့   သမတကြီးလည်း  ဖြစ်နိုင်တာကိုး… ။”
             ဦးသာကူးက    ကော်လာစကို  လက်နှစ်ဖက်ဖြင့် ဆွဲမပြီး ပုကွကွ  ခန္ဒာကိုယ်ကြီးကို  ခြေဖျား  နဲနဲ  ထောက်လိုက်ရင်း မျက်နှာထားတင်းတင်း  နှင့် ဆိုလေ၏။ သာဂိက  …

“စစ်ရေးအတွေ့ အကြုံများဗျာ… ။ခင်ဗျားတို့တင်   ရှိမှတ်လို့လား… ။ ကျုပ်တို့ လည်း  စစ်အာဏာရှင်  အဆက်ဆက်  လက်အောက်နေလာတာ… နှစ်(၅၀)လောက်ရှိပြီ… ။ စစ်ရေးအတွေ့ အကြုံ ရှိတဲ့ သူကို  သမတခန့်မယ် ဆို   ကျုပ်တို့  ဂျီးဒေါ်တောင်  သမတကြီး ဖြစ်နိုင်သေး… ။မြန်မာပြည် ရဲ့   ပထမဆုံး  အမျိုးသမီး  သမတကြီးပေါ့။ … ဟဲ… ဟဲ”

“ တော်စမ်းပါ  … သာဂိရယ်.ကိုယ့် ထမင်းရည်  ကို   ၀အောင်  သောက်ရရင် တော်ပါပြီ… ။ဒါနဲ့ … ဦးသာကူးလွှတ်တော် အမတ် ဖြစ်ချင်တာ… ဒါပဲလား… ။တခြား  ဘာရည်ရွယ်ထားတာ  ရှိသေးတုံး… ”

“အော်… နောက်ရည်ရွယ်ချက်က  ပို  အရေးကြီးတယ်… ဗျ။ဒီလိုဗျာ… .အိမ်မှာဆို ဘွားတော် က  ဆူညံပူညံ  လုပ်လွန်းတယ်… ။လွှတ်တော်ထဲ မှာက  အေးအေးဆေးဆေး  အိပ်နိုင်   ငိုက်နိုင်တယ်ဗျ”
            “တိန်”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “Gyaw Dee – နောင်လွှတ်တော်ထဲ ဆီးလို့ ကြိုကွယ်… မောင်ကြီးလာပါမယ်
  1. ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ် ရေးစနစ် ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျှက် ဟုမ္မရူး တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ် ရေးစနစ်တွင် အမတ် (၁၀၃) နေရာ ရာထား သော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံ ခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြု ကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။U Than Shwe and their groups are using As same as ideas ” not a Democracy “

Comments are closed.