မိုးမခကို ပေးတဲ့စာ

မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးများဘ၀ (ပေးစာ)

မောင်လူဝေး
ဧပြီ ၇၊ ၂၀၁၂
ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သောအစိုးရအဖွဲ့နှင့်အတူ မလေးရှားလုပ်ငန်းရှင်များ လည်း တအုပ်ကြီးလိုက်ပါသွားသည့်သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှလည်းကောင်း၊ အင်တာနက်သတင်းဝက်ဆိုက်ဒ်များ မှတ ဆင့် ကြားလိုက်မြင်လိုက်ရသည်။

ကျနော့်မိတ်ဆွေတဦးမှလည်း ကျနော့်ထံသို့ ညဖက်ကြီး ဖုန်းဆက်အကြောင်းကြားလေသည်။ အကိုရေ ..မလေးရှားဝန်ကြီးချုပ်နာဂျစ် မြန်မာပြည်ကိုသွားပြီဗျ..တဲ့။ ကျနော်သိလိုက်သည်။ ဟုတ်မယ်..ဗျ။  သူတို့က မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့အတွက် သွားတာပါ။ မြန်မာ ပြည်သူပြည်သားများအတွက် ဘာမှဝမ်းသာစရာမရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီမလေးရှားနိုင်ငံရဲ့အကျိုးစီးပွားနဲ့ မြန်မာစစ်အစိုးရ တပိုင်း ဦးသိန်းစိန်အစိုးရက လူတွေရဲ့အကျိုးစီးပွားအတွက် သွားတာပါလို့ ကျနော် ဖုန်းထဲကနေပြန်ပြောလိုက်မိတယ်။

တကယ်လည်း မြန်မာပြည်သူပြည်သားများ အတွက်မပါ ပါဘူး။ မလေးရှားအစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်လို့ ၀တ်ကျေ တန်းကျေ သံတမန်စကားလုံးလေးအရလွဲပြီး အင်တိုက်အားတိုက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ပါ။


အာရှကျားတကောင်ဖြစ်လာအောင်လုပ်ဆောင်နိုင်ခဲ့တာကိုတော့ ချီးကျုးစရာဖြစ်ပေမဲ့ … မလေးရှား အတိုက်အခံပါတီတွေကို နိုင်ငံရေး အရနှိပ်ကွပ်ခဲ့ပုံတွေကတော့ သူကလည်း တော်တော်လက်သံပြောင်ပါတယ်။ အခုမကြာသေးတဲ့ကာလကမှ အမှုမှပြန်လည်လွတ်မြောက် လာတဲ့ အတိုက်အခံခေါင်းဆောင် အန်နာဝါအီဘရာဟင်ဟာ အဲဒီ မဟာသီလက်ထက်ကတော့ ဒုဝန်ကြီးချုပ်တဦးဖြစ်ခဲ့ပေမဲ့ မဟာသီရဲ့ နိုင် ငံရေးအရ နှိပ်ကွပ်ချင်လာတဲ့အခါမှတော့ ..ယောင်္ကျားချင်း ကာမဆက်ဆံတယ်၊ (SODOMY ) တယ်ဆိုပြီး ဇွတ်အတင်းထောင်ချပစ်ခဲ့ပါတယ်။

ဗမာပြည်က စစ်အစိုးရလို မဟာသီကလည်း ယဉ်ယဉ်လေးနဲ့လက်သံပြောင်ခဲ့သူပါ။

အခုမြန်မာပြည်ကိုရောက်နေတဲ့ မလေးရှားအစိုးရ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်တဲ့အဖွဲ့ဟာ နှစ်နိုင်ငံစီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့ ရောက်ရှိပြီး နေပြည်တော်က စစ်အစိုးရတပိုင်း ဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေးနေတယ်ဆိုပါတယ်။ သူတို့ဆွေးနွေးတာ..မဆွေးနွေးတာကို ကျနော်စိတ် မ၀င်စားပါဘူး။ ဘာဖြစ်လို့စိတ်မ၀င်စားလည်းပြောရရင် မြန်မာပြည်က ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရဟာ သူတို့လုပ်ခဲ့သမျှ လုပ် ငန်းမှန်သမျှဟာ မြန်မာပြည်သူပြည်သားများအတွက်တော့ ဘာမှအကျိုးကျေးဇူး မဖြစ်လာဘူးဆိုတဲ့အချက်နဲ့ .. နောက်တချက်က လာ ရောက် ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားတိုင်းပြည်နဲ့ မြန်မာပြည်က စစ်တပိုင်း ဦးသိန်းစိန်အဖွဲ့အစိုးရကလူတွေအတွက်သာလျှင် ကွက်ကွက် က လေးသာ ကောင်းစားသွားတာတွေချည်းပဲမို့ ကျနော်စိတ်မ၀င်စားဘူးလို့ ပြောခြင်းဖြစ်ပါတယ်၊

ဗိုလ်ခင်ညွှန့်ကောင်းစားစဉ်ကာလက ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို အာစီယံအဖွဲ့ကြီးထဲကို ဇွတ်သွင်းပေးခဲ့တဲ့နိုင်ငံပါ။ အဲဒီကာလက မလေး ရှားဝန်ကြီးချုပ်ဟာ မဟာသီယာမိုဟာမက်ဖြစ်ပါတယ်။ မဟာသီဟာ မလေးရှားနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင်၊ ဒါဖြင့်ရင် ..စိတ်မ၀င်စားရင် ဘာဖြစ်လို့ထည့်ပြောနေလည်းမေးလာရင် ကျနော်ဖြေပါ့မယ်။

မလေးရှားအစိုးရနဲ့ မြန်မာပြည်က ဦးသိန်းစိန်အစိုးရတို့ နေပြည်တော်မှာ စီးပွားရေး ရင်းနှီးမြုပ်နှံမည့်ကိစ္စတွေအပြင် ..မြန်မာပြည်မှ မြန်မာ အမျိုးသမီးများအား မလေးရှားကို အိမ်ဖော်အဖြစ်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်စေလွှတ်ပေးဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကို ကျနော်တို့ သိရှိလိုက်ရတဲ့အတွက်…. ကျနော်ဒီစာလေးကို ချက်ခြင်းတင်ပြလိုက်တာပါ။

မလေးရှားမှာ အများဆုံးအိမ်ဖေါ်အလုပ်၊ တနည်း အစေခံအလုပ်ကို များသောအားဖြင့် တောနေ အင်ဒိုနီးရှားအမျိုးသမီးများနှင့် ဖိလစ်ပိုင် အမျိုးသမီးများသာ လုပ်ကိုင်ကြတာပါ၊ အင်ဒိုအမျိုးသမီးများက အများဆုံးပါ။ ဘာဖြစ်လို့လည်းဆိုတော့ အင်ဒိုနီးရှားလူမျိုးများရဲ့စကားဟာ မလေးရှားစကားနဲ့ တူပါတယ်။ အင်ဒိုစကားလဲ သက်သက်တော့ရှိပါတယ်။ အင်ဒိုနီးရှားလူမျိုးအားလုံးက မလေးရှားစကားကို ပြောနိုင်ပါ တယ်။ နောက်တချက်က နိုင်ငံချင်းကလည်း နီးပါတယ်။ ကိုးကွယ်ယုံကြည်မှုဘာသာလည်း တူကြပါတယ်။ အဲဒီလို ဘာသာတူ စကားတူတဲ့ အင်ဒိုနီးရှားအိမ်ဖေါ်တွေကို မလေးရှားအိမ်ရှင်များက ခဏခဏနှိပ်စက်လို့ ပြသာနာခဏခဏတက်နေဆဲပါ။

အဲဒီအတွက် အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေက သူတို့နိုင်ငံသူများအတွက် ၀င်ရောက်ကူညီမှုတွေ အပြည့်ရှိပါတယ်ဆိုတာတောင်မှ မ လေးရှားအိမ်ရှင် တရုတ်အများစုကတော့ အိမ်ဖော်ကို “ကျွန်” သဖွယ်ခိုင်းစေရုံသာမက ကိုယ်ထိလက်ရောက် နှိပ်စက်လျှက်ပါပဲ။ အိမ်ရှင်မှ အိမ်ဖော်အား ဓားနဲ့မွှန်းခြင်းများ၊ မီးပူဖြင့်ကပ်ခြင်းများ၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ နည်းမျိုးစုံနှိပ်စက်ပါတယ်။ မလေးတရုတ်လူမျိုး အများစု ဟာ နိုင်ငံခြားသား အလုပ်သမားများအပေါ်မှာ ရက်ရက်စက်စက် ကိုယ်ချင်းမစာ ခိုင်းလေ့ရှိပါတယ်။ နောက်ပြီး လစာကိုလည်း တန်ရာ တန်ကြေး မပေးပါဘူး။ ကျနော်တို့ မြန်မာလူမျိုးအများစုဟာ အင်္ဂလိပ်စာစကား အရမ်းအားနည်းကြပါတယ်။ အဲဒီအတွက် အများကြီး အ ခက်အခဲ ရှိပါတယ်။

မလေးနိုင်ငံသုံး မလေးစကားကိုလည်း အင်ဒိုနီးရှားအမျိုးသမီးတွေလို မပြောနိုင်တော့ ပိုလို့သာဆိုးစရာအကြောင်းရှိပါတယ်။ နောက်တချက် မြန်မာသံရုံးနဲ့ အင်ဒိုနီးရှားသံရုံးဟာ မိမိနိုင်ငံလူမျိုးတွေကို ကြည့်ရှုစောင့်ရှောက်တဲ့နေရာမှ မိုးနဲ့မြေလို အရမ်းကွာပါတယ်။ အင်ဒိုနီးရှားသံရုံး က နိုင်ငံသားများ ပတ်စ်ပို့လဲခြင်း၊ ပျောက်လို့ ပတ်စ်ပို့အသစ်လျှောက်ခြင်းကိစ္စတွေမှာ အရမ်းမြန်ပါတယ်။ ပတ်စ်ပို့စ်ပျောက်လို့ အသစ် လျှောက်ပါက ထူးထူးထွေထွေ သိပ်မပြောရပါ။ အလွန်ဆုံးကြာရင် တရက် နှစ်ရက်ပါပဲ။ ပတ်စ်ပို့ကြေးသွင်းရငွေကလည်း မလေးရှားရင်းဂစ် ၅၀ အောက်ပဲရှိပါတယ်။

ကျနော်တို့ မြန်မာသံရုံးကတော့ ပတ်စ်ပို့ပျောက်လို့ သွားအကြောင်းကြားရင် မချေမငံဆက်ဆံပါတယ်။ ပတ်စ်ပို့ကြေးသွင်းရတဲ့ငွေဟာ မလေးငွေ ရာကျော်ရှိပါတယ်။ တခြားနိုင်ငံသံရုံးများမှ ကောက်ခံတဲ့ငွေနဲ့နှိုင်းယှဉ်လိုက်ရင် အရမ်းများလွန်းတဲ့ငွေပါ။ ၎င်းအပြင် မည့်သည့်နိုင် ငံမှ မရှိသော၊ မကောက်သော TAX အခွန်ငွေကိုလည်း လက်ရှိဆက်လက် ကောက်ခံနေဆဲပါ။

များမကြာခင်က ဦးသိန်းစိန်အစိုးရမှကြေငြာလိုက်သော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအားလုံး TAX အခွန်ပေးဆောင်ရန်မလိုတော့ ကြောင်း ကြေငြာပေးခဲ့ပေမဲ့ မလေးရှားရှိ မြန်မာသံရုံးကတော့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စမှာဖြစ်သောကြောင့် ၂၀၁၂ ခုနှစ်မတိုင်ခင် နှစ် များက အကြောင်းအမျိုးမျိုးကြောင့် TAX မဆောင်နိုင်သူများ ယခုအခါ ပတ်စ်ပို့အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်ပေးနေတဲ့အချိန် ဖြစ် တော့ ပတ်စ်ပို့အသစ်လဲလှယ်လိုသူများအားလုံး TAX အခွန်ကြေးကို ၂၀၁၂ ခုနှစ်မတိုင်ခင်က နှစ်တွေအားလုံးအတွက် သိမ်းကျုံး ကောက် နေပါတယ်။ TAX မပေးနိုင်ပါက ပတ်စ်ပို့မလဲပေးပါဘူး။ ပတ်စ်ပို့သက်တမ်းတိုးသူများလည်း ထိုနည်းအတိုင်းပါပဲ။ ၂၀၁၂ မတိုင်ခင်က နှစ်တွေအားလုံးကိုတွက်ပြီး TAX အခွန်ကောက်ပါတယ်။ TAX အခွန်မပေးနိုင်ပါက ပတ်စ်ပို့သက်တမ်း လုံးဝမတိုးပေးပါဘူး။ လက်ရှိမြန်မာ သံရုံးကတော့ TAX အခွန်ငွေကို မိမိနိုင်ငံသားများ အလုပ်အဆင်ပြေ မပြေ လုံးဝမစဉ်းစားဘဲ ပျော်ပျော်ကြီးကို ကောက်ခံနေဆဲပါ။

နောက်ပြီး မလေးရှားမှာအလုပ်လာလုပ်သူမှန်သမျှ အားလုံးဟာ မလေးရှားအစိုးရကို အလုပ်လုပ်ခွင့်ပါမစ် ( work permit ) ကြေးလည်း မလေးအစိုးရကို ပေးဆောင်ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံသားအားလုံးဟာ မလေးအစိုးရကိုလည်း အလုပ်ပါမစ်အတွက် အခွန်ပေး ဆောင်ရ၊ နောက်တခါ မြန်မာသံရုံးကိုလည်း ဘယ်နိုင်ငံမှမကောက်တဲ့ မယူတဲ့ TAX အခွန်ငွေကို ပေးဆောင်နေရတဲ့အတွက် အခွန်နှစ် ထပ်ပေးဆောင်နေရပါတယ်။

မလေးရှားမှာ အလုပ်လုပ်လို့ရတဲ့ လစာက အများစုက တလကို မလေးငွေ ရင်းဂစ် ၆၀၀ နဲ့ ၉၀၀ တန်းပဲရှိတာမို့ ဘယ်လိုမှ အဆင်မပြေကြ ပါဘူး။ မြန်မာပြည်ပြန်ရင် အလုပ်ကမရှိ၊ လာစဉ်က ချေးဌားလာရတဲ့ အကြွေးတွေကရှိနေတော့ ပြန်လို့မရဖြစ်နေတာ အများစုပါပဲ။ အဲဒီ အထဲက တချို့သာလျှင် ကိုယ်ပိုင်အလုပ်လေးတွေထွင်ပြီးလုပ်နိုင်ကြလို့ တချို့လည်း လုပ်သက်တွေအရမ်းကြာလာလို့သာ နေထိုင်နိုင်ကြ တာပါ။ နောက်ပြီး မလေးရဲကလည်း နိုင်ငံခြားသူအလုပ်သမများ အလုပ်လုပ်ခွင့်ပါမစ်မရှိရင် ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လုပ် ပါတယ်။ ပါမစ်ရှိရင်တောင်မှ ရဲက နည်းအမျိုးမျိုး အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်ပါတယ်။ မပေးရင် ပြသာနာရှာပါတယ်။

အလုပ်ကအဆင်မပြေ အလုပ်ကအဆင်ပြေရင်လည်း လစာကအရမ်းနည်း၊ လစာနည်းရတဲ့အထဲ မြန်မာသံရုံးကို အခွန်ပေးရ။ မလေးရှား အစိုးရကို ပါမစ်ကြေး အခွန်ပေးရဆိုတော့ အဆင်မပြေမှုတွေ များသထက်များလာရင်း နောက်ဆုံးတော့ မြန်မာအမျိုးသမီးတချို့ မလုပ်သင့် တာတွေကို လုပ်မိလျက်သား ဖြစ်လာရပါတော့တယ်။ ငွေကြောင့် တခြားနိုင်ငံသားများနှင့် လိင်ကိစ္စတွေ ရှုပ်ရှက်ခတ်ကုန်ပါတော့တယ်။ အဲဒီအဖြစ်အပျက်အခြေခံ အကြောင်းတရားများဟာ မိမိနိုင်ငံရဲ့အစိုးရ ညံ့ဖျင်းမှု၊ မကောင်းလို့သာ ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေသာ ဖြစ် တာမို့ လက်ရှိမြန်မာအစိုးရဆိုသူတွေမှသာ တာဝန်အရှိဆုံးပါ။

ခုတခါ မြန်မာအမျိုးသမီးများ မလေးရှားကို အိမ်ဖော် တနည်း.. အိမ်စေ အစေခံအနေနဲ့လွှတ်ဦးမယ်ဆိုရင်တော့ လက်ရှိအစိုးရက ဘယ်လို တာဝန်ယူမှာလဲ..? မလေးရှားရှိ မြန်မာသံရုံးကတော့ ပတ်စ်ပို့ကို အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ အေးဂျင့်လူပွဲစားက တရားမ၀င်သိမ်း ထားတာတောင် ရအောင်ပြန်မတောင်းပေးနိုင်ပါဘူး။ ကျနော်တို့ ပတ်စ်ပို့နောက်ကျောအဖုံးအတွင်းမှာ …(သတိပြုရန်အချက်) ဆိုတဲ့ခေါင်း စဉ်အောက်က အတိအလင်းရေးထည့်ထားတာရှိပါတယ်။

… နိုင်ငံခြားတိုင်းပြည်များဆိုင်ရာ အရာရှိများမှတပါး အခြားမည်သူကမှ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း၊ ဂဏန်းအမှတ်အသားများပြုလုပ် ခြင်း၊ မပြုလုပ်ရ..လို့ ပါရှိပါတယ်။ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ (လူပွဲစားအေးဂျင့်) များကတော့ ရောက်လာတဲ့မြန်မာနိုင်ငံသားလူသစ်များကို လေဆိပ်ကနေဖမ်းပြီး ပတ်စ်ပို့ကို ပတ်စ်ပို့မှာ အလုပ်လုပ်ခွင့်ပါမစ်ကပ်ရန်အကြောင်းပြပြီး တခါတည်း သိမ်းလိုက်ပါတော့တယ်။

အမှန်မှာမူ နိုင်ငံကူးပတ်စ်ပို့အား ဥပဒေအရ လူပွဲစားအေးဂျင့်များက သိမ်းခွင့်မရှိသလို … မြန်မာပြည်တွင်းမှာလည်း စာချုပ်စဉ်ကတည်းက ပတ်စ်ပို့ကို လူပွဲစားအေးဂျင့်များက အကြွေးကျန်သူများ အကြွေးမကျေသေးပါက ပတ်စ်ပို့သိမ်းထားမည်ဟုလည်း စာချုပ်ထဲထည့်သွင်း ရေး ထားလို့ မရပါဘူး။ ရေးခဲ့ရင်လည်း ဥပဒေအရ အကျုံးမ၀င်ပါဘူး။ သို့သော် မလေးရှားလူပွဲစားအေးဂျင့်များကတော့ ပြောင်ပြောင်တင်းတင်း ပင် ရောက်စဉ်ကတည်းက လေဆိပ်မှာတင် ပတ်စ်ပို့ကို တခါတည်းသိမ်းပါတော့တယ်။

အဲဒီပြဿနာများကို မြန်မာသံရုံးမှသိသော်လည်း မျက်နှာပြောင်တိုက်ကာ ဘာမှမဆောင်ရွက်ပေးခြင်းမရှိဘဲ ရှိနေလျှက်ပါ။ တခြားပြဿနာတစုံတရာပေါ်ပေါက်ခဲ့လို့ မြန်မာသံရုံးသို့ သွားရောက်အကြောင်းကြားခဲ့ရင်လည်း ဘာမှဆောင်ရွက်ပေးတာမရှိသလို ဘာမှလည်းဆောင်ရွက် နိုင်တာမရှိခဲ့ပါ။

ကျနော် အင်တာနက်တွင် ဗွီအိုအေမှ ဒေါ်ခင်စိုးဝင်းနှင့် မြန်မာနိုင်ငံခြားေ၇းဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အင်တာဗျုးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက သံရုံးအားလုံးအား မြန်မာနိုင်ငံသားများအား အခက်အခဲပြဿနာများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ် ကြောင်းဖြေဆိုခဲ့တာကို ပြန်လည်ကြားယောင်ရင်း မလေးရှားသို့ .. မြန်မာအမျိုးသမီးများအိမ်ဖော် တနည်း အိမ်အစေခံနှင့် အလုပ်လာလုပ် ဦးမည်ဆိုရင်တော့ ကျနော်တို့ မြန်မာအမျိုးသမီးလေးများအရေး မတွေးဝံ့စရာတွေဖြစ်လာတော့ ဧကံဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(မှတ်ချက်။ ။ မလေးရှားမှ အိမ်ဖော် အိမ်အစေခံ မြန်မာအမျိုးသမီးများအလိုရှိနေခြင်းမှာ အင်ဒိုနီးရှားနိုင်ငံမှ အင်ဒိုအမျိုးသမီးများ အိမ်ဖော် အဖြစ် မလေးရှားကို သွားရောက်အလုပ်လုပ်ခြင်းကို ခွင့်မပြုတော့လို့ဖြစ်ကြောင်း နောက်ဆက်တွဲသိရကြောင်းပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

27 thoughts on “မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးများဘ၀ (ပေးစာ)
  1. Hard ware method used by (preferred ) people is labeled as Revolution. (e.g-Libya,Syria)

    Hard ware method used by (against ) people is labeled as Terrorist.( Palestinian ,Alkeida).

    Actually , Hard ware method is same/similar.

    Possibily , Junta may be only tamed by hard ware method because they do not care civilized manner(no effective) . Gun man is only afraid another gun man ( like with Bangladesh sea dispute).

    Some use soft ware method ; others should use hard ware method if necessary (called revolution).

  2. အင်း. ဒုက္ခပဲဗျာ စက်ရုံမှာလုပ်ရတာတောင်မှအေးဂျင့်တွေသူဌေးတွေ သူတို့ထင်သလိုလုပ်နေကြတာ အိမ်ဖော်အလုပ်ဆိုရင်တော့ မတွေးဝံစရာပါပဲ။

  3. ခွေးအစိုးရနိုင်ငံကိုရောလူမျိုးကိုပါကျွန်းလုပ်ဦးမည်။မြန်မာအမျိုးသားမီးတွေရဲ့ဘ၀ကိုပါပျက်စီးဦးမည်။ကို့လူမျိုးကိုယ်ချစ်လို့ရေးလိုက်တာပါ။မြန်မာတွေဒီသတင်းကိုဖတ်ပြီးရင်းကန့်ကွက်ပါလို့မျက်တာရက်ခံပါတယ်။လက်ရှိမလေးရှားကမြန်မာတွေရဲ့ဘ၀ကိုပေးတွေ့လိုက်ခြင်းတယ်။အမေစုရေကယ်ဘာဦးသားသားတို့မြန်မာလူမျိုးတွေးကျွန်းဖြစ်ဦးမယ်။မြန်မာတွေမှန်သမျှဒီသတင်းကိုတွေ့ရင်းမိမိ၇ဲ့အမ၊နှမ။ဆွေးမျိုးသားချင်းမှန်သမျှကိုအသိပေးလိုက်ပါ။တစ်ချိန်တုန်ကမြန်မာဟာနယ်ချဲ့ကိုတွန်းလှန်ပြီကျွန်းဘ၀ကလွတ်ခဲ့တယ်။
    ……………………..ခေတ္တမလေးရှားကျွန်းလေးသားသား……………………….ခွေးအစိုးရကျန်းမာစေး

  4. ဟုတ်တယ်ဗျို့ ကျနော်တို့ရဲမြန်မာအမျိုးကောင်သမီးလေးတွေ မလေးရှားနိုင်ငံကို အိမ်ဖေါ် တဖြစ်လဲ
    အိမ်အစေခံ အလုပ်မျိုးနဲ့ မလာကြပါနဲ့လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်ဗျာ..အပေါ်ကပေးစာမှာပါတဲ့
    အတိုင်းပါဘဲဗျာ အိမ်ရှင်နဲ့အိမ်ဖေါ်ပြသနာခဏခဏကြားရတိုင်း အိမ်ဖေါ်လေးတွေရဲ့ဘ၀ကိုစာနာမိပါတယ်
    ဒါကြောင့် ဘာမဟုတ်တဲ့ မလေးရှားနိင်ငံ မှာမြန်မာမိန်းခလေးတွေလာပြီး အိမ်ဖေါ်မလုပ်ကြပါနဲ့လို့ဘဲပြောချင်ပါတယ်ဗျာ တော်ကြာ အနှိပ်စက်ခံ အစော်ကားခံ ဘ၀မျိုးရောက်မှာကို
    စိုးရိမ်လို့ပါဗျာ…………

  5. မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးကို အထင်သေးလို့ ပြောတာ၊ ကျွန်မတို့မြန်မာအမျိုးသမီးတွေ သူများနိုင်ငံမှာ အိမ်ဖေါ်လုပ်မှ ထမင်းဝမည့် အနေအထားတော့ မဟုတ်သေးပါ။ ဘာသာမတူ လူမျိုးမတူရသည့်အထဲ labour law ကိုလဲ လိုက်နာခြင်းမရှိသလို ၊ အိမ်ရှင်မှ အိမ်ဖေါ်ကိုလူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ဖေါ်လုံးဝငှားရမ်းခြင်းခွင့်မပြုတော့တာ ဖြစ်မှာပါ။
    ကျွန်မတို့မြန်မာမိန်းကလေးတွေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်မှာကိုတော့ မလိုလားပါ။ စက်ရုံတွေမှာ အလုပ်လုပ်ကြတာ မိမိကိုယ်ကို ထိန်းနိုင်ရင် ပြဿနာမရှိပါ။ သူတပါးအိမ်မှာ အားကိုးရာမဲ့ တိုင်ပင်စရာမရှိ ပြောစကားနားမလည် သူတို့လုပ်သမျှခံကြရမဲ့ အနေအထားကိုတော့ သမ္မတ ကြီးနှင့် တကွ အမျိုးသမီးရေးရာအပါအ၀င် အစိုးရအဖွဲ့ဝင်များခွင့်ပြုမည်မဟုတ်ဟု အလေးအနက်ယုံကြည်လျှက်

  6. This isn’t only happening in Malaysia, the Burmese Embassy is doing these kinds of things around the world.

  7. မောင်လူဝေး ရေတာ အမှန်တွေ ပါ ဘဲ ဒါမလေးရှားမှာ တကယ်ဖြစ်နေတဲ့ သတင်းတွေ ဘာဘဲ အိမ်ဖော် မလေးရှားကို မလွတ်သင့်ပါ အာလုံးသော ပြည်သူများ ဝိုင်း၍ ကန့် ကွက် ပေးကြပါ ။ အဓီက က ဘာသာစကားဘဲ သူများဘာလုပ်တယ် မပြောနိုင်ရင် ပို၍စိုးတော့ မယ် ဘာပြောတယ်မှန် မသိရင် လဲ အခက်တွေ့ မယ် မြန်မာ အမျိုး သ္မီးတွေ အတွက် ရင်လေး ပါတယ် ။ လွယ်လွယ်လေး တော့ မထင်းလိုက်နဲ့  စဉ်း စား စဉ်း စား မြန်မာ အမျိုး သ္မီးများ။

  8. Myanmar Embassy!
    I never use to hear Myanmar Embassy’s good reputation to its nationality. I always hear that Myanmar Embassy staffs’ bad reputation stories in everywhere. Please let me know if you know which country of Myanmar Embassy’ staffs are good responsibility to its nationality.

  9. ဒါများမောင်ရင်တို့ရာ….. အိမ်ဖော်လေ အိမ်ဖော်ဆိုတာမောင်ရင်တို့မသိကြဘူးလား ပဲခူးမြို့ ဒုတိယမြို့ နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းကတော်တောင် ကိုယ့်လူမျိုးအချင်းချင်းကို မီးပူနဲ့ကပ်တာ အလုပ်လုပ်တာ သောက်သုံးမကျလို့ မဟုတ်လား???? ဒါကကိုယ့်တိုင်းပြည်မှာလေ နိုင်ငံခြားမှာ ဒီလိုသောက်သုံးမကျရင် နည်းတောင်နည်းသေးတယ်လို့ပြောရမှာ

  10. အပေါ်ကရေးထားတာတောင်နည်းနေပါသေးတယ် တကယ်တမ်းက အဲ့ဒါထက်ဆိုးပါတယ်

  11. သိပ်ဟုတ်တယ် မိန်းကလေးတွေအတွက် အထူးစိုး၇ိမ်စ၇ာပါ အိမ်ဖော်အလုပ်က ဒီနိုင်ငံကကောင်တွေက စောက်ကျင့်မကောင်းတာက များတယ် အိမ်ဖော်အလုပ်ကလွဲလို့ တခြားအလုပ်ဆိုနဲနဲတော်တယ် လာမဲ့မိန်ကလေးတွေသတိထားလုပ်ပါ အေးဂျင့်ကလဲလိမ်အုံးမယ် ကျွန်တော်တို့အလုပ်ဆိုဧည့်သည်တွေနဲ့နေ့တိုင်းဆက်ဆံ၇တဲ့အလုပ်ပါ နေ့တိုင်းလို့၇န်ဖြစ်နေ၇တယ် ဒီနိုင်ကလူမျိုးတွေက မလေးလိုပြော၇င် {ကကျောက်} နှောက်ယှက်ချင်တယ် နှိမ်ချင်တယ် ကျွန်တော်တို့ကလဲမခံဘူးပြန်ဆဲတယ် ဒီကကောင်တွေအများစုစိတ်ဓါတ်တွေက အဆင့်တန်းမ၇ှိကျဘူး သတိထားလာပါ

  12. ကို မောင်လူဝေ ပြောတာ အားလုံးအမှန်တွေပါ လက်ရှိ ရောက်နေကြတဲ မြန်မာမ တွေ တောင် မလေးရှား နိုင်ငံထဲ မှာ ကြည်ရတာ မျက်စီရှက်တယ်ဗျ နောက်ထပ် အိမ်ဖေါ် လုပ်ခိုင်ရင် တရုတ် သူဌေး
    တွေက မြန်မာပြည်ထဲ ကရှိသမျှ မြန်မာမတွေ (စစ်သမတ္တသိန်းစိန် မြေး၊တူမအပါအ၀င်)ကို ခေါ်ပြီး အိမ်ထဲပိတ်လှောင်ထားမှာ ပြီးမှ ကြက်ရောင်း
    သလို ရောင်းထုတ် မှာ ဗျ။ ကျွန်တော် သူဌေး ကပြောတယ် နောက်နှစ် သူဆိုင်မှာ မြန်မာ တွေ နဲ ဈေးရောင်မြင့် တင်မေတဲ ဗျ စိမ်းစားကြည်ကြပေတော။ မြန်မာပြည်သားဖြစ်ရတာ မျက်နှာငယ် နေရတဲ့ ကြားထဲ ခွေးပြောင်ကြီး သိန်းစိန် နဲ ၀က်မသားပြောင်ငယ် နာဂျစ် ထပ်ပြီး မျက်နှာပျက်အောင်လုပ်နေပြန်ပြီ။ မြန်မာပြည်တွင်း မှာ စီးပွါးရေးကောင်း အောင်လုပ်ပါ မိန်းကလေးတွေ
    ကို ပြည်ပ ကိုမပို့ ပါနဲတော မြန်မာပြည်ဒီထက်တော မဆင်ရဲတောဘူး တားဆီးကြပါ၊ ကန့် ကွက်ကြပါ
    သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါ၊ NLD နဲ ညီနောင်အဖွဲ့ဝင်တွေ ဒီကိစ္စကိုတာဆီးပေ ကြပါ. တောင်းပန်ပါတယ် မြန်မာမိန်းကလေမတွေ မလေးရှား နိုင်ငံ မှာ လုံးဝအိမ်ဖေါ် မလုပ်သင့်ဘူး ဗျ။

  13. သမတ္တဖြစ်တဲ သိန်းစိန် ရဲ သမီး ကို နာဂျစ် အိမ်ဖေါ်အဖြစ် အရင်လွတ်ပါ ပြီးတော သူရရွေမန်း သမီး နောက် ၀န်ကြီးတွေရဲ သမီး စီနီယာအလိုက်လွတ်ပေးပါ ၊ ပြည်သူတွေ ကိုတော အရင်ပေးမလွတ်သင့်ဘူး

  14. our dear president u thein sein,
    if this news is true please re-think again,sir.i’m working in malaysia since 2002.since last afews years ago i’m staying with workers in the same hostel still now.so i could understand their feeling and their habits.
    my boss apply workers for so many kind of jobs.
    (housemate,hotel housekeeper,electronic workers,
    planting,washing car services,takecare of horses,aircon services).etc…………
    workers is myanmars,vietnums,nepals and indonesias.what i want to talk to u that about indonesia femals workers.they can speak malay language very well.but when they come to here,their choosing jobs is mostly house mate only.sorry let me talk,mostly that indonesia femals like sex with other religions peoples. mostly is very shameless.but our myanmar is very polite and very dignity peoples.our peoples weak point’s can’t speak english and malay language well.so our female workers become to be durable for foreigner.whatever that kind of country goverment want to stop export workers for house mate already.why did our president want to think about this kind of jobs?please don’t make decision for that vulgar job.

  15. မလေးရှားမှာ မြန်မာအမျိုးကောင်းသမီးတွေ အိမ်ဖော်အလုပ်ကိုမြန်မာအစိုးရကခွင့်မပြုအောင်ပြည်သူများ ၀ိုင်းပြီး ကန့်ကွတ်ကြပါ မလေးအစိုးရက မြန်မာကိုအထင်သေးလို ကမ်းလှမ်းတာပါ မြန်မာပြည်မှာထမင်းငတ်ပြီးသေးတဲသူမရှိပါဘူး

  16. မြန်မာအမျိုးသမီးများအိမ်ဖေါ်အလုပ်နှင့်လုံးဝ(လုံးဝ)မလာပါနဲ့

  17. မြန်မာ အမျိုးသမီးလေးများ ကို အားလုံးဝိုင်း ကယ်ကြပါ။ ဧရာဝတီမြစ်ဆုံ အရေးနှင့်ထပ်တူ အရေးကြီးပါသည်။

    မြန်မာများ မလေးရှား အစိုးရ နှင်ပါတ်သက်လျင် အားလုံးသတိကြီးစွာထားကြပါ။ မြန်မာနိုင်ငံ ဆင်းရဲတွင်း နက်သည်ထက်နက် ပြီး မြန်မာ့သယံဇာတ၊ မြန်မာ့လုပ်အား၊ မြန်မာ့ဦးဏှောက်၊ အရာရာ အချောင်ရသမျှယူခဲ့၊ယူဆဲ၊ပိုယူဖို့ကြိုးစားသည့် နိုင်ငံဖြစ်သည်။

    မြန်မာ နိုင်ငံ့အရေး မိတ်ဆွေကောင်းလို ပံ့ပိုးဖို့ဝေးလို့ ဝမ်းသာစကား တစ်ခွန်းမပြော မြန်မာအမျိုးသမီးတွေကို နှီမ်ချဖို့ လုပ်ခဲ့သည်။ မြန်မာအမျိုးကောင်းသမီးလေးများ မြန်မာ အေးဂျင့်များ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ ကိုယ့်တိုင်းပြည်ကို လာလည်ပြီး ကိုယ့်ကိုစော်ကားသွားတာ နားလည်သဘောပေါက်ပြီး ဒါလေးတစ်ခုတော့ ဆန့်ကျင်ကြပါ။

    ဘဝပျက်၊ ဘာသာပျက်၊အမျိုးပျက် အဖြစ်မခံကြပါနဲ့။ မလေးရှားမှာ ပညာသည်အဆင့် ဖြင့် လာရောက် အလုပ်လုပ် နေသူ တစ်ဦး ရဲ့ စေတနာ နှင့် စီုးရီမ်ပူပန်မှုဖြစ်ပါသည်။ ရိုက်နှက်ညှင်းပန်းမှု၊ လူမဆန်သောစော်ကားမှု နှင့် သတ်ဖြတ်မှုများကြောင့် အင်ဒိုနီးရှားအစိုးရ က အီမ်ဖေါ်စေလွှတ်မှု စီစစ်ရပ်ဆိုင်းထားပါသည်။

  18. I go visit malaysia motorbite 2men take my bag many people have but nobody help they stan and see only all myanmarcan”t go this place very danger.

  19. အိမ်စေ (၀ါ)အိမ်ဖေါ်အဖြစ်နဲ့ လုံးဝမလာသင့်ပါ။ သံရုံးကိုလည်းအားမကိုးပါနဲ့ ။အေးဂျင့်စကားကိုလည်း မယုံပါနဲ့။ဆောင်းပါးရှင်
ေ၇းထားတာလုံးဝအမှန်တွေပါ။အပိုမရှိ လိုတောင် လိုပါသေးတယ်။ အိမ်ဖေါ်တွေကိုနှိပ်စက် မတ၇ားဆက်ဆံ တာကို မခံနိုင်တော့
    လို့ အင်ဒိုအစိုး၇က သူ့ လူမျိုးတွေကို အိမ်ဖေါ်လုပ်ခွင့်ပိတ်လိုက်တာပါ။

  20. My dear Myanmar President, if you send Myanmar ladies as maid in Malaysia, it is very shameful to our country. All over the world will look down upon our Myanmar ladies as low standard. Our people must object that matter seriously. Our NLD and other patriotic parties must object it seriously for our country. The military persons have no brain and no sympathy, no shame what they are doing for the country. They want to sell our Myanmar ladies to other countries to become prostitue country said by Bogyoke Aung San.

  21. တောသားမြို.တက်ဆိုတလို ကျုပ်က ထိုင်း စင်္ကာပူ မလေးရှား ၃-နိုင်ငံကိုေ၇ာက်ဖူးသူပါ၊စင်္ကာပူမှာေ၇ာက်ခဲ့စဉ်စင်္ကာပူနိုင်ငံသားအဖိုးကြီးတဦးနဲ.စကားပြောဖြစ်ခဲ့တယ် သူက၁၉၄၅မှ၁၉၆၂အထိမြန်မာပြည်မှာအလုပ်လုပ်ဖူးတယ် အဲဒီအချိန်က ဗမာပြည်ဟာ အေ၇ှ.တောင်အာ၇ှမှာ အတိုးတက်ဆုံး အချမ်းသာဆုံးပါဘဲတဲ့ ၊အဲဒီအချိန်လောက်တုံးက မင်းတို.ဗမာပြည်သားတွေ နိုင်ငံခြားထွက် အလုပ်ထွက်လုပ်ကြတာ မ၇ှိတလောက်ပါဘဲတဲ့ ပြောတယ်ဗျာ၊ ထိုင်းနိုင်ငံေ၇ာက်ခဲ့စဉ် လယ်သမားတွေနဲ.၇င်းနှီးတော့ သူတို.ထွက်တဲ့စပါး ဆန်တွေကို သူတို.ကိုယ်တိုင် စင်္ကာပူ မလေး၇ှားတွေမှာ လွတ်လွတ်လပ်လပ်ေ၇ာင်းဝယ် ကြတယ် ပြောတယ်ဗျာ ဒီလိုလွတ်လပ်စွာေ၇ာင်းဝယ်နိုင်လို.သူတို.သားသမီးတွေ နိုင်ငံခြားမှာထွက်လုပ်စ၇ာမလိုဘူးပေါ့၊နောင်တခါ မလေးရှားကိုေ၇ာက်တော့ ကုန်ထုတ်လုပ်ငန်းရှင်များဟာ မိမိထုတ်လုပ်တဲ့ကုန်ပစ်စည်းတွေကို နိုင်ငံတကာမှာလွတ်လွတ်လပ်လပ်ေ၇ာင်းဝယ်ခွင့်ရှိနေတော့ ဘယ်သားသမီးမှ တခြားနိုင်ငံတွေမှာ ကျွန်ခံပြီးထွက်မလုပ်ကြဘူး။ ယခုဗမာပြည်မှာနှစ်၅၀စစ်အုပ်ချုပ်ေ၇းကြောင့် ပြည်သူတွေ၇ဲ.ဆန်ဒ လုပ်ဆောင်မှုတွေကိုပိတ်ပင်ထားလို.တာယခုလိုနိုင်ငံ၇ပ်ခြားမှာ ကျွန်ဖြစ်နေ၇တာ၊ ယခုလည်း ဦးသိန်းစိန်ရဲ. စစ်တပိုင်း ဖားတပိုင်းအစိုး၇က ဗမာအမျိုးသမီးတွေကို မလေးရှားအိမ်ဖော်အဖြစ်လွှတ်မယ်ဆို၇င် ဗမာပြည်၇ဲ.လွတ်လပ်ေ၇းဖခင်ဗိုလ်ချုပ်အောင်ဆန်းပြောသလိုမြန်မာပြည်ဟာ ဖာနိုင်ငံဖြစ်လာမှာ အသေအချာပါဘဲ။ဒါကြောင့်မြန်မာ အမျိုးသမီးများ ဆင်ခြင်သင့်ပါတယ်။

  22. ဒီအရေးကိုဝိုင်းဝန်ဆန်ဒပြကန်ကွက်သင့်ပါတယ်သားသမီးချင်ကိုယ်ချင်မစာတဲသူတောင်းစား။သူသမီးတွေပဲအိမ်ဖော်လွတ်ပါလား။ဒီမလေးကခွေးတရုတ်တွေဘယ်လိုခိုင်းလဲသိလား

    1. every army’s…every police’s…every government’s group be careful…the bad luck are coming soon…

Comments are closed.