U Myint Hlaing – လှိုင်သာယာမြို့နယ် အင်န်အယ်ဒီဥက္ကဋ္ဌဟောင်း ဦးမြင့်လှိုင် အုန်းဖျံဒုက္ခသည်စခန်းတွင် ကွယ်လွန်

 လှိုင်သာယာမြို့နယ် အင်န်အယ်ဒီဥက္ကဋ္ဌဟောင်း ဦးမြင့်လှိုင် အုန်းဖျံဒုက္ခသည်စခန်းတွင် ကွယ်လွန်

မိုးမခရွာဆော်ကြီး၊ မတ် ၃၁၊ ၂၀၁၂

လှိုင်သာယာမြို့နယ် အင်န်အယ်ဒီပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးမြင့်လှိုင် (၇၆ နှစ်)သည် ယနေ့နေခင်း ၂ နာရီခန့်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျံဒုက္ခသည်စခန်းမှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ သမီးများဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မစန်းစန်းမော်၊ မအေးရီဌေး တို့က ဧပြီ ၆ ရက်မှာ ရက်လည်ဆွမ်းကပ်ကြမယ်လို့ ပြောပါတယ်။ ရုတ်တရက် ကြားသိရတဲ့သတင်းဖြစ်လို့ ရပ်နီးရပ်ဝေးက မိတ်ဆွေများကို မိုးမခရွာဆော်ကြီးကဏ္ဍကန တဆင့်အကြောင်းကြားလိုပါတယ်လို့ ဆိုပါတယ်။

ဦးမြင့်လှိုင်က အင်န်အယ်ဒီပါတီရဲ့ လှိုင်သာယာမြို့နယ် ဥက္ကဋ္ဌအဖြစ် ၁၉ ၉ ၈ က ၂၀၀၈ အထိ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်၊ ၂၀၀၈ နာဂစ်အရေးကိစ္စတွေမှာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထပ်မံဖမ်းဆီးရန် လုပ်ဆောင်လာသဖြင့် ၂၀၀၈ နောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်လာခဲ့တယ်လို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “U Myint Hlaing – လှိုင်သာယာမြို့နယ် အင်န်အယ်ဒီဥက္ကဋ္ဌဟောင်း ဦးမြင့်လှိုင် အုန်းဖျံဒုက္ခသည်စခန်းတွင် ကွယ်လွန်
  1. OUR CONDOLENCES to the family! U Myint Hlaing will be rest in peace…..Terribly sad they passed away before seeing ‘Democracy’ in Burma for which they sacrificed all of their life…..

Comments are closed.