ဓာတ်ပုံသတင်း

Co Thagyan – ကော်လိုရာဒိုက မိုးသောက်ပန်းသင်္ကြန်မြင်ကွင်း

 
ကော်လိုရာဒိုက မိုးသောက်ပန်းသင်္ကြန်မြင်ကွင်း
ဓာတ်ပုံသတင်း၊ ဧပြီ ၁၁၊ ၂၀၁၂

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ၁၀ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ကျင်းပခဲ့ကြပါတယ်။

 
 
 
 
 
 
 

ဒီပွဲသင်္ကြန်ပွဲတော်ကို ပရိသတ် ၃၀၀ နီးပါး ပျော်ရွှင်စွာ လာရောက်ဆင်နွှဲခဲ့ကြပြီး မြန်မာ့ရိုးရာ သင်္ကြန်အက၊ တိုင်းရင်းသားရိုးရာအကတွေအပြင် ခေတ်ပေါ်တေးဂီတတွေနဲ့
ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

 
 
 
 
 

နေ့လည်ကနေ ညနေပိုင်းအထိကျင်းပခဲ့တဲ့ ဒီပွဲတော်မှာ မြန်မာ့ရိုးရာ အစားအစာတွေအပြင် ကော်လိုရာဒိုပြည်နယ်မှာ ရောက်ရှိနေကြတဲ့ ရခိုင်မိသားစုတွေက ရခိုင်မုန့်တီ စတုဒီသာနဲ့ ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts