ကဗျာ

ပိတောက် …လမ်းခွဲ

ကမာပုလဲ
ဧပြီ ၇၊ ၂၀၁၂

ဘ၀မှာ
ပိတောက်ပန်းနဲ့
သူစိမ်းဆန်ခဲ့တဲ့ သင်္ကြန်တွေ …။

“သင်္ကြန်သီချင်းတွေဟာ
မြနန္ဒာကို မကျော်နိုင်သေးဘူး ..” *

ဒီနွေဦးမှာ
ပန်းငုဝါတွေက
ညိုမြသီချင်းကိုဆို

လျှပ်စစ်အသံလှိုင်းထံမှ
နှုတ်ခမ်းလက်ဆင့်စကားများ
မဏ္ဍပ်တကာနဲ့ ရေပက်ခံကားဘီးတွေအောက်မှာ
အစိမ်းလိုက်သေဆုံးနေဆဲ
ငယ်ပိတောက်တွေ …။

* မင်းသားကြီး ဦးမြတ်လေး မကွယ်လွန်မီ ပြောခဲ့သည့်စကား..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts