ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ထွန်းလင်းတောက်ပလာတော့မည့် ခေါင်းဆောင်လေးများ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၁၊ ၂၀၁၂

လွန်ခဲ့သောတစ်လခန့်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျုံကူတိုက်ကျောင်းမှ ဦးဇင်း ဦးဆန္ဒာဓိကသည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ကြွရောက်လာပြီး ကျုံကူကျေးရွာရှိ ကလေးသူငယ်များ၏အနာဂတ်အတွက် ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက် နှင့်အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့နှင့် အကြံဉာဏ်၊ အကူအ ညီများ လာရောက်တောင်းခံဆွေးနွေးခဲ့ရာ ဦးကျော်သူမှ နယ်ခံ၊ ဒေသခံ ပရဟိတစိတ်ဓါတ်ဖြင့် ပညာဒါနပေးလိုသောဆရာ/မများရှိရန် အရေးကြီးကြောင်း၊ ပညာလိုလားသော ကလေးငယ်များရှိသော်ငြားလည်း သင်ကြားပြသမည့် ဆရာ/မများမရှိလျှင် ပညာရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ပညာသင်ကြားပေးမည့် ဆရာ/မများသည်လည်း ပရဟိတစိတ်ဓာတ်ထက်သန်သော ဆရာ/မများဖြစ်ရန် အရေးကြီး ကြောင်း ပြောကြားလျှောက်ထားခဲ့ရာ ဦးဇင်းဦးဆန္ဒာဓိကမှ ဘုန်းဘုန်းတို့ ဤကိစ္စအား မဖြစ်ဖြစ်အောင် စွမ်းဆောင်မည်ဖြစ်ကြောင်း ပြန် လည်ပြောကြားခဲ့သည်။

၃၁.၃.၂၀၁၂ ရက်(စနေနေ့) တွင် ဦးဇင်းဆန္ဒဓိက နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ရွှင်လန်းတက်ကြွစွာ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာ၊ ကျုံကူတိုက် ကျောင်းဆရာတော်ဘဒ္ဒန္တ၀ိစိတ္တသာရ (နယ်လှည့်ဓမ္မကထိက) ၏ သြ၀ါ ဒလမ်းညွှန်ပေးမှုနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အကြံပြုချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းကို ပြော ကြားကာ ကျုံကူကျေးရွာရှိပညာရေးချို့တဲ့နေသော ကလေးငယ်များအတွက် ပညာဒါနပြုလုပ်သင်ကြားပေးသော ဆရာ/မ (၅)ဦး နှင့် အင်္ဂလိပ်စာ သင်ကြားပေးသော သံဃာတော် (၁) ပါးနှင့် ပညာရေးကိစ္စရပ်အား အကောင်အထည်ဖော်သင်ကြားပေးနေကြောင်းကို ဓါတ်ပုံ များဖြင့် ပြသခဲ့သည်။ သူငယ်တန်းကျောင်းသား ဦးရေ (၃၀)၊ ပထမတန်း (၁၅) ဦး၊ ဒုတိယတန်း (၁၈) ဦး၊ တတိယတန်း (၁၈) ဦး၊ စတုတ္ထ တန်း (၁၀) ဦး စုစုပေါင်း ကျောင်းသားကလေးငယ်ပေါင်း (၉၁) ဦးနှင့် အင်္ဂလိပ်စာသင်ကြားတက်ရောက်နေသော ကျောင်းသားများမှာ ပထမ/ဒုတိယတန်း (၉၂) ဦး၊ တတိယ/စတုတ္ထတန်း (၉၇) ဦး၊ အလယ်တန်း (၆၀) ဦး၊ အထက်တန်း (၂၁) ဦး စုစုပေါင်း (၂၇၀) ဦးတို့သည် ပညာရေးကိုလိုလား၍ သင်ကြားနေကြသောကလေးငယ်များဖြစ်ကြသည်ကို သိရှိခဲ့ရသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အများပြည်သူတို့ကိကူညီဖေးမပေးနေရသော နာရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပါဝင်နေသော ပညာရေးထောက်ပံ့မှု၊ မြှင့်တင်မှုဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၊ ကျုံကူတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရ (နယ်လှည့်ဓမ္မကထိက) ၏သြ၀ါဒလမ်ညွှန်ပေးမှုဖြင့် တပည့်ဦးဆန္ဒာဓိက ဦးစီးဖွင့်လှစ်ပေးထားသော ပညာ ရေးချို့တဲ့သော ကလေးသူငယ်များအတွက် ဘုန်းတော်ကြီးသင်ပညာရေး ဘ/ပ ကျောင်းအတွက် ပညာသင်ကြား ရာတွင် အထောက်အပံ့ ဖြစ်စေ သည့် ဗလာစာအုပ် (၂၃)ဒါဇင် အုပ်ရေ (၂၇၆) ၊ ခဲတံ(၄၀၀)၊ 4 Skills အင်္ဂလိပ်စာအုပ်များကို ပထမအကြိမ်အဖြစ် လှူဒါန်းပေးခဲ့ပါသည်။ ထိုကဲ့သို့ ပညာရေးချို့တဲ့နေသော အနာဂတ် ခေါင်းဆောင်များဖြစ်လာကြမည့်ကလေးငယ်များအတွက် ထွန်းလင်းတောက်ပလာမည့် အနာဂတ် မြန်မာပြည်၏ ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာစေမည့် ပညာဒါနအဖြစ် လှူဒါန်းမှုပြုလုပ်လိုပါက ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာရှိ ကျုံကူတိုက်ကျောင်းသို့လည်းကောင်း၊ သွားလာရေး ခက်ခဲမှုရှိပါက နာရေးကူညီမှုအသင်းလ (ရန်ကုန်) အ မှတ် (၁၃/က) ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဆက်သွယ်ရန်ဖုန်း ၀၁-၅၈၀၁၃၃၊ ၀၁-၅၈၁၃၆၃ သို့ လာရောက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပညာဒါနအဖြစ် နှိုးဆော်လိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts