မျက်မှောက်ရေးရာ သတင်းပဒေသာ

၂ သိန်းတန် ဆင်းကဒ်ရောင်းချသည့်နေ့တွင် ငါးထောင်တန် ဆင်းကဒ် ရရှိရေး လှုပ်ရှားမှုပြုလုပ် – ပိုင်စိုး (YPI) – Yangon Press International

ဧပြီ ၉ ရက်၊ ၂၀၁၂


ဓာတ်ပုံ – Yangon Press International


ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်က ကိုထင်ကျော်ဦးဆောင်သည့် ကုန်ဈေးနှုန်းကျဆင်းရေး အင်အားစုက ၅ ထောင်တန် ဆင်းကဒ် ရရှိရေးလှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး မဟာဗန္ဓုလလမ်းမပေါ်တွင် လက်ကမ်းကြော်ငြာများ ဝေငှကြသည်။

လက်ကမ်းကြော်ငြာ တောင်းယူသူ လမ်းဘေးဈေးသည် တဦးက “ဒီကိစ္စကို အားပေးတယ်။ ငါးထောင်ဖုန်းကို မျှော်လင့်ပါတယ်” ဟု YPI သို့ပြောသည်။

ငါးထောင်တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားမှုအဖြစ် လှုပ်ရှားသူ ၈၀ ဦးခန့်က လက်ကမ်းကြော်ငြာ အရွက်ရေ ၂ သောင်းခန့်ယူဆောင်လာပြီး စာရွက်ကုန်သည်အထိ ဖြန့်ဝေမည်ဟု လှုပ်ရှားသူတဦး ကပြောသည်။

ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစုက ယနေ့နံနက် ၁၀ နာရီဝန်းကျင်ကလည်း ကမာရွတ် လှည်းတန်းတွင် လက်ကမ်းစာရွက်ဝေငှသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟု လှုပ်ရှားမှုကို ဦးဆောင်သူ ကိုထင်ကျော်က ပြောသည်။

ထိုသို့ဝေငှနေစဉ် အရပ်ဝတ် လုံခြုံရေး ၀န်ထမ်း ၄၊ ၅ ဦးက လက်ကမ်းစာရွက် ၁ သောင်းခွဲဝန်းကျင်ကို သိမ်းယူသွားခဲ့ကြောင်းလည်း လှုပ်ရှားသူများက ပြောသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့သည် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် ၂ သိန်းတန် ဂျီအက်စ်အမ် ဆင်းကဒ် စတင်ရောင်းချသည့် နေ့လည်းဖြစ်သည်။

ယခင်လပိုင်းများက ဆင်းကဒ်တကဒ်ကို ကျပ် ၅ ထောင်ဖြင့်ရောင်းချနိုင်သည်ဟု ရွှေပြည်တံခွန် ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုက သမ္မတထံသို့ အဆိုပြုလွှာတင်သွင်းခဲ့ကာ သတင်းမီဒီယာများသို့လည်း ပြောကြားခဲ့သဖြင့် လူထုအကြား ငါးထောင်တန်ဖုန်းကဒ်မှာ လူစိတ်အ၀င်စားဆုံး ကိစ္စတရပ်ဖြစ်လာခဲ့သည်။

 

မူရင်း – http://www.facebook.com/ygnpress

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “၂ သိန်းတန် ဆင်းကဒ်ရောင်းချသည့်နေ့တွင် ငါးထောင်တန် ဆင်းကဒ် ရရှိရေး လှုပ်ရှားမှုပြုလုပ် – ပိုင်စိုး (YPI) – Yangon Press International
  1. ငါးထောင်တန်ဆင်းကဒ်ရရှိရေးလှုပ်ရှားမူဟာ ဆောင်ရွက်သင့်ပါတယ်။အများသူငါမည်သူမဆိုပတ်ဝန်းကျင်နိုင်ငံလိုဈေးသက်သာပြိး သံုးစွဲရတာအစဉ်ပြေမယ်အစစအရာရာကောင်းလာမာဖြစ်တဲ့အတွက် ရရှိအောင်ဆောင်ရွက်လူပ်ရှားသင့်ပါတယ်။

  2. အဲဒီ ဆင်းကတ်၁ခုကို ၂သိန်းနဲ.ေ၇ာင်းနေတဲ.သူတွေကိုပြောလိုက် မြ၀တီ ဘု၇ား၃ဆူ ကော့သောင်း လား၇ှိး တာချီလိတ် စတဲ့နယ်စပ်မြို.တွေမှာ ထိုင်းဆင်းကတ် တ၇ုပ်ဆင်းကတ်တွေ၁ခုကို ကျပ်၃ထောင်နဲ. တကဘာလုံးနဲ.ဆက်သွယ်ပြောဆိုလို.၇တယ် ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုံးကတ်ကျပ်၃ထောင်နဲ.၇နေတဲ့အချိန်မှာဗမာပြည်မှာ ၂သိန်းနဲ.ေ၇ာင်းတယ်ဗျာ ကဘာမှာ မြန်မာဖုးံဟာဈေးအကြီးဆုံး ခေါ်ဆိုနှုန်းထားလည်း ကဘာမှာဈေးအကြီးဆုံးပါဘဲ ဒီေ၇ာင်းချတဲ့သူတွေဟာ ဖွတ်တွေနဲ.မကင်းတဲ့သူတွေကြီးပါဘဲ ဂုတ်သွေးစုပ်နေကြတာ ယခုဖွတ်အစို၇က ၂၀၁၀ေ၇ွးကောက်ပွဲက ပြည်သူတွေေ၇ွးခဲ့တာမှန်တယ်ဆို၇င် ပြည်သူရဲ.လိုအင်ကိုဖြည့်၇မယ် ပြည်သူအကျိုးအတွက် မလုပ်နိုင်၇င် ကုလားထိုင်ပေါ်က ဆင်းသွားဖို.ဘဲ၇ှိတယ် ပြည်သူတ၇ပ်လုံး ၇ဲ၇ဲဝံ့ဝံ့တောင်းဆိုပါ။

  3. သမ္မတောင် လုပ်ပေးပါမယ်လို့ ပြောပြီးသားကို ကြားထဲကလူတွေက လက်ဝါးကြီးအုပ်နေကြတာကို

  4. 5000 kyats is still expensive. the correct price should be 1600 kyats equivalent to Australian two dollars.

Comments are closed.