ဒေါ်အောင်ဆန်းစုကြည်နှင့် ဓမ္မဘေရီဆရာတော် ဦးဝီရိယ (တောင်စွန်း)၊ ဟေးဝဒ် မုဒိတာကျောင်းဆရာတော် ဦးဥာဏိကာဘိဝံသတို့ တွေ့ဆုံ
ဓာတ်ပုံသတင်း၊ Facebook Photos၊
ဧပြီလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဓမ္မဘေရီဆရာတော် ဦ၀ီရိယ (တောင်စွန်း) နှင့် ကယ်လီဖိုးနီးယား၊ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်းဆရာတော် ဦးဥာဏိကဘိဝံသတို့ တွေ့ဆုံခဲ့ကြသည်ကို တွေ့ရသည်။ ဆရာတော် ၂ ပါးစလုံးသည် ဗုဒ္ဓသာသနာပြု ဆရာတော်များအဖြစ်သာမက မြန်မာ့အရေးတွင် ပွင့်လင်း တက်ကြွစွာ ပြောဆိုရေးသားသူ ရဟန်းစာရေးဆရာများ ဖြစ်ကြသည်ဟု ဆိုသည်။ (မူရင်းဓာတ်ပုံ – လှိုင်ဘွားမောင်၊ ဖေ့စ်ဘွတ်)
ဒီသတင်းလေးဖတ်ရတာ ကျေးဇူးတင်ပါတယ်။အမေစု ကပင့်လို့ပဲဖြစ်ဖြစ် ဆရာတော်တွေ ကတွေ့ ချင်လို့ပဲဖြစ်ဖြစ် သီတင်းခေါင်းစဉ်ကို တွေ့ ဆုံတယ်သုံးမယ့်အစား ဆရာတော်များဒေါ်စုအိမ် သို့ ကြွရောက်တော်မူတယ် လို့ သုံးရင်ပိုသင့်တော်မယ်ထင်ပါတယ်။အကြံ ပြုတာပါ။ဆရာတော်တွေ သီလ သိက္ခာ နှင့်ပြည့်စုံတဲ့ ဆရာတော်ကြီးတွေ ပါ။သံဃာ့ဂုဏ် ကိုကြည့်ညို တက်အောင်အကြံ ပြုအပ်ပါသည်။
ရောက်သခိုက်ပေါ့ဘုရား၊သံဃမဟာနာယကဆရာတော်တွေနဲ့ လည်းတွေ့ ဆုံပြီး အကျဉ်းကျသံဃာတွေ
လွတ်မြောက်ရေးကိစ္စ၊တရားပွဲတွေပိတ်တဲ့ကိစ္စတွေဆွေးနွေးခဲ့ပါအုံးဘုရား။ ။
ကိုသက်ဦးပြောတာ မှန်ပါတယ်ခင်ဗျာ..
ဆရာတော်တွေဟာ တကယ့်ကို သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ မထေရ်မြတ်တွေပါ။ သံဃာတော်နဲ့ ပတ်သက်တဲ့အရာကို သံဃာတော်နဲ့ သက်ဆိုင်တဲ့အသုံးအနှုန်းပဲ သုံးသင့်ပါတယ်။ မိုးမခ အက်ဒမင်တွေက ဘာသာခြား ဆိုရင်တောင် မြန်မာမီဒီယာကို ကိုင်တွယ်နေသူများ အနေနဲ့ သံဃာ့ဂုဏ်ကို အလေးအမြတ်ထားသင့်တယ်လို့ အကြံပြုပါတယ်ခင်ဗျား။
Moe Ma Ka should be polite.