ဓာတ်ပုံသတင်း

U Wiratu – မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဦးဝီရသူ၏ ရန်ကုန်မြို့ မတ်လ နောက်ဆုံးပတ် တရားဟောခရီးစဉ်

မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဦးဝီရသူ၏ ရန်ကုန်မြို့ မတ်လ နောက်ဆုံးပတ် တရားဟောခရီးစဉ်
မိုးမခဓာတ်ပုံသတင်း၊ မတ် ၃၁၊ ၂၀၁၂

ရန်ကုန်မြို့တော်မှ မှော်ဘီသို့ ပြောင်းရွှေ့သီတင်းသုံးနေသော ရွှေည၀ါဆရာတော်ကြီးကို သွားရောက် ဖူးမြော်ခဲ့စဉ်။
တောင်ဥက္ကလာမြို့၊ ငွေကြာရံ ပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော်ကြီး၊ ဘဒ္ဒန္တရေ၀တမထေရ် သက်တော် ၇၉  နှစ် အား ဖူးမြော်ကြည်ညိုစဉ်၊ ငွေကြာရံကျောင်းတိုက်မှ အကျဉ်းထောင်များက ပြန်လွတ်လာသော ရဟန်းတော်များနှင့် ငွေကြာရံဆရာတော်ကြီးတို့၏ ရင်ဖွင့်တရား၊ ရင်ဖွင့်စကား နာကြားနေစဉ်။
ဝဲမှ ယာ – အရှင်နန္ဒ၊ ၂၈နှစ်၊ ၈ ၀ါ၊ ရွှေဝါရောင်၊ ပုသိမ်ထောင်။ အရှင်ဝိလာသဂ္ဂ၊ ၂၈ နှစ်၊ ၈ ၀ါ၊ ရွှေဝါရောင်၊ မုံရွာထောင်။  အရှင်ဇာနေယျ၊ ၄၈ နှစ်၊ ၂၈ ၀ါ၊ ရွှေဝါရောင်၊ သံတွဲထောင် ။ အရှင်ဃောသိတ၊ ၆၂ နှစ်၊ ၄၂ ၀ါ၊ ရွှေဝါရောင်၊ တောင်ငူဆောင်။
ငွေကြာရံတိုက်အုပ်ဆရာတော် ဦးဥတ္တမအား ဂါရ၀ပြု နှုတ်ဆက်နေစဉ်၊ ဆရာတော်ကလည်း ၀မ်းသာအားရပြန်လည် နှုတ်ဆက်နေပုံ
မတ် ၂၉ ၊ ၂၀၁၂၊ သင်ကန်းကျွန်းမြို့၊ ၅ ကျမ်းပြန် သာသနရိပ်သာတွင် သင်တန်းသူ သင်တန်းသားလေးများအား မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေး ဟိရိသြတ္တပ္ဗတရား ချီးမြှင့်နေစဉ်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့အဖွဲ့ လာရောက် ဂါရ၀ပြုနေစဉ် (မင်းကိုနိုင်၊ ဋ္ဌေးကြွယ်၊ မီးမီး တို့နှင့်)
မတ် ၂၉၊ ၂၀၁၂ လှိုင်မြို့နယ်၊ ဇေယျမင်္ဂလာကျောင်းတိုက်၊ ကာယကံမေတ္တာအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က ကျင်းပသော ဓမ္မပူဇာ အထူးတရားပွဲ ဓမ္မသဘင်တွင် မာရ်နတ်မင်း၏ စစ်သည်တော် ၁၀ပါး တရားဟောကြားစဉ်
“အာရုံငါးဖြာ ခံစားကာ ရုန်းမထွက်လိုပါ

မာရ်နတ်ရှေ့မောက် ဒူးလည်းထောက် လက်မြှောက်အညံ့ခံတာ

နိုင်ငံ့အရေးမှာ သွေးမပါ မပျော်မမွေ့ပါ

တဖြာသူလည်း တူတူပဲ လက်မြှောက်အညံ့ခံမြဲ

သေမှာကြောက်သည် ထောင်ကြောက်သည် ကြောက်စိတ်တွေ ပွေလီ

တမည်သူလည်း တူတူပဲ လက်မြှောက်အညံ့ခံမြဲ။        ။”

(ဦးဝီရသူသည် ရွှေဝါရောင်အရေးတော်ပုံ မတိုင်မီကတည်းက စစ်အစိုးရ၏ မတရားဖမ်းဆီး ထောင်ချခြင်း ခံရသော မစိုးရိမ်ကျောင်း တိုက်သစ်က ဓမ္မစရိယဆရာတော်တပါးဖြစ်သည်။ ကြံ့ဖွံ့အစိုးရလက်ထက်တွင်မှ လွတ်မြောက်လာသူ ဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “U Wiratu – မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဦးဝီရသူ၏ ရန်ကုန်မြို့ မတ်လ နောက်ဆုံးပတ် တရားဟောခရီးစဉ်
  1. မင်းကိုနိုင် တို.နဲ.အတူ ဆ၇ာတော် ဦးဝီ၇သူ အရှင်သူမြတ်အား ဂါ၇၀ ပြုအပ်ပါသည်။ သာသနာတော် အကျိုး အများအကျိုးရွက်ဆောင်နိုင်ပါစေ။

Comments are closed.