ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

သာသနာ့ဘောင်အတွင်းသို့

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၁၄၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် တစ်နှစ်ပတ်လုံး နားရက်မရှိ အများပြည်သူတို့အား ကူညီဖေးမပေးဆပ်မှုများ ပြုလုပ်ပေးလျှက်ရှိရာ ယခုနှစ် ၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရက်တွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်းအား ဆေးကုသမှုတို့ကို နှစ်ဆန်း (၁) ရက် နေ့ (၁၇.၄.၂၀၁၂) ရက်နေ့အထိ ပိတ်ရက်အဖြစ်သတ်မှတ်ကာ ဆေးကုသခန်း၊ လူနာနားနေဆောင်တို့အား သန့်ရှင်းရေးများပြုလုပ်ကြကာ နာရေးကူညီမှုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် (အခမဲ့) ကူညီပေးလျှက်ရှိပါသည်။ သင်္ကြန်အတက်နေ့ (၁၆.၄.၂၀၁၂) ရက်နေ့တွင် မြန် မာတို့၏ထုံးတမ်းအစဉ်အလာအရ ကွယ်လွန်သူတို့အား သင်္ဂြိုလ်မှုပြုရာတွင် နှစ်ကူးမခံသောကြောင့် ည (၁၂း၀၀) နာရီအချိန်အထိ ရေဝေး သုဿန်တွင် သင်္ဂြိုလ်ပေးမှုကို ထမ်းဆောင်ပေးကြရသည်။

တစ်နှစ်ပါတ်လုံး အများပြည်သူတို့အတွက် ပေးဆပ်မှုများပြုလုပ်ပေးနေကြသော ပရဟိတလူမှုရေးသမားများနှင့် ၀န်ထမ်းများအား သံသရာတွင်အများအတွက်ပေးဆပ်ခဲ့ကြသလို မိမိတို့အတွက်လည်း နောင်သံသရာအတွက် ပါရှိစေလိုသောဆန္ဒဖြင့် နာရေးကူညီမှုအသင်း (ရန် ကုန်) ဥက္ကဋ္ဌဦးကျော်သူသည် အသင်းသား၊ ၀န်ထမ်း (အမျိုးသား)များအား သာသနာ့ဘောင်သို့ ရဟန်းအဖြစ်သို့လည်းကောင်း၊ အသင်းသူ (အမျိုးသမီး) များအား သာသနာ့ဘောင်အတွင်း သီလရှင်အဖြစ်သို့လည်းကောင်း သွတ်သွင်း ခြင်းကုသိုလ်ကောင်းမှုကို လုပ်ဆောင်ပေးခဲ့ရာ အမျိုးသားဝန်ထမ်းများဖြစ်သော ယာဉ်မောင်း/နောက်လိုက်၊ လုံခြုံရေး၊ စားသောက်ဆိုင်၊ လုပ်အားပေး၊ အသင်းသားပေါင်း (၁၈) ဦးတို့အား ပြည်မြို့ ရွှေပေါက်ပင်ကျောင်းတိုက်ဆရာတော် ဦးသောမစာရထံသို့ပို့ဆောင်ပေးခဲ့ပြီး လုပ်အားပေး၊ ၀န်ထမ်းအမျိုးသမီး (၁၀) ဦးတို့အား မြောက်ဒဂုံ (၄၈) ရပ်ကွက်၊ စိတ္တ ကျော်သူဦးသြလမ်းရှိ သထုံရန်ကုန် သုဝဏ္ဏဘူမိခေမာရာမသီလရှင်စာသင်တိုက်၏ ပဓာနနာယကဆရာကြီး ဒေါ်ကုသလာစာရီထံသို့ ပို့ဆောင်ပေးခဲ့သည်။

 

၁၁.၄.၂၀၁၂ နေ့ နံနက် (၆း၃၀) အချိန်တွင် အမျိုးသားအုပ်စုတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖယ်ရီမော်တော်ယာဉ်တစ်စီးဖြင့် ပြည်မြို့သို့ထွက်ခွာခဲ့ပြီး နေ့လည် (၂း၃၀) အချိန်တွင် ဆံချပြီးနောက်သင်္ကန်းစီးကာ သိမ်ဝင်ပြီးရဟန်းဘ၀သို့ကူးပြောင်းခဲ့ကြသည်။ ယင်းနေ့ နေ့လည် (၂း၀၀) နာရီခန့်တွင် အမျိုးသမီးအုပ်စုတို့အား သုဝဏ္ဏဘူမိခေမာရာမသီလရှင်စာသင်တိုက်ရှိရာ မြောက်ဒဂုံမြို့နယ်သို့ နာရေး ကူညီမှုအသင်း (ရန်ကုန်) မှပို့ဆောင်ခဲ့ပြီး နေ့လည် (၃း၀၀) နာရီအချိန်တွင်ဆံချပြီး သီလရှင်အဖြစ်သို့ကူးပြောင်းခဲ့ကြသည်။ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့် အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊ ဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်တို့သည် အလုပ်များမအားလပ်ပါ၍ ပြည်မြို့သို့လိုက်လံပို့ဆောင်နိုင်ခြင်းမရှိသော်လည်း ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ သုဝဏ္ဏဘူမိ ခေမာရာမသီလရှင်စာသင်တိုက်သည် နာ ရေးကူညီမှုအသင်း (ရန်ကုန်) နှင့် မဝေးလှသောကြောင့် သွားရောက်သာဓုခေါ်ဆိုနိုင်ခဲ့သည်။ သုဝဏ္ဏဘူမိ ခေမာရာမသီလရှင်စာသင်တိုက် ပဓာနနာယကဆရာကြီး ဒေါ်ကုသလာစာရီထံသို့လည်း န၀ကမ္မအလှူငွေ ကျပ် (၁) သိန်းအား ဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့ လှူဒါန်းခဲ့ကာ အသင်းသူ သီလရှင်များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။

သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်သို့ရောက်ရှိစဉ် ကျွန်တော်အတွေးတစ်ခုပေါ်လာခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အများ ပြည်သူတို့အတွက် ပေးဆပ်မှုများ ကျွန်တော်လုပ်ဆောင်နေစဉ်ကာလအတွင်း ကျွန်တော်နှင့်တွေ့ကြုံခဲ့ရသော ဆရာတော်၊ သံဃာတော်ကြီး များနှင့် တရားပြလူပုဂ္ဂိုလ်အချို့သည် ကျွန်တော့်အား “ဒကာကြီး ဦးကျော်သူ၊ အများအတွက်ကြီးဘဲဇောက်ချပြီးလုပ်မနေနဲ့ဦး၊ ကိုယ့်အတွက် ပါအောင်လည်းလုပ်ဦး” ဟု စေတနာထားကာပြောဆိုမိန့်ကြားခဲ့ဖူးသည်။ သို့သော် ကျွန်တော်နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ၀င် ရောက်ပေးဆပ်မှုများ လုပ်ကိုင်ခဲ့သည့် (၁၂) နှစ်နီးပါးအချိန်ကာလအတွင်း သာသနာ့ဘောင်အတွင်းသို့ ရဟန်းဘ၀ဖြင့် သုံးကြိမ်တိုင်တိုင်ဝင် ရောက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်၏ဘ၀တွင် အများအကျိုးကိုသာပေးဆောင်ခွင့်တည်းဟူသော ကံတရား၏ပို့ဆောင်ချက်ကို သာပိုင်ဆိုင်ခွင့်ရရှိသော်လည်း မိမိ၏အချိန်အားဖဲ့ထွင်ကာ နေ့စဉ်နေ့တိုင်းတရားအားထုတ်ခြင်း၊ အဓိဌာန်ဝင်ခြင်းတို့ဖြင့်သာ ဆရာတော်ကြီး များမိန့်ကြားထားသော “ကိုယ့်အတွက်ပါအောင်လုပ်” ဟူသောဆုံးမစကားအား အကောင်အထည်ဖော်ကာ ကျင့်ကြံအားထုတ်လျှက် ရှိပါ သည်။ ယခုကဲ့သို့ အများအတွက် ဖေးမကူညီပေးဆပ်မှုများ လုပ်ဆောင်ရင်းဖြင့်မိမိ၏ ၀န်ထမ်းများ၊ အသင်း၏ အသင်းသားအသင်းသူ များအား ယခုလို နေ့ထူးနေ့မြတ်ကြီးအတွင်း သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းခွင့်ရခြင်းအား များစွာပီတိဖြစ်ကာ ကျေနပ်မိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “သာသနာ့ဘောင်အတွင်းသို့
  1. သိပ်ကောင်းတယ် ဦးကျော်သူရေ ကျွန်တော်လည်း ဦးးကျော်သူလို ဖြစ်ချင်နေတာ ။ အားလည်း ကျတယ်။ ဘယ်တော့များမှ လုပ်ခွင့်ရမလဲဆိုတာ ကို စောင့်နေတုန်းပါ။ အခွင့်အရေး ရရင်တော့ လူတွေအတွက် အများကြီးး အကျိုးပြုချင်တယ်။ ဦးကျော်သူကို အရမ်းအားကျတယ်ဗျာ။ တစ်ကယ်ပါ။ သာဓု အမြဲတမ်းခေါ်နေလျက်ပါ

  2. လူလိမ္မာသါးယာဉ်ပါး။လူမိုက်သါးရမ်းကါး။စကါးပုံကါးကျော်သူနှင့်သန်းရွေတို့အားရည်ညွှန်းရန်ပေါ်ပေါက်လာခဲ့သည်။
    ကောင်းလေစွတကား။

  3. သင်္ကြန်မှာ အခုလို ကုသိုလ်ရတဲ့ လုပ်ငန်းတွေ စိတ်ပါ လက်ပါ နဲ့  လုပ်ကြ ကိုင်ကြတာ ၀မ်းသာကြည်နူး သာဓု ခေါ်ပါတယ်။

  4. ကောင်းမှုူကုသိုလ်….အားလုံးအစုစု…များကို..သာဓုသာဓု သာဓု…ပါ…..ုသက် ၇ာကျော်၇ှည် ပြီး….နိဗာန်
    မျက်မှောက်ေ၇ာက်ပါစေ…….ပီတိ များဖြင့်….

Comments are closed.