မျက်မှောက်ရေးရာ သတင်းပဒေသာ

လက်ကျန် ရွေးကောက်ပွဲ အောင်စာရင်း ကြေညာ၊ ကြံ့ဖွံ့ပါတီ ဘဲဥ ကွဲပြီ / by-election


မိုးမခအထောက်တော် အမှတ် ဝဝ၎
ဧပြီ ၃၊ ၂ဝ၁၂

 

မတ်လ ၂၈ ရက်နေ့က တွေ့ခဲ့ရသည့် ရန်ကုန်မြို့ ကြံ့ဖွံ့ ပါတီ မဲဆွယ်ပွဲ တစ်ခု (ဓာတ်ပုံ-getty images)


ရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် အရွေးခံရသူ အမည်စာရင်းကို ၂ ရက်ခွဲပြီး ကြေညာရာ ယမန်နေ့က ကနဦး ထွက်ပေါ်လာသော မဲဆန္ဒနယ်မြေ ၄၀ တွင် အနိုင်ရသူအားလုံးမှာ NLD ကိုယ်စားပြုသူများ ဖြစ်သည်။

ထို့ကြောင့် အာဏာရ နာမည်ကြီး ပါတီ ကြံ့ဖွံ့ ခေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ကအထိ ကြားဖြတ်ရွေးကောက်ပွဲတွင် ဘဲဥမကွဲသေးသော ပါတီကြီး ဖြစ်နေခဲ့သည်။

ယနေ့ လက်ကျန် ၅ နေရာတွင် မဲအများဆုံးရသူ အမည်စာရင်း ထွက်ပေါ်လာရာ NLD က ၃ နေရာ၊ ကျားဖြူပါတီက ၁ နေရာ၊ ကြံ့ဖွံ့ပါတီက ၁ နေရာ အသီးသီး အနိုင်ရရှိသွားကြသဖြင့် ကြံ့ဖွံ့ပါတီ ဘဲဥကွဲပြီဖြစ်သည်။

ကြံ့ဖွံ့ပါတီ အောင်ပွဲခံသွားသည့် စစ်ကိုင်း အမှတ် (၇) နယ်မြေတွင် NLD က ၀င်ရောက် အရွေးခံနိုင်ခြင်း မရှိခဲ့ပေ။

ကျွန်းစုမြို့နယ် – ဒေါ်တင်တင်ရီ (NLD)
မင်းကင်းမြို့နယ် – ဒေါ်ခင်မွှေးလွင် (NLD)
စစ်ကိုင်း အမှတ် (၃) – ဒေါက်တာမြင့်နိုင် (NLD)
စစ်ကိုင်း အမှတ် (၇) – ဦးတင်မြ (ကြံ့ဖွံ့)
ရှမ်း အမှတ် (၃) – ဦးစိုင်းစံမင်း (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) (ကျားဖြူပါတီ)

ရှမ်းပြည်နယ်ရှိ အမျိုးသား လွှတ်တော် အမှတ် (၃)တွင် ပါဝင်သည့် မြို့များမှာ လားရှိုး ၊ ကွန်းလုံ၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီတို့ ဖြစ်သည်။

YPI သတင်းဌာနတွင် ဖော်ပြထားသော အချက်အလက်များအရ ပါတီကြီး ၃ ခု ရရှိသည့် မဲများ အပြတ်အသတ် ကွာခြားခြင်း မရှိကြောင်း တွေ့ရသည်။

ကျားဖြူ – ၄၇၄၂၀ မဲ
ဒီချုပ် – ၄၅၇၂၂ မဲ
ကြံ့ဖွံ့ – ၄၅၇၁၁ မဲ
ကိုးကန့် -၆၄၉၀ မဲ
လားဟူ – ၁၁၆၅ မဲ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “လက်ကျန် ရွေးကောက်ပွဲ အောင်စာရင်း ကြေညာ၊ ကြံ့ဖွံ့ပါတီ ဘဲဥ ကွဲပြီ / by-election
  1. ဘဲဥက အက်ရုံတင် အက်သွားတာပါ၊ ကိုအေင်တောင်း ရဲ့ကျက်သရေမရှိတဲ့မျကနှာကတော…. ခွေးချီးထပ်မှန်သလိုတော့ဖြစ်ပြီး

  2. လူယောင်ဆောင်သေါသတ္တ၀ါကို ကြံ့ဖွတ်ဟုခေါ်သည်။လူစကားကဲ့သို့အော်တတ်ပြီးလူလိုမကျင့်နိုင်သောကြောင့်ကြံ့ဖြစ်ရပါသည်။တောတောင်ထဲတွင်ငတ်ပြတ်မွဲပြာကျခဲ့ရသောကြောင့်အကောင်းအဆိုးမခွဲနိုင်ပဲမြင်သမျှစားနေရသေါကြောင့်လျှာနှစ်ခွဖြင့်ဖွတ်ဖြစ်နေရပါသည်။

  3. While selecting candidates , why did NLD selection committee not thoroughly study rules and regulations for candidate?

    Why did they select politically flawed candidate? Every constituency should be precious for NLD , and for people as well.

    Why did NLD not substitute another candidate in time?

    Why would flawed candidate not have chosen to draw out by himself early and supported for another flawless candidate for sake of party and more importantly , for people?

    NLD should cooperate with other democratic parties especially with democratic ethnicity parties not to divide ballots in ethnicity parties strong-hold territories in 2015 election.

    (NLD+ is better than NLD alone in parliament).

    If NLD wins land-slide in 2015 election like this time , how to prevent another military coup ? Getting foreign help and pressure?

    May God bless Burma and NLD+….

  4. NLD careful kyank fut party because they army res: alought of general dirtybrain show army dirty mind .

Comments are closed.